Tuesday, January 20, 2015

ဖားကန့် ကံဆီးဒေသသို့ ၀ါဒဖြန့်ရန် မြ၀တီ သတင်းထောက်များရောက်ရှိနေ

(Kachin Waves)


ယခု အချိန်ဖားကန့် ကံဆီးကျေးရွာ တွင် အစိုးရပိုင် မီဒီယာဖြစ်သည့် မြဝတီ သတင်းထောက် နှင့် မြန်မာ့ အသံသတင်းထောက် များရောက် ရှိနေပြီး မမှန်မကန် ဝါဒဖြန့်ရန် အတွက် အောင်ဘာလေကျေးရွာ သို့ရောက်ရှိကာ ဒေသခံမဟုတ်သည့် အခြားသူ များ အစိုးရ၀န်ထမ်း များအား အင်တာ ဗျူးများမေးမြန်ခြင်း များ ပြုလုပ်လျက် ရှိကြောင်း ဖားကန့်ဒေသခံများမှ ဆိုသည်။

 
“ကံဆီးမှာကျောင်းလည်းပိတ်ထားတယ်။ ကျောင်းလည်းမဖွင့်တာကို ဖွင့်တယ်ဆိုပြီး ဟန်ဆောင်ပြီး မှတ်တမ်းရိုက်နေတယ်။” ဟု အောင်ဘာလေဒေသခံတစ်ဦးမှဆိုသည်။ 

ယခုအချိန်တွင် အောင်ဘာလေဒေသခံများသည် အစားအသောက်အခက်အခဲများရှိလာသည်သာမက ဖုန်းအဆက်အသွယ်မရအောင် တပ်မတော်မှ ဖုန်းများကိုပါသိမ်းမည်ဟု ပြောဆိုနေကြာင်းလည်းသိရသည်။ 

ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG မှ အောင်ဘာလေကျေးရွာ၌ ပိတ်မိနေသည့် ဒေသခံများအား ယနေ့ဇန်န ဝါရီ ၂၀ တွင်သွားရောက်တွေ့ဆုံခေါ်ဆောင်ရန်စီစဉ်ထားသော်လည်း အစိုးရတပ်မတော် တပ်မ (၆၆) တပ်မမှူးမှသွား ခွင့်မပြု ကြောင်းလည်းသိရသည်။ 

တိုက်ပွဲအခြေအနေမှာ ပြောက်ကျားတိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။