Thursday, February 19, 2015

ကိုးကန့် ဒေသ တိုက်ပွဲ

(ခွန် ဂါမဏိ)

( ၁) ၉ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဗမာစစ်တပ်အကျအရှုံးက အရာရှိ (၁၅)ဦး၊ အခြား အဆင့် (၁၀၇) ယောက်သေပြီး (၂၀၀) ကျော်ဒဏ်ရာရထားပြီ။ အဲဒီထဲမှာ လောက်ကိုင်း မြို့တွင်းတိုက်ပွဲတွေမှာ (၃၄) ယောက်သေပြီး (၄၈) ယောက်ဒဏ်ရာရ သွားတယ်။ ဗမာပြည် စစ်သမိုင်းမှာ မရှိဖူးသေးတဲ့ မြို့တွင်းတိုက်ပွဲတွေ လောက်ကိုင်မှာ ဖြစ်နေတယ်။
လူနာတွေကို လုံခြုံရေးမပေးနိုင်လို့ ဒဏ်ရာသမားအားလုံး လားရှိုးနဲ့ မေမြို့ ပို့နေရတယ်။

( ၂) MNDAA ကိုးကန့်တပ်နဲ့ TNLA ပလောင်တပ်ထဲကို ကိုးကန့်ဒေသထဲက ဒေသခံ ကိုးကန့်လူမျိုးနဲ့ ပလောင်လူမျိုး တပ်သားသစ်တွေ အများကြီးဝင်လာနေတယ်။


( ၃) ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့ ဖန်တီးလိုက်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာ အုပ်ချုပ်ရေးလုံးဝပျက်သွားပြီဖြစ်လို့ စစ်အုပ်ချုပ်ရေးချလိုက်ရတာဖြစ်တယ်။

(၄) ဗမာအစိုးရနဲ့ အူလှိုက်သဲလှိုက်ပေါင်းခဲ့တဲ့ ကိုးကန့်အုပ်ချုပ်ရေး ခေါင်းပိုင်းတွေ ကတော့ လားရှိုးနဲ့ နေပြည်တော်ကို ပြေးကြပြီး တစုံတရာသမာသမတ်ကျတဲ့ ခေါင်းပိုင်းတွေကိုတော့ BGF တပ်ရင်းမှူး ယန်ရှောက်ကျင်းလို ဖုံကျားရှင်းတို့ MNDAA ဆီ သွားပေါင်း မှာစိုးလို့ ဒကစတပ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းထားတယ်။

( ၅) အခု ကိုးကန့်အုပ်ချုပ်ရေးကို ဒကစမှူး ဗိုလ်မှူးချုပ် စောမြင့်ဦး (OTS ၇၅) နဲ့ ဒုဒကစမှူး ဗိုလ်မှူးကြီး ရဲမြင့်သူ (တေဇ-၁၉) က တိုက်ရိုက် အုပ်ချုပ်နေတယ်။ ၂၀၀၉ ကိုးကန့်တိုက်ပွဲတွေတုံးက ဒကစမှူးလုပ်ခဲ့တဲ့ ဗိုလ်မှူးချုပ် ဝင်းမောင်ကတော့ ၂၀၀၉ တိုက်ပွဲတွေပြီး မကြာခင် ရာထူးပြုတ်ပြီး ထောင်ကျသွားခဲ့ တယ်။

( ၆) လောက်ကိုင်းက ပြန်တဲ့ကားပေါ်မှာ ကြက်ခြေနီတွေနဲ့ သတင်းထောက်တွေ ဗမာစစ်တပ် သံခမောက်ဆောင်းထားတာတွေ တွေ့လို့ ပစ်ထည့်လိုက်တာလို့ ဆိုတယ်။
တကယ်တော့ ဗမာပြည်မမှာတောင် တောရွာတွေမှာ ကြက်ခြေနီကို မသိတဲ့လူတွေ မမြင်ဖူးတဲ့လူတွေ အများကြီးရှိနေသေးတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။