Sunday, January 18, 2015

ဖါးကန့် တိုက်ပွဲ အခြေအနေ ၊အစိုးရတပ်ထံမှ လက်နက်ကြီးများ သိမ်းဆည်းရရှိ

(Lachid Kachin)

ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ ကေအိုင်အေ တပ်ရင်း (၆) ဥရုဆိုင်း
မော် ဖားကန့် ဒေသတွင် မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ်များ
နှင့် ကေအိုင်အေ တပ်ရင်း (၆) တို့ အကြာား တိုက်ပွဲ အပြင်း အထန် ပြန်လည်
ဖြစ်ပွား သည် မှာ ယနေ့ နဲ့ဆို (၄) ရက်ထဲရောက်ရှိ လာ ပြီ ဖြစ် ကြောင်း
သိရှိရပါသည်။


ထိုသို့ တိုက်ပွဲ ဖြစ်ပွား သည့် (၄) ရက် အတွင်း တိုက်ပွဲ ပထမနေ့ (၁၅. နှင့် ၁၆၊
၁၊၂၀၁၅) ရက်များတွင် ကေအိုင်အေ ဘက် မှ ပြည် သူလူထု ကျေးရွာ သားများ
ကို ထိ ခိုက်မည်ကို ထောက်ထား ပြီး ခံ စစ်သဘော အနေ အထား ဖြင့် သာ နေ
ခဲ့ ပြီး ၄င်းတို့ ၏စခန်း (၄) ခု အထိ ဆုတ်ခွာ ပေးခဲ့ ကြောင်းသိရှိရပါသည်။



သို့သော် မြန်မာ စစ်တပ်မှ စစ်အင်အား အလုံး အရင်း ဖြင့် ကေအိုင်အေ တပ်ရင်း
(၆) ဌာနချုပ် အနီးထိ ထပ်မံ ထိုးစစ်ဆင်လာ ခြင်းကြောင့် ကေအိုင်အေ တပ်များ
အနေ ဖြင့် ( ၁၆) ရက်နေ့ မွန်းလွဲ (၁)နာရီခန့် မှ ပြန်လည် စတင် ကာ မိမိတို့ ဆုတ်ခွာပေးခဲ့သော စခန်းများ အား ပြန်လည် ရရှိနိုင်ရန် အတွက် တန်ပြန်ထိုး
စစ်ဆင်လာ ခဲ့ရာ မက်ပိုင်းကဆုတ်ပေးလိုက်သော တန်ဂေါင် စခန်းအားနေချင်း ပြန်လည် သိမ်းပိုက်နိုင်ခဲ့၊ (၁၇) ရက်နေ့ ယမာန်နေ့ တွင် Wa Je Post, နှင့် RCM
ဆုတောင်းတောင် အနီးရှိ စခန်း တို့ အား ပြန်လည် သိမ်းပိုက် နိုင်ခဲ့၊ ဆက်လက်
ပြီး ပထမဦးဆုံး ကေအိုအေ မှ ဆုတ်ခွာ ပေးခဲ့ သော အောင်ဘာလေ အနီးရှိ မိုင်ဆပ်ဂေါင် စခန်း အား ပြန်လည် သိမ်းပိုက်ရန် တိုက်ခိုက် လာစဉ် မြန်မာ
စစ်တပ် မှ ရွာသား များ ကြားထဲ သို့ ၀င်ရောက် ကာ ကာဝါ ယူပစ်ခတ်နေ ခြင်း
ကြောင့် ကေအိုင်အေ မှ ရှေ့တိုးတိုက်ပါ ကရွာသားများ အား ထိမည် ဖြစ်သော
ကြောင့် မှ ထိုးစစ် ကို ရပ်လိုက်ရကြောင်း သိရှိရပါသည်။ 


(၁၇) ရက်နေ့၌ ကေအိုင်အေ မှ မြန်မာ စစ်တပ် အား လိုက်လံ ရှင်းလင်း တိုက်
ထုတ်ရာတွင် မြန်မာ စစ်တပ်ထံမှ လက်နက်ကြီး၊ငယ် အချို့ သိမ်းဆည်းရမိကြောင်း
ကို လည်း သိရှိရပါသည်။ သိမ်းဆီးရမိသော မြန်မာစစ်တပ် တပ်မ (၆၆) ၏
လက်နက်များမှာ (၆၀-မမ) လက်နက်ကြီး (၂) လက်၊ ဗဇူဂါ (RPG) 1 လက် နှင့် အခြားလက်နက် ငယ်များ နှင့် လက်နက်မျိုးစုံ မှ ကျည် အများအပြား တို့ ကို သိမ်းဆည်းရရှိကြောင်း ကေအိုင်အေ ရှေ့တန်း အရာရှိများထံမှ သတင်းရရှိ
ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။