Saturday, February 21, 2015

ပူတာအိုတပ်ရင်းမှ ဆွမ်ပရီယန်ကျေးရွာဒေသခံများအား သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

(Kachin Waves)

ပူတာအိုခရိုင်အတွင်းရှိ ဆွမ်ပရီယန်ဒေသခံများ၏ အိမ်များအား ခလရ (၄၆) တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း သေနတ်များဖြင့် ပစ်ခတ်ပေးခြင်းသာမကဒေသခံများကိုလည်း ခြိမ်းခြောက်စစ်ဆေးမှုများလည်း ရှိသည့်အတွက် ဒေသခံများ ကြောက်ရွှံ့နေကြပြီး စိတ်မလုံခြုံ သလိုခံစားနေရကြောင်း ဒေသခံများမှဆိုသည်။

“ဒီတစ်ခေါက်က ဘာမှမလုပ်ဘူး။ နောက်တစ်ခေါက်ထပ်လာရင်တော့ ရွာမီးရှုမယ်။ ရွာသားတွေအကုန်လည်းကို သတ်လိုက်မယ်။ ” ဟု ပူတာအိုဒေသခံတပ်ရင်း ခလရ (၄၆) မှတပ်သားများမှ ဆိုကြောင်း ဆွမ်ပရီယန်ဒေသခံများမှဆိုသည်။


ထိုဆွမ်ပရီယန်ကျေးရွာအနီးရှိ အင်ဇီယန်ကျေးရွာတွင် လွန်ခဲ့သည့် ၂၀၁၅ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၈ ရက်အထိ အစိုးရနှင့် ကေအိုင်အေ တို့မှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားပြီး နောက်တွင် ခလရ (၄၆)မှ ဒေသခံများအား ရွာတွင်စုထားကာ ခြိမ်းခြောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းဆိုသည်။

ဒေသခံများ ကိုယ်ထိလက်ရောက် နှိမ့်စက်မှုများမရှိသော်လည်း ပစ္စည်းများ နှင့် ပိုက်ဆံအချို့ကိုမှု ယူဆောင်သွားကြောင်းလည်းသိရသည်။

“နောက်တစ်ခေါက်လာရင် အကုန်လုံးလည်းသတ်မယ်။ ရွာလည်းမီးရှုပေးမယ်ဆိုတော့ ။ ကျွန်တော်တို့လည်း ဘယ်အချိန်လာပြီး လာသတ်သွားမလဲဆိုပြီး အရမ်းကြောက်နေကြတယ်။” ဟု
ဆွမ်ပရီယန်ဒေသခံတစ်ဦးမှဆိုသည်။

ထိုမျှမက ထိုတပ်ရင်း (၄၆)သည် ဆွမ်ပရီယန်မှအပြန် လုံရှာယန်ကျေးရွာတွင်လည်း ကျေးရွာလူကြီးများအား ခေါ်ယူပြီး စစ်ဆေး မေးမြန် ခြိမ်းခြောက်မှုများရှိခဲ့ကြောင်းလည်းသိရသည်။

၂၀၁၅ ဇန်န၀ါရီလအတွင်းတွင်လည်း အင်ခါးဂါးကျေးရွာအနီးတွင် အစိုးရနှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် အင်ခါဂါးဒေသခံများနှင့်မပြုံးဒေသခံများ ပူတာအိုသို့ ပြောင်းရွှေ့သွားကြသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။