Monday, January 19, 2015

ဖားကန့်တိုက်ပွဲနောက်ဆုံးအခြေအနေ (19-1-2015)

(Kachin Waves)

ဖားကန့်ဒေသတွင် ယနေ့ (၅) ရက်မြောက်နေ့အထိ တိုက်ပွဲအနည်းငယ်ဖြစ်ပွားနေဆဲဖြစ်ကြောင်းသိရသည်။ 

တိုက်ပွဲများဖြစ်နေသည့်ဒေသတွင် ငြိမ်းချမ်းရေးအကျိုးဆောင် PCG အဖွဲ့မှ ရောက်ရှိနေပြီဖြစ်ပြီး ရဲသုံးယောက်အား မကြာခင် PCG မှတဆင့်လွဲပေးတော့မည်ဖြစ်ကြောင်းလည်းသိရသည်။

PCG အဖွဲ့ရောက်နေသည့်အတွက် တိုက်ပွဲသည် လွန်ခဲ့သည့် ရက်တွေလို မပြင်းထန်ပဲ ငြိမ်းသက်နေကြောင်း နေကြောင်းသိရသည်။


ရဲသုံးယောက်ကိုလွတ်ခြင်းသည် အစိုးရတပ်မတော်ကို ကြောက်ပြီး လွတ်ခြင်းမဟုတ်ကြောင်း အစောကြီးကတည်းက ပြန်လွတ်မည်ဟုသဘောတူထားသည့်အတိုင်း ပြန်လွတ်ခြင်းသာဖြစ်ကြောင်းလည်း ကေအိုင်အေ အရာရှိတစ်ဦးမှဆိုသည်။

ထိုရဲသုံးဦးနှင့်ပါခဲ့သည့် ရွှေ ငွေ ပစ္စည်းများအား အကုန်ပြန်အပ်မည်ဖြစ်သော်လည်း သေနတ်နှင့် လက်ထိတ်ကိုမှုပြန်လည် အပ်နှံမည်မဟုတ်ကြောင်းလည်းသိရသည်။

ဒုက္ခသည်များသည်လည်း တပ်မတော်သားများ၏ ယခုအချိန် ပိတ်ဆို့မှုကြောင့် ပိတ်မိနေဆဲဖြစ်ပြီး စားစရာ အစားအသောက်များ ခက်ခဲနေကြောင်းလည်းဆိုသည်။

နောက်ထပ် တိုက်ပွဲပြန်လည်ပြင်းထန်းမည် မပြင်းထန်မည်သည် အစိုးရတပ်မတော်အပ်ါသာမူတည်ပြီး တပ်မတော်မှ ယခုကဲ့သို့ ဆက်လက်အင်းအားတိုးချဲ့ထိုးစစ်ဆင်နေပါက တိုက်ပွဲဆက်လက်ပြင်းထန်မည်သာဖြစ်ကြောင်းလည်း ကေအိုင်အေ အရာရှိတစ်ဦးမှဆိုသည်။ 

ယခုအချိန်ထိ အစိုးရတပ်မတော်ဘက် ဗျူးဟာမှူးတစ်ဦးအပါအ၀င် တပ်သားများ အယောက် (၅၀)ယောက်ခန့် ကျဆုံးပြီဖြစ်ကြောင်းလည်းသိရသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။