Wednesday, January 14, 2015

ဦးဘရန်ရှောင်၏ (၅၁)ကြိမ်မြောက် ရုံးချိန်းတွင် ဗိုလ်မှူးဇာနည်မင်းပိုက်တက်ရောက်

(Kachin Waves)

အမှုမှန်ဖော်ထုတ်ရန်အတွက် ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီမှ အဆိုတင်ရာ ဖားကန့်မြို့နယ်တရားရုံးမှ အခင်းဖြစ်ပွားရာနေရာဖြစ်သည့် မော်ဝမ်းရပ်ကွက် ဆွတ်ငိုင်ယန်ကျေးရွာတွင် ကွင်းဆင်းလေ့လာ စစ်ဆေး ခွင့်အား ၂ နှစ်ကြာသွားပြီဖြစ်သွားတဲ့အတွက် ၂၀၁၅ ဇန်နဝါရီ ၁၃ ၌ ပလပ်လိုက်ပြီဖြစ်သည်။

“ ခွင့်ပြုမိန့် မပေးဘူး” ဟု ဦးဘရန်ရှောင်၏ ရှေ့နေတစ်ဦးမှဆိုသည်။


တစ်နှစ်ကျော် အမှုရင်ဆိုင်ရန်ပျောက်ဆုံးနေသည့် တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်မှာ ယခု ၅၁ ကြိမ်မြောက် အမှုရင်ဆိုင်ရန် ဖားကန့်မြို့သို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။

“ သူဘယ်အချိန်ဖားကန့်ကို ရောက်လာတာလဲတော့မသိဘူး။ သူ့ကို ခေါ်ထားတာတော့ကြာပြီ။ ဒါပေမယ့် အခုတော့ ရောက်လာပြီ။” ဟု အဖြစ်ဖော်ထုတ်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးမှပြောသည်။
တရားလို ဗိုလ်မှူးဇာနည်မင်းပိုက်မှာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ထံသို့ သမီးသေဆုံးခြင်း နှင့်ပတ် သက်၍ုဖခင်ဖြစ်သူ ဦးဘရန်ရှောင်မှာ အမှန်တရားဖော်ထုတ်ရေးကိုတိုင် ကြားခဲ့ရာ လိမ်လည်တိုင်ကြားခဲ့သည် ဟုဆိုကာ ဗိုလ်မှူးဇာ နည်မင်း ပိုက်မှ ပုဒ်မ ၂၁၁ဖြင့်တရားစွဲထားသည်။

မဂျာဆိုင်းအိန်သေဆုံးခြင်းနှင့် ပတ်သက်၍ဖြစ်ရပ်မှန်ဖော်ထုတ်ရေးကော်မတီမှ စစ်ဆေးရေးကော်မတီ နှင့်လွတ် လပ်ပြီးတရားမျှတတဲ့ အဖွဲ့ ထားရှိရန် နိုင်ငံတော်အစိုးရထံ အကြံပြုတိုက်တွန်းထားကြောင်းလည်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၆ ၂၀၁၄ ၌ ဂျာဆိုင်းအိန်သေဆုံးခြင်းနှင့်ပတ်သက်၍ အမှန်တရားဖော်ထုတ်ရန် အဖြစ်မှန်ပေါ်ပေါက်ရေးကော်မတီ၊ မှ ရှင်းလင်းပွဲအား ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့ပြီး ဖားကန့်မြို့ နှင့် မြစ်ကြီးနားမြို့ တွင်လည်းပြုလုပ်ခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။