Wednesday, February 4, 2015

ပျောက်ဆုံးနေသူ (၄)အားဖားကန့်တပ်မမှ ဖမ်းဆီး စစ်ဆေးနေ

(Kachin Waves)

ဖားကန့် ဒေသ ဂျပ်ဂတ်မော်တွင် ဖေဖော်ဝါရီ (၃) ရက်နေ့က ကျောက်တူးနေစဉ်လက်နက်ကြီးကျပြီး သေဆုံးခဲ့ရသည့် မောင်ကွမ်ဒင့်နော်အောန်၏ အလောင်အားစောင့်နေသည့် ကျင်းတူး သူငယ်ချင်း (၄)ဦးအား ဖားကန့်တပ်မတွင် ဖမ်းဆီးထားပြီး 
စစ်ဆေးနေကြောင်းသတင်းရရှိသည်။

ထို(၄)ဦးမှ နှစ်ဦးမှာလည်း ဒဏ်ရာရရှိထားကြောင်းလည်းသိရသည်။ ထို(၄)ဦးပြန်လွတ်မြောက်ဖို့ ဖားကန့်ဒေသခံများလည်း ကြိုးစားနေကြာင်းသတင်းရရှိသည်။

အဆိုပါလေးဦးသည် ကိုလဆမ် (ကချင်)၊ ဦးထွန်းသိမ်း(ရခိုင်)၊ ကိုစံလင်းအောင်(ရခိုင်)၊ ကိုအိုက်လင်း(ရှမ်း) တို့ဖြစ်ကြောင်းလည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။