Friday, February 13, 2015

ရှမ်း/မြောက် သိန္နီ မြို့ အနီးတွင် တိုက်ပွဲ ဖြစ်

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုး-မှုဆယ် ပြည်ထောင်စု ကားလမ်းမပေါ်ရှိ 
သိန္နီမြို့ အနီးတွင် ယနေ့ ည (၁၂.၂.၂၀၁၅) ရက်နေ့ ည (၁၀း၀၀) အချိန်ခန့် မှ 
စတင် ကာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွားနေ ကြောင်း ဒေသခံများထံ 
မှ သတင်းရရှိပါသည်။

" မြန်မာ စစ်တပ် နဲ့ ဘယ်အဖွဲ့ တွေ ဖြစ်တာ လားမသိဘူး တိုက်ပွဲက မြို့ နဲ့ တအားနီးတယ် လက်နက်ကြီး လက်နက် ငယ် အသံတွေ မျိုးစုံ ဘဲ ကြားနေ
ရတယ် အခု ဖြစ်နေတာ နာရီဝက်လောက်ရှိပြီ အရင်ည ကတော့ ရေပူ မှာ 
ဖြစ်တယ် ဒီညတော့ ဘယ်မှာ ဖြစ် ပြန်ပြီ လဲ မသိဘူး ဒီဘက်မှာ နေ့ တိုင်း 
လိုဘဲ တိုက်ပွဲ တွေ ဖြစ်နေ တယ် အခုရက်ပိုင်း၊ ဗမာ စစ်တပ်က လည်း အခြေ
အနေ မကောင်း လို့ ထင်တယ် ကျွန်တော် တို့ ဒေသခံ တွေ ကို ညအပြင် လုံးဝ မထွက်ခိုင်းဘူး " ဟုသိန္နီ ဒေသခံ တဦး ကပြောပြ သွားပါသည်။


ဤဒေသတွင် တိုင်းရင်းသားတပ်ပေါင်းစု အဖွဲ့ များ ၊ SSA၊ KIA, TNLA တို့
လှုပ်ရှားရာဒေသ ဖြစ်ကြောင်း လည်း သိရှိရပါသည်။

ယခုရက်ပိုင်း အတွင်းရှမ်း ပြည်နယ်မြောက်ပိုင်း ဒေသတွင် တိုက်ပွဲ များ ပြင်း
ထန်လာခြင်း ကြောင့် မြန်မာ အစိုးရ စစ်တပ်များသည် ဒေသတွင်းရှိမြို့ များတွင် 
လုံခြုံရေး တိုးမြင့် ထားပြီး ဖမ်းဆီး စစ်ဆေးမှုများ ဆက်တိုက်ပြု လုပ်နေ ခြင်းကြောင့် ဒေသခံများ ကျီးလန့် စာစား ရင်တမမ နှင့် စိုးရိမ်ထိတ်လန့် နေကြရကြောင်း ၊
ကွတ်ခိုင် မြို့ တွင် လည်း စစ်တပ်မှ ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး ညထွက်
ပါကပစ်သတ်မည်ဟု ဆိုထားကြောင်း သိရှိရပါသည်။

ထို့ အပြင် လားရှိုးမြို့ တွင် လည်း လမ်းဆုံ လမ်းခွများတွင် စစ်သားများ စောင့်
ကြပ်နေပြီး ရပ်ကွက် အုပ်ချုပ်ရေးမှုး များမှ တဆင့် အချို့ အား စစ်တပ်မှ နုတ်
ဖြင့် ညမထွက်ရန် မှာကြားထားကြောင်း သိရှိရပါသည်။

ယနေ့ ည (၁၀း၃၀) နာရီ ခွဲ ခန့်တွင် လားရှိုးမြို့ မှ လက်နက်ငယ်ပစ်သံ များ ကြား
ရကြောင်း ဒေသံများထံမှ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။