Tuesday, February 17, 2015

အစိုးရတပ် ၏ လက်နက်ကြီးထိဒဏ်ရာဖြင့် ဦးအင်ခွမ်လှ(၆၃) နှစ် သေဆုံး

(Lachid Kachin)

24,1,2015) ရက်နေ့ ၌ မြန်မာ အစိုးရ စစ်တပ် ၏ လက်နက်ကြီး ကျည်ဆံ 
အစထိမှန် ဒဏ်ရာရရှိခဲ့ ခြင်းကြောင့် ရှမ်း ပြည်မြောက်ပိုင်း မှုဆယ် ပြည်သူ့
ဆေးရုံတွင် လာရောက် ဆေးကုသမှုခံ ယူနေ သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ 
မုံန်းကိုးမြို့နယ်၊ မုံပေါ်ဝိန်းဆိုင် ၊ဘန်ခမ်းကျေးရွာ မှ အပြစ်မဲ့ ရွာသား အသက် 
(၆၃) နှစ်အရွယ် ဦးအင်ခွမ်လှ သည် (၁၂.၂.၂၀၁၅) ရက်နေ့ နံနက် (၁၀) နာရီ 
အချိန်တွင် ဆေးကုသမှုခံယူနေစဉ် ၄င်း အစိုးရ စစ်တပ် ၏ လက်နက်ကြီး 
ကျည်ဆံ ဒဏ်ရာ ကြောင့် မှုဆယ်ဆေးရုံ ၌ သေဆုံးသွား ပြီ ဖြစ်ကြောင်း 
သိရှိရပါသည်။


အခင်း ဖြစ်ပွားရာ၎င်းဒေသတွင် မြန်မာ အစိုးရ စစ်တပ် တပ်မ (၈၈)၊ တပ်မ(၉၉)
နှင့် (ခ.လ.ရ-၆၉) တို့ လှုပ်ရှားရာဒေသ ဖြစ်ကြောင်း ကို လည်း ဒေသခံများထံ မှ 
သိရှိရပါသည်။


ကျန်ရှိနေ သော ဦးအင်ခွမ်လှ ၏ရုပ် အလောင်းအား (၁၃.၂.၂၀၁၅) ရက်နေ့
နံနက် (၁၁)နာရီ အချိန်တွင် မှုဆယ်၊ စိန်ပီတာ ကက်သလစ် ဘုရားကျောင်း
၌ ၀တ်ပြုဆုတောင်းကာ မှုဆယ် ဒေသခံ များမှ ကောင်းမွန်စွာ သွားရောက် မြှပ်
နှံပေးလိုက် ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။