Wednesday, February 4, 2015

မော်ဟန်ကျေးရွာ ဒေသခံများအား အစိုးရတပ်မှ ဖမ်းဆီးခေါ်ဆောင်

(Kachin Waves)

-ရှမ်းပြည်မြှောက်ပိုင်း မော်ဟန်ကျေးရွာဒေသခံ(၁၀)ဦးခန့်အား အစိုးရတပ် ခလရ(၂၄၁)မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိပါသည်။

-၂၀၁၅ဇန်န၀ါရီလ (၃)ရက်နေ့ နေ့လည်ပိုင်းတွင် မော်ဟန်ကျေးရွာအနီးတွင် အစိုးရတပ်နှင့်ကေအိုင်အေ တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်မှထိုဒေသခံများအား တစ်နေရာတွင်စုစည်းကာ မေးမြန်းတွေ့ရှိခဲ့ကြောင်းသိရသည်။

-ထိုသို့စစ်ဆေးမေးမြန်းပြီးနောက် ဒေသခံ(၁၀)ယောက်ခန့်အား ကွတ်ခိုင်ဗျူဟာသို့ အစိုးရတပ်မှ ဖမ်းဆီးခေါ် ဆောင်သွားကြောင်းသိရသည်။

-ဖမ်းဆီးခေါ်ဆောင်သွားခံရသူ နစ်ဦး၏အမည်မှာ ဦးမခေါ်ယောင် နင့် ဦးဂမ်ခေါင်တို့နစ်ဦးဖြစ်ပြီး အခြားသူများ၏ အမည်များကို မသိရသေးကြောင်းဒေသခံများမှ ဆိုသည်။

-ဖမ်းဆီးခံခဲ့ရသည့် ဦးဒါရှီလဆိုင်း၊ ကိုမုန်ရေတို့နစ်ဦးမှာ တပ်မှနှိပ်စက်ပြီး ဒဏ်ရာများနင့်အတူ ယခုအချိန်တွင်မော်ဟန် ကျေးရွာသို့ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။

-ယခုအချိန်ထိ ခလရ(၂၄၁)သည် မော်ဟန်ကျေးရွာတွင် ရှိနေကြောင်းသိရသည်။

-ယခုအချိန်တွင်ရှမ်းပြည်မြှောက်ပိုင်းတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။