Monday, February 23, 2015

လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း (၁၉)ခုပါသည့် စာအုပ်ထုတ်ဝေ

(Kachin Waves)

ကချင်ပြည်နယ်အတွင်းမှ လူအခွင့်အရေးချိုးဖောက်မှုဆိုင်ရာ မှတ်တမ်း (၁၉) ခုပါရှိသည့် အစီရင်ခံစာ မှတ်တမ်းစားအုပ်အား ၂၀၁၅ ဇန်ဇ၀ါရီလ ၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ နှင့် မီဒီယာများကို ရှင်းလင်း မိတ်ဆက်ပေးခဲ့ပြီး ထိုစာအုပ်ထဲတွင် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်ကို ချိုးဖောက်နှင့် သတ်ဖြတ်ခြင်းတို့အများဆုံးဖြစ်ကြောင်း ပါရှိသည်။

ထိုစာအုပ်အား ကချင်ပြည်နယ်ဒေသခံလူမှုအဖွဲ့အစည်းဖြစ်သည့် sha-it မှ ၂၀၁၃ နှင့် ၂၀၁၄ ခုနှစ်အတွင်း ကချင်ပြည်နယ်ရှိ မြစ်ကြီးနား၊ ဆော့လော၊ ချီဖွေ၊ မိုးကောင်း၊ မန်စီ၊ မန်တုန်မြို့နယ်စသည့်ဒေသများမှ လက်လမ်းမှီသည့် လူအခွင့်အရေးချို့ဖောက်မှု သတင်းအချက်အလက်များအား ကွင်းဆင်းလေ့လာပြီး စာအုပ်ထုတ်ဝေထားခြင်းဖြစ်သည်။


“ ကချင်ပြည်နယ်မှာက လူ့အခွင့်ချိုးဖောက် အများကြီးရှိနေဆဲပါ။ ဒီစာအုပ်က ကျွန်တော်တို့ကြားတဲ့ လက်လမ်းမှီသလောက်ပဲ ကောက်ထားတာပါ။ ကျွန်တော်တို့ သတင်းတွေကြားပြီး သတင်းအချက်အလက် မကောက်နိုင်တာ အများကြီးရှိနေသေးတယ်။”ဟု sha-it အဖွဲ့မှ သတင်းအချက်အလက် ကောက်ယူပြီး စာအုပ်ထုတ်ဝေသူ ဦးခဆန်လွင်မှဆိုသည်။

ယခုအစီရင်ခံစာ စာအုပ်မှ လူ့အခွင့်အရေးချို့ခံရသူအချို့ ဒုက္ခသည်စခန်းတွင်နေထိုင်နေသည့် ဒုက္ခသည်များဖြစ်ကြောင်းလည်း ဦးခဆန်လွင်မှဆိုသည်။

ယခုလူ့အခွင့်အရေး ချို့ဖောက်ခံရမှု (၁၉)ခုစလုံးသည် အစိုးရ တပ်မတော် မှ ချိုးဖောက်မှုများသာဖြစ်ပြီး ကေအိုင်အေလက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနိုင်သော်လည်း မှတ်တမ်းကောက်ယူ နိုင်ခြင်းမရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။