Monday, February 16, 2015

စစ်တပ် ၏ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံ သား (၅) ဦးသေဆုံး

(Lachid Kachin)

လောက်ကိုင်ဒေသ တွင် ယခုရက် ပိုင်း အတွင်း စစ်တပ် ၏ပစ်ခတ်မှု ကြောင့်
လောက်ကိုင်မြို့ လမ်းမပေါ်များတွင် ဒေသခံ အရပ်သား များ နေ့စဉ် ဒါဇင် နှင့်
ချီ ကာပစ်သတ်ခံနေ ကြသည် ဖြစ်သည်။


မြန်မာ စစ်တပ်၏ ထိုသို့ ပစ်သတ်ခံရခြင်းမှာ အရပ်သား အချို့ မှာ မတင်ကာ မှုဖြင့်
လည်းကောင်း၊ အချို့ ဒေသခံများ ပစ်သတ်ခံရခြင်းမှာ ဒေသခံများ အနေနှင့် စစ်တပ်
မှ ပုဒ်မ(၁၄၄) ကာဖြူး ထုတ်ထားခြင်း အား မသိနားမလည် ခြင်း ကြောင့် ပစ်သတ်
ခံနေရဖြစ်ကြောင်း ယနေ့ ထုတ် တရုတ် သတင်းစာအချို့တွင်ရေးသား ဖော်ပြ ထား
သည်ကိုတွေ့ရှိရပါသည်။



အချို့ မှာမတင်ကာမှု ဖြင့် စစ်တပ် မှ ဖမ်းဆီးပြီး နှိပ်စက် သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း
သေဆုံးသူများ၏ ဓါတ်ပုံ အချို့ တွင် မျက်စိအား အ၀တ် ဖြင့် စီးခံထားရခြင်း၊ အချို့ အား
လက်နောက်ပြန်ကြိုးချည် တန်းလန်း ဖြင့် သေဆုံးနေသည့် ပုံများကိုလည်း တွေ့ရှိရ
ပါသည်။


ဤသို လောက်ကိုင် ဒေသတွင် မြန်မာစစ်တပ်၏ ပစ်ခတ်ခြင်းကြောင့် နေ့စဉ်အရပ်
သားများ သေဆုံး နေကြ သူများထဲ တွင် ယနေ့ (၁၆.၂.၂၀၁၅) ရက်နေ့ တွင် တရုတ်
နိုင်ငံသား အရပ်သား (၅)ဦး လည်း ပါဝင် ကြောင်း သိရှိရပါသည်။ယနေ့ မြန်မာ စစ်
တပ် ၏ပစ်သတ်ခြင်းခံရသော တရုတ်နိုင်ငံ သား (၅)ဦးမှာ လောက်ကိုင်မြို့ တွင်
ဆန်ဆိုင် လာရောက်ဖွင့် ထားသူများ ဖြစ်ပြီး ၄င်းတို့ သည်လောက်ကိုင်ရှိ ၄င်းတို့၏
ဆန်ဆိုင်အား လာကြည့်ရှု့ရန် အတွက် လောက်ကိုင်သို့ ၀င်ရောက်လာစဉ် ယခုလို
မြန်မာ စစ်တပ်၏ ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများထံ မှ သတင်းရရှိပါ
သည်။


ထိုသို့ ပစ်ခတ်ခံရပြီးနောက် လောက်ကိုင်မြို့ ကျောက်တိုင်အား ကာဗာ ယူကာကင်း
စောင့် နေ သော မြန်မာ စစ်သားများလည်း ချောင်းမြောင်း ပစ်ခတ်ခံရကြောင်း ဒေ
သခံများထံမှ သိရှိရပါသည်။





No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။