Tuesday, January 13, 2015

ဗမာ စစ်တပ်အရာရှိနှင့် တရုတ် တို့၏ ဘိန်းခင်းအား ဒေသခံ ကိုယ်ထူကိုထဘိန်းတိုက်ဖျက်ရေးအဖွဲ့မှ ဖျက်ဆီး

(Lachid Kachin)


ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း ဒေသတွင် ၄င်းဒေသ သို့ ရောက်ရှိ နေ သော
မြန်မာ အစိုးရ စစ်တပ် မှ အရာရှိ များ နှင့် ဒေသတွင်းမှ တရုတ် လူမျိုးတို့ နားလည်မှု (စစ်တပ်အားငွေပေးပြီး) ဖြင့် စိုက် ပျိုး ထားသော ဘိန်းခင်းများအား ဒေသခံ ကချင် လူထုမှ(ကချင် ကိုယ်ထူ ကိုထဘိန်း တိုက်ဖျက်ရေးအဖွဲ့) ၀င်ရောက်ဖျက်ဆီး ခဲ့ကြောင်းသတင်းရရှိပါသည်။



ရှမ်းပြည်နယ်မြောက်ပိုင်း ၊တရုတ်-မြန်မာ နယ်စပ် ပန်ဆိုင်း မြို့နယ် " ဒွန်အော် "
ရွာပတ် ၀န်းကျင် တွင် မြန်မာ အစိုးရစစ်တပ် အားငွေပေးပြီး နားလည် မှုဖြင့်
(အစိုးရတပ် နှင့် အပေးအယူဖြင့်)တရုတ်လူမျိုး များစိုက်ပျိုး ထားသော ဘိန်းခင်း
များအား ယနေ့ (၁၂.၁.၂၀၁၅) ရက်နေ့ နေ့လည် (၁၂း၀၀) အချိန် တွင် ဒေသခံ
ကချင် ကိုယ်ထူ ကိုယ်ထ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ KIA,တပ်ရင်း
(၃၆)မှ KIA, ရဲဘော်များ၊ ကျေးလက်ဒေသ KIO, အရပ်သားအုပ်ချုပ်ရေးအဖွဲ့များ၊
ကချင် နှင့် အခြားဒေသခံ ရွာသားများ ပူးပေါင်းပြီး အင်းအား (၁၂၀) ခန့် ပါဝင်ကာ ၄င်းဘိန်းခင်းများ အား လိုက်လံ ဖျက်ဆီး ခဲ့ကြောင်းသိရှိရပါသည်။


ယခုအခါ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် ကချင် ပြည်နယ် အနှံ့ ဒေသများတွင်
KIO, မှူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ နှင့် ဒေသခံ ကချင် ကိုယ်ထူကိုထ မှုးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ တို့ မှ ဒေသတွင်း၌ ဘိန်းနှင့် မှုးယစ်ဆေးဝါး
များအား စိုက်ပျိုးထုတ်လုပ်၊ ရောင်းဝယ်ခြင်း သုံးစွဲ ခြင်း တို့ အား ပြင်းပြင်းထန်ထန်
တားဆီးပိတ်ပင် အရေးယူ ဖမ်းဆီးမှု များ ပြု လုပ်နေသည် ဖြစ် ရာ ဒေသတွင်း၌
ဘိန်း နှင့် မှူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ်ေ၇ာင်းဝယ် မှုများ သိသိသာသာ
ကျဆင်းလာပြီ ဖြစ်သော် လည်း အချို့ ဒေသများတွင်မှု ယခုကဲ့သို့ တရုတ် လုပ်ငန်း
ရှင်များ မှ မြန်မာ စစ်တပ် အရာရှိများ နှင့် ပူးပေါင်းကာ ဗမာ စစ်အရာရှိများ အား
ငွေပေးပြီး ၄င်းတို့ နှင့် နားလည်မှုယူကာ စိုက်ပျိုး နေ ကြကြောင်း၊ အစိုးရ တပ်များ
နှင့် ၄င်းတို့ ခန့် ထားသော ဌာနေ ပြည်သူ့ စစ်အဖွဲ့ များ အုပ်ချုပ် ဒေသများတွင် မှု ဘိန်းစိုက်ပျိုးထုပ်လုပ်မှုများပိုမို ကြီးထွားနေ ကြောင်း ၊ အစိုးရ စစ်တပ် မှလည်း ထို ဘိန်းခင်းများ အား ၀င်ရောက် ဖျက်ဆီးခြင်း မပြု နိုင်ရန် နယ်မြေ လုံခြုံရေး အကြောင်း
ပြ ကာ ဘိန်းခင်းများအား ဒေသခံ ဘိန်းတိုက် ဖျက်ရေး အဖွဲ့ များမှ မဖျက်ဆီးနိုင်
အောင် ကာကွယ်ပေးနေ ကြောင်း ဒေသခံများထံမှ သိရှိရပါသည်။


ယနေ့ ဖျက်ဆီးသော ဘိန်းခင်းပိုင်ရှင်များ ကို လည်း ဒေသခံ ဘိန်းတိုက် ဖျက်ရေး
အဖွဲ့ မှ ဘိန်းစိုက်ပျိုးခြင်း မပြု လုပ်ရန် အကြိမ်ကြိမ် သတိပေး သော်လည်း ၄င်းတို့
မှလိုက်နာ ခြင်းမရှိခြင်းကြောင့် ယခု လို KIA,၏ အကူအညီ (KIA,လုံခြုံရေးယူပေး
ပြီး) ဖြင့် ဖျက်ဆီးရကြောင်း ကို လည်း ဒေသခံများ ထံ မှ ထပ်မံ သိရှိရပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။