Friday, February 27, 2015

ကိုးကန့် တိုက်ပွဲများ ဖြစ်ပွားဆဲ၊ အစိုးရစစ်တပ်မှ အရာရှိ/စစ်သည်( ၄ )ဦး ကျဆုံး

(Mizzima)

 စစ်အုပ်ချုပ်ရေး စနစ်ဖြင့် အုပ်ချုပ်နေသော ကိုးကန့်ဒေသအတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ရက် (ဖေဖော်ဝါရီ ၂၅၊ ၂၆) အတွင်း အရာရှိ/စစ်သည် ၄ ဦး ကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖေဖော်ဝါရီ ၂၆ ရက် ညပိုင်းတွင် အစိုးရစစ်တပ်က သတင်းထုတ်ပြန်လိုက်သည်။

နှစ်ရက်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့က အလစ်ချောင်းပစ်ခတ်သည်ဟု အစိုးရစစ်တပ်က ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ထံမှ သေဆုံးသူ ၁ဦး၊ အမ် (၂၂) ၁ လက်၊ တရုတ်လက်ပစ်ဗုံး ၅ လုံး၊ ကျည်မျိုးစုံ ၂၈၆ တောင့်၊ MNDAA ဝတ်စုံ ၁၃ စုံတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အစိုးရစစ်တပ်နှင့် ဦးဖုန်ကြားရှင် ဦးဆောင်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့အကြား ယခုလ ၉ ရက်က စပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအတွင်း တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။