Wednesday, January 21, 2015

တပ်မတော်သားတစ်ဦးမှ အမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ရန်ကြံစည်

(Kachin Waves)

နမ့်မတူမြို့နယ် ၊ ခူဖိတ်ကျေးရွာအုပ်စု၊ ခူမောကျေးရွာတွင် မြန်မာ့တပ်မတော် တပ်မ ၇၇ မှ တပ်သားတဦးမှ အသက် ၃၀ အရွယ် အမျိုးသမီးတဦးအား ၂၀၁၅ခုနှစ် ဇန်န၀ါရီ ၂၀ ရက်နေ့နေ့လည်ပိုင်းတွင် မုဒိန်းကျင့်ရန် အတင်းအဓမ္မကြံစည်ခဲ့ကြောင်းသတင်းရရှိသည်။

သို့သော် အမျိုးသမီးမှ အော်ဟစ်သဖြင့် ထိုအမျိုး သမီးအား ထိုးကြိတ် ရိုက်နှက်ခဲ့သဖြင့် အသက်သေ ဆုံးလုနီးပါး ဖြစ်နေချိန်တွင် အိမ်နီးနားချင်းများမှ ပြန်လည်ကူညီပေးခဲ့သည့်အတွက် ပြန်လည်လွတ်မြောက်ခဲ့ကြောင်းလည်းသိရသည်။

 
ကာယကံရှင် အမျိုးသမီးမှာ သတိလစ်လုနီးပါး ဖြစ်နေ သဖြင့် ဆေးကုသခံယူခဲ့ရပြီးနောက် ယခုမနက်တွင် နေအိမ်သို့ပြန် လည်ရောက်ရှိကြောင်း သိရှိရသည်။

၁၉ ရက်နေ့တွင်လည်း စေတနာဝန်ထမ်းကျောင်းဆရာမ နှစ်ဦးမှား မုဒိမ်းကျင့်သတ်ဖြတ်ခံရပြီး နောက် ယခုလုပ်ဆောင်မှုသည်ရှမ်းပြည်မြောက်ပိုင်းရှိတပ်မတော် တပ်ရင်းများမှ နှစ်ရက်ဆက် ဒုတိယမြောက် လုပ်ရပ်လည်းဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။