Thursday, February 19, 2015

အစိုးရက BGFများ၏ သေနတ်ဟောင်းများအား ဖုန်ကျားရှင် တို့ထံမှ သိမ်းဆီးရသည်ဟု ပြည်သူများအား လိမ်ညာ

(Lachid Kachin)

ဗမာ့တပ်မတော်ရဲ့ လက်အောက်ခံ (BGF)အဖြစ် ယူနီဖောင်းဆင်၊ 
ဘက်တံဆိပ်တပ်၊ လခနဲ့ ရာရှင်ပေးထားတဲ့ BGF နယ်ခြား စောင့်
တပ် တပ်ရင်း အမှတ် ( ၁၀၀၆ )မှ စစ်သည်အများအပြားတို့သည်၎င်း
တို့ အား မြန်မာ စစ်တပ်က တပ်ဆင်ပေးထားသော သေနတ် အစုတ်
များ နှင့် ယူနီဖေါင်းများအား ချန်ခဲ့ ပြီး ဦးဖုန်ကျားရှင်းဦးဆောင်သော ကိုး
ကန့် အဖွဲ့ထဲသို့ ထွက်ပြေးသွား ကြကြောင်းသိရှိရပါသည်။ 


ထို့ အပြင် မြန်မာ စစ်တပ်၏ နယ်ခြားစောင့်တပ် တပ်ရင်း (၁၀၀၆)တပ်မှ 
တပ်ရင်းမှူး ဗိုလ်မှူးအဆင့် ရှိသူ ယန်ရှောက်ကျင်းက မိမိ၏ကျန်တဲ့တပ်ရင်း
တရင်းလုံးခေါ်ပြီးဦးဖုန်ကျားရှင်း ဦးဆောင်သော MNDAA အဖွဲ့သို့ ကူး
ပြောင်းသွားပြီ ဖြစ်ကြောင်း ထပ်မံ သတင်းရရှိပါသည်။



BGF တပ်ပြေး များ ချန်ထားတဲ့သေနတ်များ အားမြန်မာ စစ်တပ်မှ လိုက်
လံကောက်ယူပြီး မြန်မာစစ်တပ်နဲ့ မြန်မာအစိုးရ တို့သည် ၄င်း သေနတ်
များ သည် MNDAA ဦးဖုန်ကျားရှင်း အဖွဲ့ နှင့် တိုက်များတွင် ၄င်း ဦးဖုန်ကျားရှင်း 
တပ်ထံမှ သိမ်းဆီးရရှိသော သေနတ်တွေဖြစ်ကြောင်း မြန်မာ စိုးရမှ ၏
MRTV, နှင့် မြ၀တီ တို့ မှ တနိုင်ငံလုံးအား လိမ်လည် ကြေငြာ ခဲ့ ကြ 
ပြီး ဖြစ်သည်။


ယခုပုံပါသေနတ်များမှာ နယ်ခြားစောင့်တပ် BGF များပစ်ထားခဲ့သော 
သေနတ် အဟောင်းများ သာဖြစ်ပြီး ဦးဖုန်ကျားရှင်း အဖွဲ့များ ကိုင်သော
သေနတ် နှင့် ပုံစံအား ဖြင့် လည်း လုံးဝတူညီခြင်းမရှိ သည့် အပြင် ဦးဖုန်
ကျားရှင်းအဖွဲ့ များကိုင်ဆောင်သောသေနတ်များမှာ အားလုံးနီးပါးသေနတ်
အသစ် များသာ ဖြစ်ကြောင်းသိရှိရပါသည်။


(ပုံ-၁+၂+၃) BGF များထားခဲ့သောသေနတ်ဟောင်းများ၊ (ပုံ- ၄) လက်ရှိ 
ဦးဖုန်ကျားရှင်း အဖွဲ့ များနှင့် ၄င်းတို့ ကိုင်သော သေနတ်။






No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။