Sunday, January 18, 2015

ဖားကန့်ဒေသ တိုက်ပွဲ ဆက်လက်ပြင်းထန်ဆဲ

(Kachin Waves)

ဖားကန့်အောင်ဘာလေတွင် ယနေ့တွင်လည်း တိုက်ပွဲပြင်း ထန်ဆဲဖြစ်ပြီး ယခုအထိ အစိုးရတပ်မတော်မှလည်းလက်နက်ကြီး အလုံး ၁၈၀ ကြိမ် ပစ်ခတ် ခဲ့ကြောင်းသတင်းရရှိသည်။

ထိုဒေသတွင် ယခုအချိန်တွင် အစိုးရတပ်မတော် တပ်သားများ အယောက် ၁၂၀၀ ခန့်ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ကေအိုင်အေ တပ်ရင်း (၆)မှ အရာရှိများမှဆိုသည်။

နံနက်မှစတင်ပြီးဆက်တိုက်ဖြစ်ပွားနေပြီး နေ့လည်ပိုင်းတွင် ခနတာ နားပြီး ပြန်လည်ပြင်းထန်းလျှက်ရှိကြောင်းလည်းဆိုသည်။


တိုက်ပွဲများသည် ကျောက်စိမ်းမှော်များတွင်သာ ဖြစ်ပွားနေကြောင်းဖြစ်ကြောင်း
လည်း လည်း ဆိုသည်။ 


ပိတ်မိနေသည့်ဒေသခံများသည်လည်း ယခုအထိ အစိုးရတပ်မတော် တပ်သားများ၏ ကျည်ကာတံတိုင်း ပမာ ဆက်လက် ခိုင်းစေခံလျှက်ရှိကြောင်းလည်းဆိုသည်။

ဖားကန့်ဒေသရှိ လူမှုအဖွဲ့အစည်းများ၊ဘာသာရေးခေါင်းဆောင်များ၊ဘုန်းတော်ကြီးများ နှင့်နိုင်ငံရေးပါတီများ သွားရောက် ရန်သွားခဲ့သော်လည်းလည်း တပ်မတော်မှ မသွားခဲ့ကြောင်းလည်းဒေသခံများမှဆိုသည်။

“သွားခေါ်မယ်ဆိုလည်း ဆန်ခါမှာထိုင်တဲ့ တပ်ကဗိုလ်ကမသွားခိုင်းဘူး။ ပြည်သူတွေကို မဲ့တစ်ပေါက်တောင် မစွန်းစေရဘူးလို့ပြောတယ်။”ဟု သွားရောက် ကယ်ထုတ်ရန် ကြိုးစားခဲ့သူတစ်ဦးဖြစ်သူဖားကန့်ဒေသခံတစ်ဦးမှဆိုသည်။

အောင်ဘာလေရှိဒေသခံများအား သွားရောက် ကယ်ထုတ်ရန် သွားခဲ့သည့် ကားများ ယမန်း နေ့မှစပြီး ယနေ့အထိ ခန်ခါတွင် ကားအစီး ၂၀၀ စီးခန့် ပိတ်နေဆဲဖြစ်ကြောင်းသိရသည်။ 

ကေအိုင်အေမှထိန်းသိမ်းထားသည့် ရဲသားသုံးဦးကိုမှု PCG မှတစ်ဆင့်ယနေ့လွတ်ပေးမည်ဖြစ်ပြီး အောင်ဘာလေမှဒေသခံများကိုခေါ်ထုတ်ဖို့လည်း PCG အဖွဲ့မှညှိနှိုင်းမည်ဖြစ်ကြောင်းလည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။