Saturday, February 14, 2015

တရုတ် နိုင်ငံသား(၂)ဦး ဗမာတပ်မှ ပစ်သတ်မှုကြောင့် တရုတ်အစိုးရနှင့် မြန်မာစစ်ရေးတင်းမာ

(Lachid Kachin)

ရှမ်းပြည် နယ်မြောက်ပိုင်း ၊ ကိုးကန့်ဒေသ၊ လောက်ကိုင် တွင် မြန်မာ စစ်တပ်
နှင့် ဦးဖုန်ကျားရှင်  ဦးဆောင်သော ကိုးကန့် အဖွဲ့၊ တိုင်းရင်းသား တပ်ပေါင်းစု 
တို့ သည် ယခု လ (၉)ရကနေ့ (၉.၂.၂၀၂၅) ရက်နေ့ မှ စတင်ကာ တိုက်ပွဲ များ အပြင်းအထန် ပြန်လည် ဖြစ်ပွား နေသည်မှာ ယနေ့ဆိုရင်(၆)ရက်မြောက်ရှိ
သွားပြီ ဖြစ် ကြောင်းသိရှိရပါသည်။

ထိုတို့ တိုက်ပွဲ ပြင်းထန် နေခြင်းကြောင့် ဒေသခံ လောက်ကိုင် မြို့ သားများ 
သည်မိမိတို့ ၏ အိုးအိမ်များကိုစွန့် ကာ စစ်ဘေး လွတ်ရာသို့ ထွက်ပြေးသိမ်း
ရှောင်နေ ကြရပါသည်။ 

 
ထိုသို့ စစ်ဘေးလွတ်ရာသို့ သိမ်းရှောင်သူများထဲ တွင် (စစ်မဖြစ်ခင်) လောက်ကိုင် မြို့ ထဲ တွင်စီးပွားရှာ ဈေးဆိုင်များ လာရောက် ဖွင့် လှစ်ကြသော တရုတ်နိုင်ငံ
သားများ လည်း ၄င်းတို့ ၏ဆိုင်များကို ပိတ်ကာ မြန်မာ နိုင်ငံသားများ နည်းတူ 
စစ်ဘေးလွတ်ရာ ၄င်းတို့ ၏ နိုင်ငံ ထဲ သို့ ထွက်ပြေးခဲ့ကြရ ခြင်း ဖြစ်သည်။

ထိုသူများထဲမှ တရုတ် နိုင်ငံ သား (၂) ဦးသည် လောက်ကိုင်မြို့တွင် ပိတ်သိမ်းခဲ့ သော၎င်းတို့ ၏ ဆိုင်ခန်းများအား ပြန်လာ ကြည့် စဉ် မြန်မာ အစိုးရ စစ်တပ် မှ ၄င်းတရုတ်နိုင်ငံ သား ၊အရပ်သား (၂)ဦး အား လောက်ကိုင် နယ်စပ်ဂိတ် အနီး
တွင် ပစ်သတ် လိုက်ကြောင်း သိရှိရပါသည်။

ထိုဖြစ် ရပ် ကြောင့် တရုတ် အစိုးရ သည် ၄င်းတို့ ၏နိုင်ငံ သား (၂)ဦး အား မြန်မာ စစ်တပ်မှ ပစ်သတ် လိုက်ခြင်းကြောင့် ယနေ့ မှ စတင်ပြီး နယ်စပ် တလျှောက်တွင်
တရုတ်အစိုးရမှ စစ်အင်အားများတိုးမြင့် လိုက်ပြီး၊ လံခြုံရေးများ တိုးမြင့် လိုက်ပြီ ဖြစ်ကြောင်း၊ တရုတ် နှင့် စစ်ရေးတင်းမာမှုများစတင် လာပြီ ဖြစ်ကြောင်း ဒေသခံများ
ထံမှ သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။