Sunday, February 22, 2015

အစိုးရတပ်စခန်း တခု တိုင်းရင်းသားတပ်ပေါင်းစုမှ သိမ်းပိုက်

(Lachid Kachin)

ကိုးကန့် ဒေသတွင် မြန်မာ စစ်တပ် နှင့် တိုင်းရင်းသား တပ်ပေါင်းစုတပ်ဖွဲ့ တို့
အကြားတိုက်ပွဲ များ နေ့စဉ်ဖြစ်ပွားလျှက်ရှိရာ (၂၁.၂.၂၀၁၅)ရက်နေ့ တွင်
တိုင်းရင်းသား တပ်ပေါင်းစုတပ်များမှ ကုန်းကြမ်းအနီးရှိ မြန်မာစစ်တပ်စခန်း
တခုအား ထပ်မံ သိမ်းပိုက် နိုင်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

(၂၁.၂.၂၀၁၅) ရက်နေ့ နံနက် (၆း၀၀)အချိန်ခန့် မှ စတင်ကာ လောက်ကိုင်မြို့
၏ အထက်ဘက်၊ ကုန်းကြမ်း အနီးရှိ မြန်မာ စစ်တပ် တပ်မ (၃၃)၊ (ခ.မ.ရ-၁၂၅)
တို့ ၏ လက်နက်ကြီး၊(အမြောက်တပ်)များထိုင်ရာ တောင်ကုန်း စခန်း တခု
အနီးတွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားရာ မြန်မာ စစ်တပ် ၏၄င်း လက်နက်ကြီး
စခန်းအား တိုင်းရင်းသားတပ်ပေါင်းစု များမှ (၂၁.၂.၂၀၁၅) ရက်နေ့ နေ့လည်
(၁၁း၀၀)အချိန် တွင် သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။


တိုင်းရင်းသားတပ်ပေါင်းစုများ သည် ၄င်းတပ်မ(၃၃)၏ လက်နက်ကြီး စခန်းမှ
လက်နက်ကြီးများ၊လက်နက်ငယ်များ၊ လက်နက်ကြီးကျည်ဆံ မျိုးစုံ တို့ကို အများ
အပြား သေတ္တာလိုက် သိမ်းဆီးရရှိကြောင်း သတင်းရရှိပါသည်။

မြန်မာ စစ်တပ်မှ တပ်မ(၃၃)၏ လက်နက်ကြီးစခန်းတခုကျဆုံးခြင်း နှင့် ၄င်း
တို့ အထိနာ ခြင်းတို့ ကြောင့် စစ်ရဟတ်ယာဉ် (၂)စီး၊ ဂျက်တိုက်လေယာဉ် (၂)စီး
တို့ ဖြင့် လာရောက်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း လည်း ထပ်မံ သိရှိရပါသည်။

ထို့ အပြင် (၂၀.၂.၂၀၁၅)ရက်နေ့တွင် လည်း ကုန်းကြမ်း-တာရွှေထန် ဘက်သို့ လောက်ကိုင် ဘက်မှ စစ်ကူ တက်လာသော မြန်မာ စစ်တပ်များအား တာရွှေထန်
နှင့် လောက်ကိုင် အကြားတွင် MNDAA တပ်ဖွဲ့ များမှ ဟန့်တားတိုက်ခိုက်ခြင်း
ကြောင့် မြန်မာ စစ်တပ်မှာ လောက်ကိုင် သို့ ပြန်လှည့် သွားခဲ့ရကြောင်း သတင်း
ရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။