Thursday, February 12, 2015

ကချင်ဆရာမ ၂ ဦးအတွက် ၁ လပြည့် ၀တ်ပြုဆုတောင်းပွဲများ တနိုင်ငံလုံး လုပ်မည်

(DVB)

ကချင်ဆရာမ ၂ ဦး အသတ် ခံရမှု အမှုမှန်ပေါ်ပေါက်ရေး ၀တ်ပြုဆုတောင်းပွဲ ကို လာမယ့် ဖေဖော်ဝါရီ ၁၉ ရက်မှာ မြန်မာတနိုင်ငံ လုံးမှာရှိတဲ့ ဂိုဏ်းပေါင်းစုံ ခရစ်ယာန် အသင်းချုပ်များစုပေါင်းပြီး ကျင်းပပြုလုပ် သွားဖို့ ရှိပါတယ်။

ဆရာမ ၂ ဦး အသတ်ခံရတဲ့ တလပြည့်နေ့မှာ ၀တ်ပြုဆုတောင်းကြမှာဖြစ်ပြီး တနိုင်ငံလုံးရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေမှာ ၀တ်ပြုဆုတောင်းကြမယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် အတွင်းရေးမှူး ဒေါက်တာဆမ်ဆန်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်ပြည်နယ်ကို လာရောက်ခဲ့တဲ့ အမေရိကန်ခရစ်ယာန်ဘာ သာရေးခေါင်းဆောင်တွေရဲ့ ခရီးစဉ်အတွင်း အခုလို အမှုမှန်ပေါ်ပေါက်ရေး ၁ လပြည့် ၀တ်ပြုဆုတောင်းပွဲတွေ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၁၉ ရက်နေ့ည သန်းခေါင်ယံမှာ မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) မြို့နယ် ကောင်းခါးကျေးရွာ ဘုရားရှိခိုးကျောင်းက နေအိမ်တွင်းမှာ ဆရာမ ၂ ဦးစလုံး အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။