Wednesday, February 11, 2015

ကိုးကန့် ဒေသ နောက်ဆုံးရ တိုက်ပွဲ သတင်း (11.2.2015)

(Lachid Kachin)

ကိုးကန့်ဒေသ တွင် (၉) ရက်နေ့ မှ စတင် ကာ မြန်မာ စစ်တပ် နှင့် ဦးဖုန်ကျားရှင်း ဦးဆောင် သော ကိုးကန့် အဖွဲ့ တို့ အပြင်းအထန် တိုက်ပွဲ ပြန်လည် ဖြစ်ပွား လျှက်
ရှိကြောင်း သိရှိရပါသည်။


တိုက်ပွဲ များ တွင် ကိုးကန့် တပ်ဖွဲ့ များ ဘက်မှ TNLA, ရခိုင်တပ်မတော် နှင့် တိုင်းရင်း
သားတပ်ပေါင်းစုတို့ ပါဝင် တိုက်ခိုက်နေကြောင်းလည်း သိရှိရပါသည်။တိုက်ပွဲ အတွင်း 
(၉.၁၀) ရက် တို့ တွင် မြန်မာ စစ်တပ် ဘက် မှ (အရာရှိ-၄)ဦး ကျဆုံးပြီး တပ်စခန်း အတော် များများ ဆုတ်ခွာ ပေးလိုက်ရခြင်း ကြောင့် လေကြောင်း မှ စစ်ရဟတ်ယာဉ်များ ၊ ဂျက်တိုက်လေယာဉ် များ ဖြင့် အကြိမ် ပေါင်း များစွာ ပစ်ကူပေးခဲကြောင်း သိရှိရ 
ပါသည်။ 



ထို့ အပြင် ဟိုပန်ဘက်မှ စစ်ကူ လာသော မြန်မာ စစ်တပ် အား တိုင်းရင်းသား တပ်ပေါင်းစုများမှ လမ်းတွင် ဖြတ်တိုက်ရာ ၄င်း ဟိုပန်မြန်မာ စစ်ကြောင်းမှ အရာရှိ
(၂)ဦး၊တပ်ကြပ် နှင့် ရဲဘော်များ ကျဆုံးပြီး ၄င်းတပ်သည် ဟိုပန်သို့ ပြန် လှည့် ခဲ့
ရကြောင်း ဒေသခံ မျက်မြင် သက်သေ များထံမှ သတင်းရရှိပါသည်။


ယနေ့ (၁၁.၂.၂၀၁၅) ရက်နေ့ တွင် ကိုးကန့် တပ် နှင့် တိုင်းရင်းသားတပ်ပေါင်းစု
များမှာ လောက်ကိုင် မြို့ အနီးထိ ချဉ်းကပ် နိုင် ခဲ့ ပြီ ဖြစ်ပြီး ယခုသတင်းရေးသား
နေချိန်တွင် လောက်ကိုင် မြို့ အနီးတွင် အပြင်းအထန် တိုက်ပြွဲဖစ်ပွားနေပြီ ဖြစ်
ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။