Thursday, January 15, 2015

KIA, တပ်ရင်း (၆) ဖါးကန့် ဒေသ ၌ တိုက်ပွဲ ပြန်လည် စတင်

(Lachid Kachin)

KIA, တပ်မဟာ (၂) လက်အောက်ခံ KIA, တပ်ရင်း (၆) ကမ္ဘာ ကျော်
ကျောက်စိမ်း များ ထွက်ရှိရာ ဖါးကန့် ဥရုဆိုင်းမော်ဒေသတွင် တိုက်ပွဲ
များ ပြန်လည် ဖြစ်ပွား နေ ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။


(၁၄.၁.၂၀၁၅) ရက်နေ့ မွန်းလွဲ (၁း၃၀) အချိန် ခန့် တွင် ဖားကန့် ၊ဂွေခါ
ဆပ်ပြာ ဂျောင် အထက်ရှိ KIA, တပ်ရင်း (၆)၏ တပ်ခွဲ (၅)တပ် ဖွဲ့ အား
မြန်မာ အစိုးရ စစ်တပ် တပ်မ (၆၆) လက်အောက်ခံတပ်များ မှ လာရောက်
တိုက်ခိုက်ခြင်း ကြောင့် တိုက်ပွဲ များ စတင် ဖြစ်ပွား ခဲ့ ကြောင်း သိရှိ
ရပါသည်။ ဤတိုက်ပွဲ တွင် မြန်မာ စစ်တပ်၏ လက်နက် အချို့ ကို လည်း
KIA, ကသိမ်းဆီးရရှိ ကြောင်း ကိုလည်း ရှေ့တန်းမှ ကနဦး သတင်းပေးပို့
လာ ပါသည်။



မြန်မာ စစ်တပ်မှ ယမာန်နေ့ ည(၁၄.၁.၂၀၁၅) သန်းခေါင်ယံ အချိန်မှ စတင်
ပြီး KIA, တပ်ရင်း (၆) ၏ ဖါးကန့် ဂင်ဆီ ၊ အောင်ဘာလီ ဘက်သို့ စစ်အင်
အား အလုံးအရင်း ဖြင့် ၀င်ရောက် လာပြီ ဖြစ်ကြောင်း ၊ယနေ့ နံနက် (၁၅.၁.
၂၀၁၅)ရက်နေ့ နံနက် အာရုဏ်ဦး ချိန်မှ စတင် ကာ ဖားကန့် ၊ဂင်ဆီ ၊ဆိုင်းရာ
ဘက်တွင် တိုက်ပွဲ များ စတင် ဖြစ်ပွား နေ ပြီ ဖြစ်ကြောင်း KIA, ရှေ့တန်း
အရာရှိများထံမှ သတင်းရရှိပါသည်။
တိုက်ပွဲ ၏ အသေးစိပ် အခြေအနေ များအား စုံစမ်း ဆဲ ဖြစ် သည်။


"ဦးသိန်းစိန် နှင့် အပေါင်း အပါ တသိုက် နှင့် ၄င်းတို့ ၏ နောက်လိုက် များ မှ
(၁၀.၁.၂၀၁၅) ရက်နေ့ ကချင် ပြည် နယ်နေ့ တွင် မြစ်ကြီးနားမြို့ ၊စီတာပူ
မနော ကွင်း ၌ ကချင် ၀တ်ဆုံ ၀တ်ကာ " Padang Manau" အောင်ပွဲ ခံ
မနော ပွဲ လာရောက်ပါဝင် ခြင်း မှာ ၄င်း တို့ မှ (ဗမာ အာဏာပိုင်များမှ)
ကချင် လူမျိုး များအပေါ် အောင်နိုင် ဖြစ်ကြောင်း အောင်ပွဲ ခံ နမိတ် အဓိပ္ပါယ်
ဖြင့် လာရောက် အောင်ပွဲ ခံ မနော်ကခဲ့ ခြင်း လော့...???"

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။