Monday, January 19, 2015

မြန်မာစစ်တပ်မှ ကေအိုင်အေနှင့် တိုက်ပွဲတွင် ဓာတု လက်နက် အသုံးပြုမှုအပေါ် ကေအိုင်အေ ဗိုလ်မှူးကြီး တစ်ဦးနှင့် မေးမြန်းချက်

(Kachin Waves)

“ဒီ ရဲ (၃) ယောက်ဖမ်းခံရတဲ့ကိစ္စနဲ့ပဲတော့ ဒီလောက်တော့ မဖြစ်သင့်ဘူး။ တကယ်ပဲအစိုးရတပ်မတော်ဘက်မှ စစ်ပွဲမဖြစ်ချင်ဘူးဆိုရင် အချင်းချင်းအကြာင်းကြားပြီး ညှိနှိုင်းဆွေးနွေးလို့ရတယ်။ ဒီရဲသုံးယောက်ကိစ္စက သူတို့ခေါင်းစဉ်တပ်တာပဲ။”

ဖားကန့်ဒေသတွင်၂၀၁၅ ဇန်ဇ၀ါ ၁၅ ရက်နေ့မှစပြီးယနေ့အထိ အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ကြားတိုက်ပွဲတင်းမာလျှက်ရှိသည်။ 

ထိုတိုက်ပွဲကြားတွင် ဒေသခံများ ထောင်ချီကလည်း ပိတ်ဆို့နေရတယ်ကြားရပါတယ်။ ပြီးတော့ ထိုဒေသခံများကို ကယ်ဆယ်ဖို့သွားသည့် ကူညီသည့်အဖွဲ့ကိုလည်း တပ်မတော်က မသွားခိုင်းဘူးလို့ကြားရပါတယ်။ ယခုအချိန်ထိ တိုက်ပွဲပြင်းထန်ဆဲဖြစ်ပြီး အစိုးရတပ်မတော်မှ ဓာတုလက်နက်များပါ သုံးနေတယ်ကြားသိရပါတယ်။ 


၂၀၁၂ လိုင်ဇာအနီးတ၀ိုက်တွင်ဖြစ်သည့် တိုက်ပွဲများတွင်လည်း အစိုးရတပ်မတော်ဘက်မှ ဓာတုလက်နက်သုံးခဲ့ဖူးပါတယ်။ဒီအပေါ်ကေအိုင်အေ ဗိုလ်မှူးကြီးနှင့် တွေ့ဆုံမေးမြန်းထားပါတယ်။
Kachinwaves ။။ ဖားကန့်အောင်ဘာလေတိုက်ပွဲမှာ ၂၀၁၅ ဇန်ဇ၀ါရီ ၁၈ ရက်နေ့က အစိုးရ တပ်မတော်မှ ဓာတုလက်နက်သုံးတယ်ဆိုတာ ဘယ်လိုလဲ။

ကေအိုင်အေဗိုလ်မှူးကြီး။။ မှန်တယ် ။ မနေ့ကသုံးတယ်။ 
ကျွန်တော်တို့အဖွဲ့တွေ ခေါင်းမူးတယ်။အန်တယ်။ မူးပြီးလှဲသွားတာတွေလည်းရှိတယ်။

Kachinwaves ။ အခုလိုမျိုးဖားကန့်မှာ တိုက်ပွဲပြင်းထန်လာတဲ့အပေါ်ဘယ်လိုမြင်လဲ။ ဘာကြောင့်လို့ထင်လဲ။

ကေအိုင်အေဗိုလ်မှူးကြီး။ ။ သူတို့(အစိုးရတပ်မတော်) က ၂၀၁၄ အောက်တိုဘာလကတည်းက ကျွန်တော်တို့ထိုင်နေတဲ့အောင်ဘာလေကို ၂၄ နာရီအတွင်း ပြောင်းပေးဖို့ပြောတယ်။ ဖိအားပေးတယ်။ ထိုကတည်းက တင်းမာမှုတွေရှိနေပြီ။ သူတို့က အောင်ဘာလေကိုလိုချင်လို့ ကျွန်တော်တို့ကို အပြစ်ရှာနေတာကြာပြီ။ အခုရဲ (၃) သုံးယောက်ကိစ္စဟာ သူတို့တမင်သက်သက်အပြစ်ရှာတာပဲ။ 

ကျွန်တော်တို့အောက်ခြေကလူတွေက သေနတ်ပါလို့သာ ထိန်းသိမ်းထားတာဟုတ်တယ်။ ပြန်လွတ်ပေးဖို့လည်း ပြောထားပြီးတာဟုတ်တယ်။ အထက်ကိုလည်း အကြောင်းကြားထားပြီးသားဟုတ်တယ် ပြန်လွတ်ပေးဖို့ကိစ္စကို။ဒါကိုသူတို့က လာတိုက်တော့ ရဲ သုံးယောက်ကိုလည်း ကျွန်တော်တို့ အချိန်မီပြန်လွတ်ပေးလို့မရတော့ဘူး။

ဒီ ရဲ သုံး ယောက်ဖမ်းခံရတဲ့ကိစ္စနဲ့ပဲတော့ ဒီလောက်တော့ မဖြစ်သင့်ဘူး။ 
တကယ်ပဲအစိုးရတပ်မတော်ဘက်မှ စစ်ပွဲမဖြစ်ချင်ဘူးဆိုရင် အချင်းချင်းအကြာင်းကြားပြီး ညှိနှိုင်းဆွေးနွေးလို့ရတယ်။

ဒီရဲသုံးယောက်ကိစ္စက သူတို့ခေါင်းစဉ်တပ်တာပဲ။ 


သူတို့ခေါင်းစဉ်ရသွားတာပဲ။ ပြန်လည်ညှိနိုင်းလို့လဲမရဘူး.။ ဒီပြသနာကို တိုက်ပွဲနဲ့ဖြေရှင်းလို့မရဘူးဆိုတာသိတယ်။ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့က တွေ့ဆုံဆွေးနွေးမှုနဲ့ပဲ သွားဖို့ရှိတယ်။ အခြားတိုင်းရင်းသားအဖွဲ့များနဲ့အတူတကွ အလုံးသဘောတူထားတဲ့ လမ်းကြောင်းအတိုင်းပဲသွားမယ်။ 

Kachinwaves။။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။