Friday, January 16, 2015

ဖားကန့်တိုက်ပွဲတွင် အစိုးရစစ်တပ်မှ ဒေသခံများအား ရှေ့တန်းသို့ခေါ်ဆောင်ကာ ကျည်ကာတံတိုင်းသဖွယ်ပြုလုပ်လျက်ရှိ

(Kachin Waves)

အစိုးရစစ်တပ်မှ လုံးခင်းကျေးရွာ အုပ်စု အောင်ဘာလေကျေးရွာမှ ဒေသခံများအား တိုက်ပွဲဖြစ်နေ သည့် ရှေ့တန်းသို့ခေါ်ဆောင်ကာ ကျည်ကာ တံတိုင်းသဖွယ်အသုံးပြုလျက်ရှိကြောင်းသတင်းရရှိသည်။

ရှေ့တန်းသို့ခေါ်ဆောင်ခံရသူများအား အစိုးရစစ်တပ်မှ ရိုက်နှက်မှုများပြုလုပ်ခြင်း၊ တိုက်ပွဲအတွင်းကျဆုံးသွား သည့် တပ်သားအလောင်းများအားထမ်းခိုင်းခြင်း မိုင်းများရှင်းခိုင်းခြင်း များပြုလုပ်နေကြောင်း ဒေသခံတစ်ဦးမှဆိုသည်။ 

 
ထိုသို့ခေါ်ဆောင်ရာတွင်အမျိုးသာများသာမက အမျိုးသမီးများလည်း ပါဝင်ကြောင်း လည်းသိရသည်။ 

ထိုဒေသခံများသည် စစ်သားများ၏ရှေ့မှသွားရပြီး စစ်သားများသည် ထိုဒေသခံများနောက်မှသာ သေနတ်ကိုင်များလိုက်ကြောင်းလည်းဆိုသည်။

အောင်ဘာလေကျေးရွာတွင် ပိတ်မိကျန်ရှိနေသည့် ဒေသခံပြည်သူတစ်ထောင်ကျော်ရှိနေပြီး ကချင်၊ ရှမ်း၊ ဗမာ၊ ကရင်၊ ရခိုင်၊ တရုတ် စသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်နေကြောင်းသိရသည်။

သို့သော်ရှေ့တန်းသို့ခေါ်ဆောင်သွားခံရသူ အများစုမှာ ကချင်လူမျိုးများသာဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။