Saturday, February 21, 2015

အစိုးရတပ်ရင်းများမှ ပိတ်ဆို့မှုကြောင့် အောင်ဘာ ပရင်းမှော်လုပ်သားများနေရပ်ပြန်

(Kachin Waves)

အစိုးရတပ်ရင်းများမှ တနိုင်းဒေသအောင်ဘာပရင်းမှော်သို့ သွားရာလမ်းများတွင် ပိတ်ပင်မှုကြောင့် ပရင်းလုပ်ကိုင်နေသူများ အခက်အခဲများစွာရှိလာသည့်အတွက် အချို့အလုပ်လာလုပ်ကိုင်သူများ ပစ္စည်းသိမ်းပြီး နေရပ်ပြန်နေကြကြောင်းသတင်းရရှိသည်။

“ မှော်တော့မပိတ်ဘူး။ လမ်းမှာပိတ်လိုက်တော့ လူလည်း မှောကိုသွားလို့မရဘူး။ အစားအသောက်တွေလည်း သယ်လို့မရတော့ ။ ဟိုမှာအစားအသောက်ခက်ခဲလာပြီး အချို့က ပြန်လာကြတယ်။”ဟု ဒေသခံ ကိုနော်ဆိုင်းမှဆိုသည်။


လမ်းခရီးအား ယခုကဲ့သို့ပိတ်ပင်သည်မှာ ဖေဖော်ဝါရီ (၁၅) ကဖြစ်ပြီး မှော်အတွင်းတွင်လည်း ထိုဒေသတွင် အစိုးရတပ်ရင်းများမှ ၀င်လာနိုင်ဖွယ်ရှိပြီ ၀င်လာပါက တိုက်ပွဲဖြစ်လာနိုင်ကာ ထိုမှော်အတွင်းရှိ လုပ်သားများ၏ လုံခြုံရေးကိုလည်းအမခံချက်မပေးနိုင်ကြောင်း စသည့် အကြောင်းပါသည် စာလိုက်လံကပ်ထားကြောင်းလည်းဆိုသည်။

“ရိက္ခာပြတ်တဲ့လူတွေတော့ ပြန်သွားကြပြီ။ ရိက္ခာနည်းနည်းရှိတဲ့လူတွေတော့ရှိနေသေးတယ်။” ဟု လက်ရှိပရင်းမှော်တွင်ရောက်ရှိနေသည့် ပရင်းလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးမှဆိုသည်။

ယခုအချိန်တွင်ထို အောင်ဘာမှောတွင် ဆန်တစ်အိတ် ကျပ်ငွေ ရှစ်သောင်းကျော်ရှိကြောင်းလည်းဆိုသည်။ထိုအောင်ဘာမှော်သည် မြန်မာပြည်အနံ့မှ ဒေသခံများ အယောက် တစ်သောင်းခန့်လာရောက်လုပ်ကိုင်နေသည့် ပရင်းမှော်လည်းဖြစ်သည်။

၂၀၁၄ နှစ်မှာလည်း အစိုးရတပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် တနိုင်းဒေသရှိအချို့ပရင်းမှော်များ ပိတ်ပင်ခဲ့ကြပြီး ပရင်းလုပ်ကိုင်သူအချို့ အဆုံးအရှုံးများခဲ့ကြကြောင်းလည်းဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။