Friday, January 16, 2015

အစိုးရစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ခါးဂါးကျေးရွာမှ ဒေသခံများတစ်ဖန်ထွက်ပြေးတိမ်းရှောင်

(Kachin Waves)

ပူတာအိုခရိုင်ရှိ အင်ခါးဂါး ကျေးရွာတွင် ၂၀၁၅ ဇန်နဝါရီ ၁၅ရက် ၌ အစိုးရတပ်မတော် တပ်ရင်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံများ မရောတ်ကျေးရွာသို့ အားလုံးထွက်ပြေးခဲ့ကြောင်းသိရသည်။
ယခုအချိန်ထိ လမ်းမရှောက်နိုင်သည့် အဖိုးအို ၆ ဦး အစိုးရစစ်တပ်နှင့်အတူ အင်ခါးဂါး ကျေးရွာတွင် ကျန်ရှိနေ သေးကြောင်းသတင်းရရှိသည်။

 
အင်ခါးဂါးကျေးရွာမှာ လွန်ခဲ့သည့် ၂၀၁၃ သြဂုတ်လတွင် အစိုးရစစ်တပ်မှ ဒေသခံများအား ညှင်းပန်းနှိပ်စက်မှု များပြုလုပ်ခဲ့ပြီး သုံးဦးမှာ အသတ်ခံခဲ့ရသည်။

ယခင်ပြောင်းရွှေ့ခဲ့ကြသည့် အင်ခါးဂါးကျေးရွာ နှင့် ထိုကျေးရွာ အနီးတစ်ဝိုက်ရှိဒေသခံအချို့သည် မချမ်းဘော့ နှစ်ခြင်းအသင်းတော် နှင့် ပူတာအို နောင်ခိုင်နှစ်ခြင်းအသင်းတော် ဘုရားကျောင်းများရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။