Wednesday, January 21, 2015

မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကချင်အမျိုး သားများအတိုင်ပင်ခံအဖွဲ့ သဘောထားထုတ်ပြန်

(Kachin Waves)

မြန်မာ့တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုနှင့်ပတ်သက်၍ ကချင်အမျိုး သားများအတိုင်ပင်ခံအဖွဲ့၏ သဘောထားထုတ်ပြန်လိုက်ကြောင်းသိရသည်။

သဘောထားထုန်ပြန်ကြေညာချက်စာတွင် ပြည်သူများကို တံတိုင်းအဖြစ် အသုံးချခြင်း၊ ဖိနှိပ်ချုပ်ချယ် ခြင်း၊ ခြိမ်းခြောက်မှုပြုလုပ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများမပြုလုပ်ရန် နှစ်ဖက်တပ်များအား အလေး အနက်တောင်းဆိုကြောင်းပါရှိသည်။


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ဒေသများသို့ မြန်မာ့တပ်မတော်မှ စစ်ကြောင်းများဖြင့် ထိုးစစ် ဆင်ခြင်း၊ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းများလုံးဝရပ်ဆိုင်းရန်နှင့် စစ်ကြောင်းများအမြန်ဆုံး ရုပ် သိမ်းရန် တို့ပါရှိသည်။

အဆိုပါသဘောထားထုန်ပြန်ကြေညာချက်တွင် အချက် ၇ချက်ပါရှိသည်။

ဖားကန့်မြို့တွင် အစိုးရစစ်တပ် နှင့် ကေအိုင်အေတပ်ကြား ယခုအချိန်ထိတိုက်ပွဲများဆက်လက်ဖြစ်ပွားနေ ကြောင်းသတင်းရရှိသည်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။