Thursday, February 5, 2015

ဒီမိုကရေစီ ငရဲစခန်းသို့ ဖြတ်သန်းခဲ့သူ

(Kachin Waves)
မေရီ။

ဒေါသထွက်နေသည့် စစ်ဘက်ဆိုင်ရာလုံခြုံရေး အရာရှိများက လူတစ်ယောက်ကို လက်ဝှေ့ လေ့ကျင့်ရေးရုံထဲမှ သဲအတ် တစ်အိတ်လိုသဘော ထားပြီးသူတို့ စိတ်ကြိုက်ထိုး လိုက်ကန်လိုက်လုပ်ကြသည်။

အနီးနား မှာတော့ နံပါတ်တုတ် ကိုယ်စီကိုင်ထားသည့် အာဏာပါးကွက်သားများ လည်းရပ်ကြည့်နေသည်။

နံရံထက်မှာတော့ တစ် ချက်ထိလိုက်တိုင်း ငရဲရောက်သလိုခံစား သွားရမည့်လျှပ်စစ်ကျင်စက်များ။

ဒါဟာ နာဇီတွေရဲ့ အကျဥ်းစခန်းလဲမဟုတ်ပါဘူး။
 
ဒုတိယကမ္ဘာစစ်အတွင်းကကျော်ကြားလှတဲ့ ဖက်စစ်ဂျပန်တွေ ရဲ့ အကျဉ်းစခန်းလဲမဟုတ်ဘူး။ 
အကျဉ်းသားတွေကိုရက်ရက်စက်စက်နှိပ်ကွပ်လေ့ရှိတဲ့ မြောက်ကိုရီးယားတွေရဲ့  အကျဉ်းစခန်းလည်းမဟုတ်ပါဘူး။
ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးသမား အဖြစ် မကြာခဏကြွေးကြော် ၊ ညွှန်းဆိုခံရသည့်သမ္မတဦးသိန်းစိန် လက်အောက်ခံတပ်များ၏အကျဉ်းစခန်းတစ်ခုပင်ဖြစ်သည်။

မြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှလူမသိသူမသိ သာမန် အရပ်သားတစ်ယောက်ဖြစ်သူ ဦးဘရန်ရှောင်သည် မြန်မာအစိုးရ အာဏာပိုင်များ၏အဆိုပါ အကျဉ်းစခန်းထဲတွင်ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ရသည်။

အရပ်ရှစ်မျက်နှာမှလာသည့်လက်သီးချက်များကြောင့်သူ့ရင်ဘတ်တစ်ခုလုံးကြေမွသွားသလိုခံစားနေရသည်။ နာကျင်မှုဒဏ်များကြားမှအားတင်းရင်းမျက်လုံးဖွင့်ကြည့်လိုက်သောအခါသူ့ ထံသို့ တန်းတန်းမတ်မတ် ၀င်လာသည့်စစ်ဖိနပ်တစ်ခုကိုမြင်လိုက်ရသည်။

ထိုစစ်ဖိနပ်ကန်ချက်သည်ကိုးရက်ကြာမေ့မျောမသွားခင် သူနောက်ဆုံးမှတ်မိသည့်ကန်ချက်တစ်ခုလည်းဖြစ် သည်။၂၀၁၂ဇွန်လ၉ရက်နေ့ တွင်စစ်ကြောရေးစခန်းထဲရောက်ခဲ့သည့် ဦးဘရန်ရှောင်သည်နှိပ်စက်မှုများကြောင့် တစ်ရက်တာမေ့မျောသွားခဲ့သည့်သူ၏အတွေ့ အကြုံကိုပြန်လည်ပြောပြခဲ့ခြင်းဖြစ်သည်။

ပြန်လည်သတိရလာသောအခါနာကျင်ကိုက်ခဲမှုဒဏ်များက ရင်နှင့်မဆန့်အောင်ပင်သူခံစားနေရဆဲ။ ကိုးရက်ကြာလူ့ လောကနှင့်အဆက်ပြတ်သွားခဲ့ရာမှသူပြန်လည်သတိရလာတော့ မိတ်ဆွေဟောင်းကြီးများက စောင့်ကြိုနေ ဆဲ။

ထိုအချိန်သူ၏ဘေးတွင်မိုးပြာရောင်အင်္ကျီကိုဝတ်ဆင်ထားသူ၆ယောက်လောက်ကသူ့ကိုဝိုင်းရံထားလေသည်။သူတို့သည်တုတ်၊ကျင်စက်များကိုကိုယ်စီကိုင်ဆောင်ထားကြပြီးမလွယ်ကူလှသောမေးခွန်းကိုမေးကာသူ့ကိုခြိမ်းခြောက်နေကြသည်။

အခန်း၏အပြင်ဘက်တွင်သူတို့လိုလူ၎ယောက်လောက်ကစောင့်ကြည့်နေကြသည်။ဟုတ်သည်ဖြစ်စေ၊မဟုတ်သည်ဖြစ်စေသူတို့လိုချင်သောအဖြေကိုပေးမှကျေနပ်မည့်မျက်နှာထား။သူတို့၏၀ိုင်းဝန်းထိုးကြိတ်မှုကြောင့်နာ ကျင်ကိုက်ခဲမှုဒဏ်ကတစ်ဖက်၊သူတို့မေးသည့်မေးခွန်းကိုမဖြေလျှင်သည်ထက်မကပို၍နာကျင်ရမည်ကိုတွေးကာကြောက်နေရသေးသည်။

နောက်ဆုံးသူတို့မေးတာမဖြေလျှင်အသက်အန္တရယ်ထိပင်ခြောက်လှန့်လာသည်။သူလည်းသွေးသားဖြင့်တည်ဆောက်ထားသောလူသားတစ်ယောက်ဖြစ်သောကြောင့်သူတို့၏ခြိမ်းခြောက်မှုကိုမခံနိုင်၍သူမဟုတ်ပေမဲ့ပြော ရန်စဉ်းစားရတော့သည်။သူ့မှာဇနီးနှင့်သားနှစ်ယောက်၊သမီးတစ်ယောက်အတွက်လည်းတွေးရသေးသည်။

အကယ်၍သူမပြောလျှင်အသက်ကြာကြာရှင်နိုင်မည်မထင်တော့။မိသားစုနှင့်ဝေးရမှာကိုသူမလိုလား။သူ့လိုစစ်ပြေး ဒုက္ခသည်တစ်ယောက်ကတစ်ကယ်လို့သူတို့သတ်လို့သေသွားခဲ့ရင်တောင်ဘယ်သူမှသိလိုက်မည်မဟုတ်ပါ။

သူတို့နေထိုင်သော ကျေးရွာတွင် စစ်ဖြစ်ကာနေစရာမရှိသောကြောင့် လုံခြုံမှုရရှိမည်ဟု ယူဆသည့် မြို့ဘက်သို့ အားကိုးတကြီး ပြေးလာခဲ့သော သူတို့မိသားစုသည် မြို့ပေါ်ရောက်မှ သူတို့၏ လုံခြုံရေး အခြေအနေက ပိုဆိုးသွားသည်။

သူသည်စာမတတ်ပေမတတ်သူတစ်ယောက်ဖြစ်သော ကြောင့် သူတို့ရဲ့ထင်မြင်ယူဆချက်ဟာ တစ်ကယ်ကိုတစ်ခုခုလွဲချော်နေမှန်းသိ၍ “ဗိုလ်ကြီးတို့မေးတာ ကျွန်တော် တစ်ခုမှနားမလည်ဘူး၊ တစ်ခုခုတော့လွဲနေပြီထင်တယ်” ဆိုပြီးအဖြစ်မှန်ကိုပြောပြသော်လည်း ရိုက်နှက်မှုသာပို၍ပို၍ခံရသည်။

အမှတ်(၁)ရဲစခန်း(ပ)၁၂၂∕၂၀၁၂ပေါက်ကွဲမှု(၃)အမှုနှင့်ဆက်စပ်၍မေးမြန်းနိုင်ရန်အတွက်(ရယက)သက်သေ များနှင့်အတူဂျန်မိုင်ကောင့်နှစ်ခြင်းဘုရားကျောင်းဒုက္ခသည်စခန်းမှဦးလထော်ဘရန်ရှောင်အားစစ်ဆေးနိုင်ရန်အတွက်(စရဖ)သို့ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းဒုရဲအုပ်ကျော်မျိုးနိုင်ကရေးသားခဲ့သည်။
ပေါက်ကွဲမှုတွင်မသကာင်္မှုဖြင့်ဦးလထော်ဘရန်ရှောင်အားဖမ်းဆီးသွားခြင်းဖြစ်သည်။(စရဖ)ရုံးသို့ရောက်သောအခါတွင်သူနှင့်နာမည်တူဘရန်ရှောင်(၃)ယောက်ကိုလည်းတွေ့ရသည်။သူနှင့်ဆိုလျှင်(၄)ယောက်ဖြစ်သည်။ထို အချိန်တွင်ဘရန်ရှောင်များထဲမှတစ်ယောက်ကတော့နှိပ်စက်မှုဒဏ်ကိုမခံနိုင်သောကြောင့်သေဆုံးသွားသည်။

မတရားအသင်း နှင့် ဆက်သွယ်မှု (၁၇∕၁)ပုဒ်မဖြင့် ဖမ်းဆီး ခံထားရသူစုစုပေါင်း(၉၀)ခန့်ရှိကြောင်း မစ္စတာကင်တာနားသို့ပေးပို့သော ကချင်ပြည်နယ် လူထုအခြေပြုအဖွဲ့ အစည်းများ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

ထိုသူများထဲတွင်ဦးလထော်ဘရန်ရှောင်လည်း တစ်ယောက် အပါအ၀င်ဖြစ်သည်။

ပြစ်မှုကျုးလွန်သူကိုသေချာမသိပဲသူတို့မသကာင်္သူအားလုံးကိုဖမ်းဆီးခြင်းဖြစ်သည်။ခေါ်ယူပြီးနှိပ်စက်သည်၊ခြိမ်းခြောက်သည်။ “သူတို့ကလက်မလောက်ရှိတဲ့ကျောက်ခဲလုံးကိုကိုက်ပြီးတော့မျိုချခိုင်းတယ်”ဟူ၍သူ၏လက်မကိုထောင်ပြကာ ဖြစ်ခဲ့တာတွင်ကိုမမေ့နိုင်သလို အလွန်ကြေကွဲသောလေသံဖြင့်လထော်ဘရန်ရှောင်ကပြောသည်။

သူ့ကို ပေါက်ကွဲမှုနှင့်ပတ်သက်၍မေးမြန်းစရာရှိတယ်ဆိုပြီးခေါ်သွားကာ(စရဖ)ရုံးသို့ရောက်သောအခါ၁၇(၁)ပုဒ်မဖြင့်တစ်ဖန်ပြန်ပြီးဖမ်းဆီးလိုက်ကြသည်။

“နင်တို့ကချင်တွင်အားလုံးက(KIA)ပဲ ̋ ဆိုပြီးအော်ဟစ်ကာပြောသည်။ ထိုနောက်သူ့  ကို(KIA) တစ်ပွင့်ဗိုလ်ဖြစ်သည်ဟုပြောပြီးဝန်ခံခိုင်းသည်။

ဖမ်းဆီးခံရသူများအနက်အချို့သည်ရာဇ၀တ်မှုပုဒ်မများဖြင့်ထပ်မံတရားရင်ဆိုင်ရခြင်း၊စစ်ကြောရေးကာလများတွင်ပြင်းထန်သည့်စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုများကြုံတွေ့ရခြင်းများလည်းရှိကြောင်းရှေ့နေဦးဂျီမာခါးက7day ဂျာနယ်တွင်ပြောထားသည်။

သူ့လို(၄)တန်းထိပဲတတ်ခဲ့သူကဘယ်လိုမှ(KIA)ဗိုလ်မဖြစ်နိုင်ပေမဲ့ဝန်ခံခိုင်းသည်မှာသူ့အတွက်အင်မတန်မှခက်ခဲလွန်းသည်။

“နင်(KIA)ဗိုလ်မဟုတ်လားဖြေစမ်း”ဟုသူတို့ကဘရန်ရှောင်၏ခေါင်းကိုလူရိုက်တုတ်ဖြင့် ထောက် ရင်းမေးသည်။ မဟုတ်ဘူးပြောလျှင် “ဖြန်း..ဖြန်း” ရိုက်ခံရပြန်သည်။သူဝန်မခံသရွေ့ နှိပ်စက်ကြသည်။

သူက “ ဒီပေါင်မှာလည်းဓားနဲ့လှီးပေးတယ်” ဆိုပြီးသူ၏ပေါင်ကိုလက်ဖြင့်ညွန်ပြရင်းအလွန်စိတ်မကောင်း ဟန်ဖြင့်ပြောသည်။ထိုသို့နှိပ်စက်ခံရသူများသည်ငရဲခံရသလိုမျိုးပင်ခံစားနေကြသည်။(၁၇∕၁)မတရားအသင်း များအက်ဥပဒေဆိုသည်မှာ ကိုလိုနီခေတ်အင်္ဂလိပ်အစိုးရလက်ထက်(၁၉၀၈)ကတည်းကပြဋ္ဌာန်းထားသည့် ဥပဒေတစ်ခုဖြစ်သည်။ထိုနှစ်မှစတင်ပြီးအစိုးရအဆက်ဆက်၁၇(၁)မတရားအသင်းများ အက်ဥပဒေကို အသုံးပြုပြီး 
သာမန် ပြည်သူများကိုအရေးယူခဲ့သည်မှာနှစ်ပေါင်း(၁၀၀)ကျော်ခဲ့ပြီဖြစ်သည်။

̏ အာဏာရှိတဲ့သူတွေ၊ လုပ်ပိုင်ခွင့်ရှိတဲ့သူတွင် ဒီပုဒ်မအပေါ်မှာရောက်နေကြသလိုတောင်ဖြစ်နေပြီ။အထူးသဖြင့် မငြိမ်းချမ်းတဲ့အရပ်ဒေသမှာရှိတဲ့ပြည်သူလူထုတွေက ဒီပုဒ်မရဲ့ပစ်မှတ်ဖြစ်နေသလားပေါ့” ဟူ၍ရခိုင်အမျိုးသားပါတီမှ ဒုတိယခေါင်းဆောင်ဒေါက်တာအေးမောင်က 7day ဂျာနယ်တွင်ပြောထားသည်။

လထော်ဘရန်ရှောင်၏ဇနီးက “ကျွန်မအချုပ်မှာသွားကြည့်တော့မျက်နှာတစ်ခုလုံးဖုရောင်နေပြီးပါး တစ်ဖက် ဆီမှာဓားကို မီးကင်ပြီး ကပ်ပေးထားတဲ့ဒဏ်ရာနဲ့” 
ဟုစိတ်မကောင်းစွာလက်ဟန်ဖြင့် ပေါင်တွင်ဓားဖြင့်လှီးထား ပေးသောအရာ၊ ခြေသလုံးအရေခွံကွာထားပေးကာ ချက်တွင်မီးဖြင့်ကင်ထားပေးသော ဒဏ်ရာများ ကိုမြင်ရသူတိုင်း စိတ်မကောင်းဖြစ်ရသည်။

သူသည်နေ့စားအလုပ်ကိုလုပ်ကိုင်ရင်းမိသားစုကိုစောင့်ရှောက်နေသူတစ်ယောက်လည်းဖြစ်သည်။ ဗမာစကားတောင်ကောင်းကောင်းမပြောတတ်သူတစ်ယောက်လည်းဖြစ်သည်။

ငယ်စဉ်ကတည်းကမိဘများဆုံးပါးသွားပြီး သူ့အဒေါ်နှင့်သာအတူကြီးပြင်းခဲ့သည်။ အရက်သေစာ အသောက်အစားကင်းရှင်းသူ တစ်ယောက် လည်းဖြစ်သည်။

သူတို့၏နှိပ်စက်မှုကိုမခံနိုင်သည့်အဆုံးတွင်(KIA)ဗိုလ်ဖြစ်တယ်ပြောလိုက်သည်။ ထို့နောက်တွင် ကိုယ်ပိုင် နံပါတ်ကိုထပ်မေးတော့သည်။ သူတော်တော်စိတ်ညစ်သွားသည်။ ဘာပြောရမှန်းမသိအောင် ပင်ဖြစ်သွားကာ ငိုင်နေစဉ်တွင် ရိုက်ခံရပြန်သည်။ သူတို့က(၁)လား(၈)လား(၅)လားဟူမေးသောအခါသူ စဉ်းစားလို့ရသွားကာ (၁၈၅)ဆိုပြီးဖြေလိုက်သည်။သို့သော်သူတို့က(၁)ပိုသွားပြီဟုဆိုပြီ “ဖြန်း..ဖြန်း..ဖြန်း”ထပ်ရိုက်လိုက်ပြန် သည်မှာ မေ့မျောသွားမတတ်ခံစားလိုက်ရသည်။

သို့သော်သူ့ကိုဖမ်းဆီးသွားပြီးတစ်နှစ်ပြည့်သောအချိန်၌တရားရုံးတွင်ဦးဘရန်ရှောင်အားဖြောင့်ချက်ပေးရန်မေး မြန်းစစ်ဆေးရာတွင်မျက်နှာနှင့်ခန္ဓာကိုယ်အစိတ်အပိုင်းများတွင်ဒဏ်ရာအနာတရများကိုတွေ့ရှိရပြီးတရားသူကြီးကမသင်္ကင်္ာသောကြောင့် သူ၏အင်္ကျီကိုချွတ်ခိုင်းလိုက်စဉ်တွင် ချက်ပေါ်၌ အသံဖမ်းစက်(recorder)အဖြူအား တိပ်နှင့်တအပ်ဆင်ထားသည်ကိုတရားသူကြီးတွေ့သောအခါစစ်ဆေးမေးမြန်းမှုကိုချက်ချင်းရပ်ဆိုင်းလိုက်သည်။

̏ဒဏ်ရာတွေတွေ့လို့ဖြောင့်ချက်ရုတ်သိမ်းလိုက်တယ်။ဖြောင့်ချက်ပေးတဲ့အခါအသံဖမ်းစက်တပ်ဆင်ပေးလိုက် တယ်ဆိုတာခြိမ်းခြောက်တာနဲ့အတူတူပဲ။ဖြောင့်ချက်ပေးတဲ့အချိန်မှာကမခြိမ်းခြောက်ရဘူး။အဲလိုမျိုး ခြိမ်းခြောက်တာဟာဥပဒေနဲ့မညီဘူး ̋ ဟုရှေ့နေဦးမာခါးကပြောသည်။

ထိုတရားသူကြီးအားသက်သေအဖြစ်စစ်ဆေးရန်တင်ထားသောလျှောက်လွဲချက်အားမြစ်ကြီးနားမြို့နယ်တရား ရုံးမှပယ်ဖျက်ပေးခဲ့သည်ဟုရှေ့နေဦးမာခါးကပြောသည်။၂၀၁၂ဇူလိုင်၆ရက်နေ့တွင်လည်းအပြစ်မဲ့ဖမ်းဆီးခံထားရသောဦးလထော်ဘရန်ရှောင်အားအမြန်ဆုံးလွတ်ပေးရန်လူဦးရေတစ်ထောင်ဝန်းကျင်ရှိသောမြစ်ကြီးနားဒေသခံများသည် စိတ်တူကိုယ်တူဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တစ်နှစ်ပြည့်သောအချိန် တွင်ဘရန်ရှောင် ထောင်မှ ထွက်ခွင့်ရလေသည်။

သူဘာကြောင့်ထောင်ကျတာကိုသူမသိ။ ဘာကြောင့်နှိပ်စက်ခံရတာကိုလဲမသိ။ သူ့ ကိုနှိပ်စက်ခဲ့သည့် အစိုးရအရာရှိများ၏ခေါင်းဆောင်ဦးသိန်းစိန်ကိုလဲသူမသိ။ ပြန်လည်လွတ်မြောက်လာချိန်တွင်သူသိ သည်ကတော့ အတွင်းဒဏ်ရာများကြောင့် ဘာတစ်ခုမှ လုပ်ကိုင် စားသောက်လို့မရ တော့သည်ကိုသာ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။