Thursday, January 15, 2015

ဖါး ကန့် တိုက်ပွဲ နောက်ဆုံးရ သတင်း (11 am)

(Lachid Kachin)

၁၅.၁.၂၀၁၅ ရက်နေ့ နံနက် (၁၁)နာရီ
KIA, တပ်ရင်း (၆) ဖါးကန့် ဥရုဆိုင်း မော်၊ ဂင်ဆီ ဘက်သို့ မြန်မာ စစ်တပ်မှ စစ်အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင် တိုက် ခိုက် လာခြင်း ကြောင့် ယနေ့ (၁၅.၁.၂၀၁၅) ရက်နေ့ နံနက် (၆) နာရီ မှ (၉း၃၀) အထိ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား ခဲ့ေ ကြာင်း သိရှိရပါသည်။



မြန်မာ စစ်တပ် မှ ဥရုချောင်း ကို ဖြတ် ကာ တဖက် ကမ်းရှိ ကေအိုင် တပ်ရင်း (၆) ၏
Maisak kawng Post မိုင်ဆပ်ကောင် စခန်း အား လာရောက် သိမ်းပိုက်ရန်အတွက်
လာရောက် ထိုးစစ်ဆင် တိုက် ခိုက် ခြင်း ဖြစ်ကြောင်း၊ မြန်မာ စစ်တပ် မှ ဤ စခန်းသိမ်း ရန် အတွက် တိုက် ခိုက်မှု တွင် လက်နက် ကြီး များ ဖြင့် ပရမ်းပတာ ပစ်ခတ်ခြင်းကြောင့်
အောင်ဘာလီ ကျေးရွာ သို့ လက်နက်ကြီးများ ကျရောက် ထိမှန် ခြင်း များ ရှိကြောင်း ထိခိုက်မှု အသေးစိပ် မသိရသေးပါ။


မြန်မာ စစ်တပ်မှ ယခု အချိန်ထိ ထိုကေအိုင်အေ ၏ Maisak Kawng တပ်စခန်း အား သိမ်းပိုက်နိုင်ရေး အတွက် အပြင်း အထန် တိုက် ခိုက် နေဆဲ ဖြစ်ကြောင်း KIA, ရှေ့တန်း အရာရှိများ ထံမှ သတင်း ပေးပို့ လာပါသည်။
ထို့ အပြင် အင်းတော်ကြီးနယ် ဖြစ်သော နမ့်မိတ် တွင် လည်း ယနေ့ နံနက် (၆)နာရီခန့် မှ စတင်ကာ တိုက်ပွဲ အပြင်း အထန် ဖြစ်ပွား နေ ကြောင်း လည်း ထပ်မံ သတင်းရရှိပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။