Saturday, February 14, 2015

မီဒီယာနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု

(Mizzima)

ရှမ်းပြည်နယ်၊ ကိုးကန့် ဘက်မှာ တိုက်ပွဲ ကြီးတွေဖြစ်နေတယ်။ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၅ဝကျော်လောက် ကျဆုံးတယ် ဆိုတော့အတော့် ကိုကြီးကျယ် တဲ့တိုက်ပွဲ ကြီးတွေလို့ သတ်မှတ်နိုင် ပါတယ်။

ဒါ့အပြင်ကျောင်းသား ဆန္ဒပြ ပွဲတွေဖြစ်နေတယ်၊ White Card ကိုင်ထား သူတွေကို လာမယ့်ဖွဲ့ စည်းပုံပြင်ရေးပြည် လုံးကျွတ်ဆန္ဒ ခံယူပွဲမှာ မဲပေးခွင့်ပြုတယ် ဆိုပြီး ဆုံးဖြတ်လိုက်လို့ ဆန္ဒပြသူတွေ ပြကြတယ်၊ ရခိုင်ပြည်နယ် မှာလည်း ဆန္ဒပြကြဦးမယ်၊ မျိုးစောင့် ဥပဒေတွေကိစ္စ လွှတ်တော် အမတ်တွေ လည်းခေါင်း ပူအောင် စဉ်းစားနေ ကြရတယ်၊ စသဖြင့် စသဖြင့် တိုင်းပြည် အတွက် အရေးကြီးတဲ့ သတင်းတွေဖြစ်ပေါ်နေ ချိန်လို့ ဆိုနိုင် တာပေါ့နော။

 
ဒီလိုအချိန်မျိုးမှာ ကိုယ့်မီဒီ ယာလောက နဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်ရေးတွေပါ တဲ့ပေးစာ မျိုးရေးသင့် သလား၊ မရေးသင့် ဘူးလား၊ ကျွန်တော် အတော်လေး စဉ်းစားခဲ့ပါ တယ်။

ဥပက္ခာပြု လိုက်ရင်လည်းရတယ်၊ ဒါပေမယ့်မရေးရင်လည်း ကျွန်တော်တို့ စာနယ်ဇင်းလောကကိုယ့်ဖာသာ ကိုယ်ဝေဖန်ရေးမလုပ်ဘူးလား လို့သူများတွေပြော တာမခံ ချင်သလို ခုလိုမရေး လိုက်လို့နောင် မှာနောင်တရ တာမျိုးလည်း မဖြစ်ချင်ဘူး။ ဒါကြောင့် ဒီစာကိုရေး လိုက်တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်ထုတ်ဒေါက်တာသန်းထွဋ်အောင်ပိုင် အလဲဗင်း သတင်းစာမျက်နှာဖုံးမှာ ဦးရဲထွဋ် ခင်ဗျာ... ယုန်နဲ့ အတူပြေး ပြီးခွေးနဲ့ အတူမလိုက် ပါနဲ့လို့ခေါင်း စဉ်ကြီးတစ်ခုနဲ့ အတွင်းမှာ သတင်းဆောင်းပါး တစ်ပုဒ်ဖော်ပြ ထားပါတယ်။

ဆောင်းပါး ဆိုလိုရင်းကို အကျဉ်းချုပ်ရရင် လွှတ်တော်ကနေ White Card ကိုင်ထား သူတွေကို လာမယ့်ဖွဲ့စည်း ပုံပြင်ဆင်ရေး ၊ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲမှာ မဲပေးခွင့်ပြုမယ်ဆို တဲ့ အကြောင်း အရာအပေါ် အခြေတည် ထားပါတယ်။ ဒီကိစ္စ လွှတ်တော်ထဲ ကပြည်ခိုင်ဖြိုး အားလုံး၊  တပ်မတော်သား အမတ် အားလုံးနဲ့ သမ္မတ ကိုယ်တိုင်ထောက်ခံ လိုက်တဲ့ကိစ္စ ဦးရဲထွဋ် တစ်ယောက်ကိုပဲ နာမည်တပ် တိုက်ခိုက်ရေးသား ထားပါတယ်။

မဆီမဆိုင် လွှတ်တော်ထဲကော်မရှင်ဖွဲ့ စစ်ဆေးခဲ့ရ တဲ့ဒေါက်တာ ဆိတ်ဖွားနဲ့ ၂ဝ၁၁ ခုက Facebook မှာ ပေါ်ခဲ့တဲ့ ကလောင်ပုန်း စစ်အောင်ဆို သူဟာလည်း ဦးရဲထွဋ် ပါပဲဆို ပြီး ထပ်စွပ်စွဲ တာပါ။ ဒီမှာ ကျွန်တော်နဲ့ ပတ်သက် တာပါလာ ပါပြီ။

ကျွန်တော်ဟာ ၂ဝ၁ဝရွေးကောက်ပွဲ ကာလ ကစပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့်ရဲ့ ဖိတ်ခေါ် ချက်အရ အဲဒီမှာ သတင်း အယ်ဒီတာ အဖြစ် တာဝန်ယူ ပါတယ်။ တကယ်တော့  စစ်အစိုးရ လက်အောက် စာနယ်ဇင်း ဖိနှိပ် မှုအောက်မှာ ဆရာမောင်ဝံသ၊ ဆရာဖေမြင့်တို့ရဲ့ ဦးဆောင်မှု နဲ့ပြည်သူ့ခေတ် ဆိုတဲ့နိုင်ငံရေး အသားပေး ဂျာနယ် တစ်စောင် ပီပီပြင်ပြင်ပေါ်ပေါက် လာတာပါ။
ဆရာဖေမြင့်၊ စာပေလော ကဦးမျိုးညွန့်၊ သရဖူကိုရဲတို့ရဲ့ စိစစ်တည်းဖြတ်မှု နဲ့ပြည်သူ့ခေတ် ဂျာနယ်ထဲမှာ အကောင်းဆုံး လို့ဆိုနိုင် တဲ့နိုင်ငံရေးဆောင်းပါးတွေ အပတ် စဉ်ဖော်ပြနိုင်  ပါတယ်။  ကျွန်တော့် သုံးသပ် ချက်အရ လူနည်း နည်းနဲ့ ကျဲကျဲပဲ ဝိုင်းရ တဲ့တိုင် ၂ဝ၁၁ မှာပြည် သူ့ခေတ်ဟာ သတင်း ဂျာနယ်ကောင်း တစ်စောင် ပီပီပြင်ပြင်ဖြစ် လာပါတယ်။

အဲဒီမှာဒေါက်တာ သန်းထွဋ်အောင်နဲ့ အလဲဗင်းရဲ့ မုန်တိုင်းက ဝင်တော့ တာပါပဲ။ သူတို့က ကျွန်တော့် ကိုရော ဆရာဖေမြင့် အပါအဝင် အယ်ဒီတာ အဖွဲ့ကိုပါ စာတစ်စောင် ပို့ပါတယ်။ Facebook ထဲမှာ စစ်အောင်ဆိုတဲ့ အကောင့်န် တစ်ခုရှိ တဲ့အကြောင်း၊ အဲဒီ စစ်အောင် ဟာဒေါက်တာ သန်းထွဋ်အောင် နဲ့အလဲဗင်း မီဒီယာကို တိုက်ခိုက် တဲ့အကြောင်း၊ အဲဒီစစ်အောင် ဆိုတာဟာပြည်သူ့ခေတ် သတင်း အယ်ဒီတာ စည်သူအောင်မြင့်ဖြစ် တယ်ဆိုတဲ့  အကြောင်း၊ ဒါကြောင့် သူ့ကိုစစ်ဆေး အရေးယူပေး ဖို့ဆိုတဲ့ စာဖြစ်ပါတယ်။

ဆရာဖေမြင့်နဲ့ လူကြီးပိုင်း အယ်ဒီတာတွေ အတော်လန့်သွားပါတယ်။ သူတို့ရဲ့ ဘာသာဘာဝအ ရအေးအေးချမ်းချမ်း ဘယ်သူနဲ့မှ ပဋိပက္ခမဖြစ် ဘဲနေလိုတာ၊ နည်းပညာ ကိုလည်း မနီးစပ် တာကြောင့် စည်သူအောင်မြင့်ဆိုတဲ့ ခပ်စွာစွာဂျာနယ် လစ်စစ်အောင် များဖြစ်လေမ လားဆိုပြီး တကယ်ပဲ စိုးရိမ်ခဲ့ကြ ဟန်တူပါ တယ်။

ဒါနဲ့ ဆရာဖေ၊ ဦးမျိုးညွန့်၊ ကိုရဲ သုံးဦးသား ကျွန်တော့်  ကိုနေပြည်တော် ရုပ်ရှင်ရုံ နဘေးက  ကဖေးအေရိုးမား မှာခေါ်ပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါတယ်။ ကျွန်တော် ရှင်းပြခဲ့တာကို တိုတိုတုတ် တုတ်ပြန်ပြောရရင် ကျွန်တော် ဟာပြည်သူ့ခေတ်ကောင်းဖို့ လာလုပ်နေ တာဖြစ်တဲ့ အတွက်ပြည် သူ့ခေတ်ကောင်းမယ် ဆိုရင် ကျွန်တော့်ကို အားမနာနဲ့ အလုပ်ထုတ် ချင်လဲထုတ်၊ ထွက်ခိုင်းချင်လည်း ထွက်ပေးမယ် ကျန်တာဘာမှ ထည့်မတွက်နဲ့လို့ အရင်ပြော လိုက်ပါတယ်။

ပြီးတော့မှ အဲဒီအချိန်က ကျွန်တော်ဟာ Facebook ထဲက စစ်အောင်ဖြစ် ဖို့နေနေ သာသာ Facebook အကောင့်တောင် လုံးဝမရှိ၊ Facebook  ကိုလည်းလုံး ဝသုံးဖူးသူ မဟုတ်ဘူးဆိုတာ အသေအချာ ရှင်းပြရပါတယ်။ တကယ်လည်း ကျွန်တော့်မှာ အဲဒီအချိန်ထိ Facebook အကောင့်န်မရှိ ပါဘူး။နောက် ကျွန်တော် အီးမေးလ် သုံးပုံသုံးနည်း၊ အန္တရာယ်  အသွယ် သွယ်ကြောင့် ဝက်ဘ်ဆိုက်တွေတောင် ဝင်မကြည့်တဲ့ အကြောင်း ရှင်းပြပါတယ်။ (ဒီအကြောင်းနောက် ကြုံရင် ရှင်းပြချင် ပါသေးတယ်)
နောက်ဆုံးကျ မှဒေါက်တာ သန်းထွဋ်အောင် ကျွန်တော့်ကို  ဘာကြောင့် စွပ်စွဲ ရတယ်။ သူ့ပစ်မှတ်ဟာ  ကျွန်တော်လား၊ ဒါမှမဟုတ် ကျွန်တော့်ကို အလုပ်က နုတ်ထွက်စေ ပြီးပြည် သူ့ခေတ် ထိခိုက်အောင် လုပ်ချင် တာလား၊ စဉ်းစား  ပါလို့  ကျွန်တော် ရှင်းပြ  ခဲ့ပါတယ်။  ဆရာဖေတို့  စဉ်းစား  တိုင်ပင်  ကြပါတယ်။ ကျွန်တော်ပြောပြတဲ့ အဖြစ်မှန်ကို ဆရာဖေတို့ ယုံကြည်ကြ ပုံရပါတယ်။ ကျွန်တော့်ကို အလုပ်မထုတ်ပါ။

ကိုမျိုးသန့်ရေ
ဆရာဖေမြင့်၊ ဦးမျိုးညွန့်နဲ့ ကိုရဲတို့ အားလုံး ကျန်းကျန်း မာမာပျော်ပျော် ရွှင်ရွှင် ရှိပါသေး  တယ်။ဒေါက်တာ သန်းထွဋ်အောင် ဘာလုပ်ခဲ့သလဲ သူတို့ပြောနိုင်ပါ တယ်။ကျွန်တော် ဆရာဖေတို့ကိုနောက်ထပ်တစ် ချက်ပြောပြခဲ့ပါသေးတယ်။၂ဝဝ၇ ပတ်ဝန်းကျင်တုန်း ကလည်းဒေါက်တာ သန်းထွဋ်အောင် ကနေကျွန်တော့် ကို သူတို့ မီဒီယာမကောင်းကြောင်းပြင်ပမီဒီယာ တစ်ခုကနေ ကလောင်ဝှက်နဲ့ရေးတယ် ၊ဖြေရှင်းပါ ဆိုပြီး ကျွန်တော်နဲ True News အယ်ဒီတာ အဖွဲ့ဆီစာပို့၊ အဲဒီစာကို စာပေစိ စစ်ရေးရုံး၊ SB လို့ ခေါ်တဲ့ အထူး ရဲသတင်း တပ်ဖွဲ့ဆီကိုပါ မိတ္တူပေးပို့ခဲ့ ပါသေးတယ်။

ကြောက်စရာကြီးဗျ။ အဲဒီအချိန် ကျွန်တော်ဟာ ဒီဗီဘီ ကိုပြည်တွင်းက လျှို့ဝှက်သတင်းဆောင်း ပါးတွေရေး ပို့နေသူ၊ ဘန်ကောက်အခြေ စိုက်ခေတ် ပြိုင်အွန် လိုင်းမီဒီယာ ကိုနေ့စဉ် သတင်းပေး ပို့နေသူ၊ တကယ်လို့ များဒေါက်တာ သန်းထွဋ်အောင်ပြော သလိုSB  က ကျွန်တော့်  ကိုခေါ်စစ်၊ ရိုက်စစ်  လိုက်ရင်တော့ ကျွန်တော့်ဘဝ မတွေးရဲစရာပါပဲ။ ဒါကိုသိလို့ ကျွန်တော် ကဒေါက်တာ သန်းထွဋ်အောင်ကို ကျွန်တော့်မှာ  မိသားစုရှိတဲ့ အကြောင်း၊ မိသားစု နဲ့အေးအေးချမ်း ချမ်းနေချင် ပါကြောင်း၊ ခင်ဗျားပြော တဲ့ကိစ္စ ကျွန်တော် မသိပါကြောင်း အလွန်အောက် ကျနောက်ကျနိုင် တဲ့ပြန်စာ တစ်စောင်ရေး သားပေး ပို့ခဲ့ရဖူး ပါတယ်။
စစ်အာဏာ ရှင်ခေတ်တုန်း ကတော့ ကျွန်တော့်  အနေနဲ့  ဘာမှမပြော  သာပါဘူး။  အရင်  ကလည်း  ဝန်ကြီး  ဦးစိုးသိန်းကို  ပုဂ္ဂိုလ်ရေး  တိုက်ခိုက် တဲ့ကိစ္စ ကျွန်တော်ဆောင်းပါးရေး ဖူးပါတယ်။ ဦးရဲထွဋ် ဒုဝန်ကြီးဘဝက လည်း ဆိတ်ဖွားဆိုတာ ဦးရဲထွဋ် ပဲဆိုပြီး  လွှတ်တော်ကော် မရှင်ဆီ  သွားပြောခဲ့ ကြပါတယ်။ သူတို့ပြောတဲ့ အတိုင်း ဦးရဲထွဋ်ဖြစ်ကြောင်း သက်သေပြနိုင်ရင် ခုလောက်ဆို ဦးရဲထွဋ် ဝန်ကြီးမဖြစ်ဘဲ အလုပ်ပြုတ်ထောင် ကျနေလောက် ပါပြီ။

ကျန်းမာပါစေ။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။