Tuesday, February 17, 2015

တရုတ်နိုင်ငံသားများ ဓာတုပစ္စည်းသုံးပြီး ကျောက်ရွှေထုတ်လုပ်မှု ယခုထိရှိနေဆဲ

(Kachin Waves)

ဝိုင်းမော်မြို့နယ် နောင်း ချိန်းကျေးရွာအနီး ဂျိန်းဖောမြေ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီလီမီတက် လုပ်ကွက်တွင်ရောက်ရှိနေသည့် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား အယောက် (၃၆)ဦးအား ဖမ်းဆီးအရေး ယူခဲ့ပြီဖြစ်သော် လည်း နောင်မွန်းကျေးရွာနားရှိ ကျောက်ရွှေမှော်သည် ယခုအထိ ရှိနေဆဲဖြစ်ကြောင်း ဒေသခံများ ထိုလုပ်ကွက်အား ရပ်ဆိုင်းပေးရန် သွားရောက်မောင်းထုတ် နေကြောင်း သတင်းရရှိသည်။

ထိုလုပ်ကွက်သည် တရုတ်နိုင်ငံသားများဖြင့် ထိုနေရာတွင် တောင်ဖောက်ကာ ဓာတုလက်နက်များအသုံးပြုပြီး လုပ်ကိုင်စားသောက်နေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်းလည်း ဒေသခံများဆိုသည်။

ဒေသခံများမှ ၀ိုင်းမော်မြို့နယ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ အရေးယူပေးရန် အကြိမ်ကြိမ် တိုင်းတန်းခဲ့သော်လည်း သွားရောက်စစ်ဆေးဟန်ဆောင်ပြီး ငွေးကြေးများသာ တောင်းယူကာ အရေးယူပေးခြင်းမရှိကြောင်းလည်း ဒေသခံများဆိုသည်။

ထိုနေရာတွင် ဓာတုပစ္စည်းများသုံးစွဲပြီး ကျောက်ရွှေထုတ်လုပ်နေမှုကြောင့် ဒေသခံများ လယ်ယာ လုပ်ကိုင်စားသောက်ရာတွင် အဆိပ်ထိသည့် အတွက် အခက်အခဲများစွာရှိနေသည် သာမက ကျွဲနွားများ သေဆုံးမှုလည်း မကြာခနဖြစ်ပွားနေကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ (၆) ရက်နေ့တွင် နောင်းချိန်းကျေးရွာအနီးရှိ ညောင်ပင်သာကျေးရွာတွင် တောင်ဖောက်ပြီး စက်ယန္တာရားကြီးများနှင့် ရွှေကျင်နေသည့် အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိမ်းရဲ့ သမီးရဲ့ လုပ်ကွက်အား တပ်မတော်တပ်ရင်းများမှ သွားရောက်ဖမ်းဆီးခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။