Tuesday, February 3, 2015

အစိုးရတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားကန့်ဒေသခံတစ်ဦးသေဆုံး

(Kachin Waves)


ဖားကန့်မြို့တွင် ၂၀၁၅ ဇန်နဝါရီ ၂ ရက်နေ့၌ အစိုးရတပ်နှင့် ကေအိုင်အေ တပ်ကြား တိုက်ပွဲများပြန်လည်ဖြစ်ပွား ခဲ့ပြီး ဖားကန့် ဗျူဟာ ကုန်းပေါ်မှ ဂျန်ဂတ်တာင် သို့ လက်နက်ကြီးပစ် ခတ်မှုကြောင့် ကျောက် တူးနေ သည့် ဒေး ဗစ် နော်အောန် အသက် ၂၀နှစ်အားထိမှန် ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

အစိုးရတပ်မှ ဖားကန့်ဂါးရာယန် တွင်နေရာယူတပ်စွဲထားပြီး ဂါးရာယန်လမ်း နှင့် ဂျန်လွမ်းလမ်းတွင် ယမန်နေ့ တစ်နေ့လုံးတိုက်ပွဲများဖြစ်ပွားခဲ့ပြီး ညနေမိုးချုပ်သည့်အချိန်မှ တိုက်ပွဲငြိမ်သွားခဲ့ကြောင်းဒေသခံတစ်ဦးမှဆို သည်။

ယခုအချိန်တွင် အစိုးရတပ်မှ ဖားကန့်တွင် အင်အားထပ်မှန်တိုးချဲ့ရာ ကေအိုင်အေတပ်စခန်းရှိရာတောင်များသို့ ထိုးစစ်ဆင်နေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

ယနေ့မနက်တွင်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်သံများ ကြားနေကြောင်းဒေသခံများမှဆိုသည်။ သေဆုံးသွားသည့် အရပ်သား မှာ ယခုအချိန်တွင် ဖားကန့်ဆေးရုံသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

ဖားကန့် အောင်ဘာလေကျွေးရွာ အခြေစိုက်သည့် ကေအိုင်အေ တပ်မဟာ ၂ ၏လက်အောက်ခံတပ်ရင်း ၆ နှင့် အစိုးရတပ်မတော် တပ်မ ၆၆ တို့ ၂၀၁၅ ဇန်နဝါရီ ၁၅ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် လုံးခင်းကျေးရွာအုပ်စု အောင်ဘာလေ ကျေးရွာတွင် ဒေသခံပြည်သူ တစ်ထောင်ကျော်ယခုအချိန်ထိပိတ်မိနေသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။