Thursday, January 1, 2015

တပ်မတော်ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက် ခံရ

(Mizzima)

မန္တလေး - လားရှိုး ပြည်ထောင်စု လမ်းမပေါ်ရှိ ကျောက်မဲမြို့နယ်၊ လုံဝယ်ကျေးရွာ အနီးတွင် စစ်သင်တန်း တက်ရောက်မည့် သင်တန်းသား ၁၄၂ ဦးကို တင်ဆောင် လာသည့် တပ်မတော် ယာဉ်တန်း ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက မိုင်းဆွဲ တိုက်ခိုက် ခံရ သည်ဟုဒေသ ဆိုင်ရာ တပ်မတော် တပ်ရင်း တပ်ဖွဲ့နှင့် အုပ်ချုပ်ရေး တာဝန် ရှိသူ တို့က အတည်ပြုသည်။

၂၀၁၅ ခုနှစ်၊ နှစ်သစ်မှာ ကချင်ပြည်နယ်၊ တရုပ်-မြန်မာအစိုးရများ

(Ngunjawa)

၂၀၁၄ တနှစ်လုံး - ကချင်ကေအိုင်အေ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့နဲ့ မြန်မာ စစ်တပ်တို့ ငြိမ်းချမ်းရေး အခြေအနေ အစ ပျိုးလာတယ် လို့ ပြောနိုင်ပါ တယ်။ ၂၀၁၅ လွတ် လပ်ရေးနေ့ကို ၁၉၆၀နောက် ပိုင်း ပထမဆုံး စစ်အင်အားနဲ့ ဗိုလ်ရှုခံ သဘင် နေပြည်တော်မှာ ပြုလုပ်ဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကို အစိုးရသစ်က ဖိတ်ကြားပါတယ်။ ကချင်ကေအိုင်အေ ကို ငြိမ်းချမ်းရေးလက်မှတ်မထိုး လို့ ဆိုပြီး မဖိတ်ခေါ် တာ မြန်မာ စစ်အစိုးရဟောင်းရဲ့ နိုင်ငံရေး ဖိအားပေးချက်ဖြစ်ပါတယ်။ ပြီးတော့ အခု  ကေအိုင်အေ စစ်ဌာနချုပ် လိုင်ဇာမြို့အနီး တောင်ပေါ်မှာ စခန်းချထား တဲ့ တပ်မတော်တပ်ရင်း(၃၈၉) အမြောက်တစ်ချက် ကြောင့် ဒီဇင်ဘာ၂၀၁၄ မှ ကချင် ဗိုလ်လောင်း ၂၃ဦး သေဆုံးခဲ့ပြီး၊ ၁၆ဦး ဒဏ်ရာနဲ့ဆေးရုံ တင်ထားရခြင်းဟာ ၂ဖက် တင်းမာလာခြင်း အခြေအနေ ကို ပြခဲ့ပါတယ်။
.

အစိုးရတပ်အား ပြန်လည်ခုခံရန် ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင် ပြန်လာပြီ

byThe Ladies News Journal


ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင် သည် ၂၀၀၉ နောက် ပိုင်း ၅ နှစ်ကြာ မထင် မရှားနေထိုင်ခဲ့ပြီးနောက် အစိုးရတပ် အား တိုက်ခိုက်မှုများ တွင် ပြန်လည် ပါဝင်တော့မည်ဟု ထုတ်ဖော်ပြောကြား လိုက်ကြောင်း ယနေ့ ထုတ် Globcal Times တရုတ်သတင်းစာ က ဖော်ပြထားသည်။

အစိုးရနှင့် တိုင်းရင်းသားတပ်ဖွဲ့များကြား ပဋိပက္ခများ အရှိန်မြင့်လာချိန်တွင် ဖုန်ကြားရှင်က ၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ကွန်မြူနစ်ပါတီ အာဘော်ဖြစ်သော ပြည်သူ့နေ့စဉ်သတင်းစာဖြင့် အင်တာဗျူးပြုလုပ်ခဲ့သည်။

Tuesday, December 30, 2014

KIA တပ်စခန်း တခု အစိုးရတပ် တိုက်ခိုက်သိမ်းပိုက်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အခြေစိုက် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ ၏ တက်ခွဲ ၂ ပြည်သူ့ စစ်တပ်ဖွဲ့၏ ရှေ့တန်း စခန်းတစ်ခု ကို အစိုးရ၏ တပ်မ ၆၆ လက်အောက်ခံ တပ်ဖွဲ့များက လာရောက်တိုက်ခိုက် သိမ်းဆည်းခဲ့သည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၈ ရက် ညနေ ၄ နာရီကျော်တွင် ကားမိုင်းမြို့နယ် KIA ၏ တပ်ခွဲ ၂ ပြည်သူ့စစ်တပ်ဖွဲ့၏ ဂွေကြာ ရှေ့တန်း စခန်းကို အစိုးရ၏ တပ်ရင်း ၆၆ လက်အောက်ခံ ခမရ တပ်ရင်း ၅ မှ တပ်ဖွဲ့ အင်အား ၆၀ ခန့်က လာရောက် တိုက်ခိုက်၍ မီးရှုံ့ဖျက်ဆီး၍ ပြည်လည် ဆုတ်ခွာသွားခဲ့သည်ဟု KIA ၏ တပ်ရင်း ၆ မှ တပ်ရင်းမှူး ဗိုလ်မှူးတန်ဆန့်က ပြောသည်။

Monday, December 29, 2014

KIA, တပ်ရင်း (၆) ဖားကန့် ဒေသ တွင် တိုက်ပွဲပြန်လည်စတင်

(Lachid Kachin)

မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ တပ် များမှ ဖါးကန့် ဒေသရှိ
KIA, တပ် စခန်း လာရောက် ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဖါးကန့် ဒေသ
တွင် တိုက်ပွဲ ပြန်လည် ပြင်းထန် လာကြောင်း သတင်းရရှိပါသည်။


၂၀၁၄၊ ဒီဇင်ဘာ ၊ ၂၈ ရက်နေ့ ညနေ (၄း၃၀) အချိန် KIA, တပ်မဟာ (၂) လက်အောက်ခံ KIA, တပ်ရင်း (၆) တပ်ခွဲ (၂)ဥရုဆိုင်း မော် ဖါးကန့် ဒေသ
၏ ရှေ့တန်း လုံခြုံရေး စခန်း ဖြစ်သော ဂွေကြာ ( Hwi Chya Post ) စခန်း
အား မြန်မာ စစ်တပ် တပ်မ (၆၆) လက်အောက်ခံ (ခမရ-၅) တပ်မှ အင်အား
(၆၀) ခန့်ရှိ စစ်ကြောင်း သည် အင်မခူး ဘက်မှ တက်လာ ပြီး မိမိ တို့ KIA,
တပ်စခန်း အား လာရောက် ကျူးကျော် တိုက် ခိုက်ခြင်း ကြောင့် တိုက်ပွဲ
အပြင်း အထန် ဖြစ်ပွား ခဲ့ ကြောင်း သတင်းရရှိပါသည်။