Wednesday, February 4, 2015

စစ်တပ် မှ မော်ဟန်ရွာ သား (၁၀)ဦးအား ဖမ်းဆီးနှိပ်စက်။ ရွာသားများ၏ ပစ္စည်းများ အား လုယူ။

(Lachid Kachin)

(၃.၂.၂၀၁၅) ရက်ေန့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင် မြို့ နယ် ၊ ကွတ်ခိုင် နှင့် တာမုံန်းညှဲ အကြား ရှိ မောဟန်ကျေးရွာ သို့ မြန်မာ စစ်တပ် များရောက်ရှိ လာပြီး 
မော်ဟန်ကျေးရွာ ၊ရပ်ကွက် (၄) အတွင်း ရှိ ရွာသားများ ၏ အိမ်များမှ ပစ္စည်း များ အား ၄င်း စစ်သားများ (ဗမာစစ်သား) များ မှ ၄င်း တို့ ကြိုက်သော ရွာသားများ ၏အိမ်ထဲရှိ အဖိုးတန်ပစ္စည်း များ အား အကုန် ယူဆောင်သွားကြောင်း ဒေသခံများထျံမှ သိရှိရပါသည်။



ထို့ အပြင် ဦးဒေါ့ရှီလ (အသက်-၃၀) အား မြန်မာ စစ်တပ် မှ အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက် ရိုက်နှက် ခြင်းကြောင့် ၄င်း မှာ မျက်နှာ တခုလုံး ဒဏ်ရာရရှိ ပြီး သွားများ လည်း ကြွတ်ထွက် ကုန်ကြောင်း သိရှိရပါသည်။


ထို့နောက် ရွာထဲရှိ အမျိုး သား (၁၀)ဦး ကို လည်း ၄င်း မြန်မာ စစ်တပ် မှ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံ ရွာသားများ ထံမှ သတင်း ပေး ပို့ လာပါသည်။


ယခုအချိန် ထိ စစ်တပ် မှ ဖမ်းဆီး သွားသော ရွာ သား (၁၀)ဦး မှာ ပြန်လည် လွတ်မြောက် လာ ခြင်း မရှိ သည့် အပြင် ဘယ်ကို ဖမ်းသွားတယ် ဆို တာ လည်း မသိရသေး ခြင်းကြောင့် ရွာ သားမျာ မိသားစု များ အလွန် စိုးရိမ်း စိတ်ပူနေ ကြ ကြောင်း ထပ်မံ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။