Saturday, February 21, 2015

ကိုးကန့်ဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်မှ ပြန်လည် ရုပ်သိမ်းမည် မဟုတ်ဟု ဦးအောင်မင်းပြော

(Mizzima)

လတ်တလော တိုက်ပွဲများဖြစ်ပွားနေသည့် ကိုးကန့်ဒေသများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်မှ
ပြန်လည်ရုပ်သိမ်းမည် မဟုတ်ဟု သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။


၎င်းက ''ဒီနယ်မြေ အေးချမ်းသာယာသွားပြီဆိုရင် ဒါပုံစံတကျပြန်လုပ်ရမှာပဲ။ ဒါကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပြန် ဖွဲ့ရမှာပဲ'' ဟု ပြောသည်။

ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်ကို ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။


၎င်းက ''အဲ့လို လုပ်ရမှာပဲ။ ဒါကတော့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာပဲ။ ပြန်ဖွဲ့ရမှာပေါ့။ ပြန်ဖွဲ့ပေးရမှာလေ။ စိတ်မပူကြပါနဲ့'' ဟု ဖြည့်စွက်ပြောသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသတွင် တပ်မတော်နှင့် ဖုန်းကြားရှင်တပ်များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၈ ရက် စစ်အုပ်ချုပ်ရေး ကြေညာထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုအနက် ရှမ်းပြည်နယ်၊ ကုန်းကြမ်းမြို့နယ်နှင့် လောက် ကိုင်မြို့နယ် တို့ကိုစုစည်းပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။