Friday, February 13, 2015

ကိုးကန့်ဒေသ နောက်ဆုံးရတိုက်ပွဲ သတင်း(13-2-2015)

(Lachid Kachin)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ တ၇ုတ်- မြန်မာ နယ်စပ် ၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၊ လောက်ကိုင်ဒေသတွင် မြန်မာ စစ်တပ် နှင့် ဦးဖုန်ကျားရှင်းဦးဆောင်သော ကိုးကန့်တပ် ဖွဲ့ တို့ (၉.၂.၂၀၁၅) ရက်နေ့မှ စတင် ကာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား လျှက်ရှိရာ ယနေ့ ဆိုရင် (၄)ရက်မြောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရပါသည်။

တိုက်ပွဲ ဖြစ်ပွားသော (၄)ရက်အတွင်း ယနေ့ အထိ မြန်မာ စစ်တပ်မှ ထိခိုက်ကျရှုံး မှု 
များပြီး မြန်မာ စစ်တပ်၏ ရှေ့တန်းစခန်း အတော်များများ အား လက်လွှတ်ဆုံးရှုံး ၊ ဆုတ်ခွာပေး လိုက်ရပြီ ဖြစ်ကြောင်း ကို လည်းသိရှိရပါသည်။
 
၎င်းကိုးကန့်တပ် ဘက်မှတိုင်းရင်းသားတပ်ပေါင်းစုများပါဝင်ကူညီတိုက်ခိုက်ပေး
နေကြောင်း ကို လည်း ထပ်မံသိရှိရပါသည်။ ကိုးကန့်တပ် နှင့် တိုင်းရင်းသားစုပေါင်း
တပ်များ သည် ယနေ့ည (၁၂.၂.၂၀၁၅) ရက်နေ့ ပြည်ထောင်စုနေ့ ည (၉း၀၀)နာရီ
အချိန်ခန့် မှ စတင်ကာ မြန်မာ အစိုးရ တပ် များ တပ်ထိုင်ရာ လောက်ကိုင် မြို့ ထဲ 
တွင်ဝင်ရောက်စီးနှင်း တိုက်ခိုက်နေ ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ 

ကိုးကန့် တပ်များ သည် (၁၀.၂.၂၀၁၅) ရက်နေ့ည တွင် လည်း အလားသူ 
လောက်ကိုင်မြို့ ထဲ ထိ ၀င်ရောက်ကာ အစိုးရ ရုံးအဆောက်အဦးအချို့ အား ၀င်စီး
ခဲ့ ကြောင်း လည်း သိရှိရပါသည်။

ယခုသတင်းရေးသားနေ ချိန် ည (၁၁း၀၀) အထိ လောက်ကိုင်မြို့ ထဲ တွင် တိုက်ပွဲ
များ အပြင်း အထန် ၊ အပြန်အလှန် တိုက်ခိုက်နေဆဲ ဖြစ် သည်။ တိုက်ပွဲ ဖြစ်ပွား
နေဆဲ ကြောင့် နှစ်ဘက် စစ်တပ်၏ ထိခိုက်မှု သတင်း အသေးစိပ်မသိရှိသေးပါ။

1 comment:

  1. ကရင်တွေဘာလို.ငြိမ်နေတာလဲ တိုင်းရင်းသားတပ်ပေါင်းစုတို.အောင်မြင်ပါ စေ အတူတကွတိုက်ရင်အောင်မြင်ပါတပ်ကရင်တပ်လည်းတိုက်စေချင်တယ်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။