Thursday, December 25, 2014

ကချင် ဒုက္ခသည် များကို အကူ အညီပေးမည့် ပစ္စည်းများ မူဆည် ၁၀၅မိုင်တွင် တားဆီးခံရ

(Mizzima)

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒုက္ခသည် စခန်း၁၅ခုမှ ကချင်စစ်ပြေး ဒုက္ခသည်များကို သွားရောက် အကူအညီရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) ဖွဲ့က အကူ အညီပေးရေး ပစ္စည်း များဖြစ် သည့်စောင်နှင့် အဝတ် အထည် များကို မန္တလေးမှ သည်ဆောင် လာရာ မူဆယ် (၁၀၅) မိုင်ကုန် သွယ်ရေးဂိတ် အရောက်တွင် ဖြတ်သန်းခွင့် ပိတ်ပင်ထားသည်ဟု မူဆယ်မြို့ မုန်မောင်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးဇော်ရာ က မဇ္ဈိမကို ပြောသည်။

ကချင်ဒုက္ခသည်များအတွက် ကူညီထောက်ပံ့မှုကို အစိုးရတပ်ဂိတ် ပိတ်ပင်

(ကချင်သတင်းဌာန)

ကချင် စစ်ပြေး ဒုက္ခသည်များ အတွက် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က လှူဒါန်း မည့် ပစ္စည်းများ ကို အစိုးရ၏ ရှမ်းပြည် နယ် မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဂိတ်မှ ညွန်ကြားရေး မှူး ဗိုလ်မှူး တင်ရဲဝင်းက ဖြတ်သန်း ခွင့် ပိတ်ပင်ထား သည်ဟု မူဆယ်မြို့ မုန်မောင် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သိက္ခာတော်ရ ဆရာတော် ဦးဇော်ရာ က ပြောသည်။

KBC က ပုံမှန်အားဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မန်ဝင်းကြီး၊ နမ်ဖတ်ကာ၊ မုန်ဂျီ အပါအဝင် ဒုက္ခသည် စခန်း ၁၅ ခုမှ စစ်ပြေးဒုက္ခသည်များအတွက် မန္တလေးဘက်မှ အဝတ်အထည်နှင့် စောင်များကို သယ်ဆောင်လာရာမှ မူဆယ် (၁၀၅) မိုင်ဂိတ်တွင် ဖြတ်သန်းမှု တားမြတ်ထားခြင်း ဖြစ်သည်။ ရှမ်းပြည်နယ် ပြည်နယ် ဝန်ကြီးချုပ်၏ လက်မှတ်ပါဝင်မှ ဖြတ်သန်းခွင့်ပေးမည်ဟု ဗိုလ်မှူး တင်ရဲဝင်းက ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

Wednesday, December 24, 2014

တိုက်ပွဲများဖြစ်ပွားမှု တပ်မတော်နှင့် ဦးအောင်မင်း ဆွေးနွေးမည်

(Mizzima)

လက်ရှိဖြစ် ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရ တပ်မတော်၏ သဘော ထားကို သိပြီးမှသာ ၇ ကြိမ်မြောက် အပစ် ရပ်ဆွေးနွေး ပွဲလုပ်၊ မလုပ် ဆုံးဖြတ်မည်ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောသည်။

“၀န်ကြီးဦးအောင်မင်း တို့ကိုယ်တိုင် တပ်ကိုဆွေးနွေးမယ်။ ပြီးရင်ချက်ချင်း အကြောင်းပြန်မယ်။ အဲဒီသဘောထားရှိတယ်။ အဲဒီသဘော ထားကိုရပြီး ရင်နောက် လအလယ်မှာ တရားဝင် ခုနှစ်ကြိမ်မြောက် ဆွေး နွေးပွဲ ပြန်စမယ်။ တပ်က ဘာမှမပြန်ရင် မစသေးဘူးပေါ့” ဟု ပြောသည်။

NCCT နှင့် အစိုးရကော်မတီ ဇန်န၀ါရီအတွင်း ဆက်လက်ညှိနှိုင်းရန် သဘောတူ

(ကချင်သတင်းဌာန)

၇ ကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကို လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလလယ်တွင် ထပ်မံတွေ့ဆုံရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီ (UPWC) တို့ သဘောတူခဲ့သည်။

ဒီဇင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး လုပ်ငန်း ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် နှစ်ရက်သာဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ နှစ်ဖက် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲအပြီး ပူးတွဲ ကြေငြာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Tuesday, December 23, 2014

လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ရှိနေဦးမည်ဟု ၀န်ကြီး ဦးအောင်မင်းပြော

(ဧရာဝတီ)

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး ချိန် နောက် ပိုင်းတွင်လည်း လက်နက်ကိုင် ပဋိပက္ခများ ဆက်လက် ရှိနေဦး မည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်း ကော်မတီ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်းက ပြောသည်။

“အပစ်အခတ် ရပ်စဲရေး လုပ်ရုံနဲ့ မြန်မာနိုင်ငံရဲ့ ပဋိပက္ခကို ပြေလည်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်း ဖို့က မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား အားလုံးက အေးအတူ ပူအမျှ နေနိုင်မယ့် ဖက်ဒရယ် ပြည်ထောင်စု စနစ်တခုကို ဖော်ဆောင်နိုင်မှ ဖြစ်မယ်။ နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပနိုင်ဖို့ အရေးကြီးတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။

KIA စခန်းသို့ အစိုးရတပ် ၀င်ရောက် တိုက်ခိုက်မှုကြောင့် ၂ ဦး ကျဆုံး ၁ ဦး ဖမ်းဆီး ခံရ

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဒေါ့ဖုန်းယန်မြို့နယ် မုန်းလွဲချောင်း (Munglai Hka) တဖက်ကမ်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ ၅ လက်အောက်ခံ ရှေ့တန်း စခန်းတစ်ခုကို အစိုး ရ စစ်တပ်က လာရောက် ပစ်ခတ်မှုကြောင့် KIA ရဲဘော်နှစ်ဦး ကျဆုံး ကာ တစ်ဦးအား ဖမ်းဆီးသွားသည် ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က ပြောသည်။

လက်ရှိ အစိုးရ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများ ဆက်လက် ပို့ဆောင်မှုများ ရှိနေဆဲဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ဒေါ့ဖုန်းယန်မြို့နယ် အောက်ဆားကွန်းကျေးရွာ အနီးရှိ ကေအိုင်အေ၏ ရှေ့တန်းစခန်းကို အစိုးရ၏ ခမရ တပ်ရင်း ၆၀၂ တပ်ဖွဲ့အင်အား ၂၀ ခန့်က လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကချင်ပါတီများ ပေါင်းစည်းရေး ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပြုလုပ်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် တွင်ရှိသော ကချင်ပါတီများ တစ်ခု တည်းပေါင်းစည်းရေး အတွက် ကချင်ပြည်သူ့ အသံ ထုတ်ဖော်ရေးကော်မတီ- ဖားကန့်မြို့နယ်မှ ဦးဆောင်၍ ကချင်ပါတီများ ကိုခေါ်ဖိတ် ကာ ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် ဒုတိယ အကြိမ်မြောက် ပေါင်း စည်းရေးဆွေးနွေးမှုကို မြစ်ကြီးနားမြို့ YMCA ခန်းမဆောင် တွင် ပြုလုပ်ခဲ့သည်။

ပါတီပေါင်းစည်းရေးအတွက် ၃ ပါတီနှင့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ရာ ယခင်ဆွေးနွေးမှုများ အားနည်းခဲ့သော်လည်း ယခုတကြိမ်တွင် တိုးတက်မှုရှိလာသည်ဟု ကချင်ပြည်သူ့အသံထုတ်ဖော်ရေးကော်မတီ -ဖားကန့်မြို့နယ်မှ ကော်မတီ ဥက္ကဌ ဆရာလတောင် KNG ကချင်သတင်းဌာန သို့ပြောသည်။

ရန်ကုန် ငြိမ်းချမ်းရေး အကြိုညှိနှိုင်းပွဲ တပ်မတော်နှင့် တိုင်းရင်းသား ထိပ်ပိုင်းခေါင်းဆောင်များ မတက်

(ဧရာဝတီ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲသို့ တပ်မတော်နှင့် တိုင်းရင်းသား ထိပ်ပိုင်း ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန(MPC) တွင် ကျင်းပသည့် ဒီဇင်ဘာလ ၂၂ ရက် က အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ NCCT bက်မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါင်း၊ ခူးသောရယ်၊ စောတာဒိုမူ၊ ဦးထွန်းဇော်၊ ဒုဗိုလ်မှူးကြီး လအောင်နှင့် ဒုဗိုလ်မှူးကြီး ဆင်ဝါးတို့ တက်ရောက်ကြောင်း သိရ သည်။

KIO ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံရသည့် ရှမ်းနီများ လွတ်မြောက်ဖို့ ဆုတောင်းပွဲ လုပ်မည်

(ရွှေဟင်္သာသတင်းဌာန)



ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တပ်သားသစ် အဖြစ် စုဆောင်း ခံထားရသည့် ရှမ်းနီများ ပြန်လည် လွတ်မြောက် လာရေး အတွက် လာမည့် ဇန်နဝါရီလ (၃) ရက်နေ့၌ မြစ်ကြီးနားမြို့ ဆုတောင်းပြည့် ဘုရား ရင်ပြင်တော်၌ တပ်သားသစ် စုဆောင်းခြင်း ခံရသည့် ကလေး မိဘများနှင့် ကချင်ပြည်နယ် ရှမ်းလူမျိုးစု ရေးရာ အဖွဲ့မှ ပူးပေါင်း၍ ပြုလုပ် သွားမည် ဖြစ်ကြောင်း ရှမ်းလူမျိုးစု ရေးရာ အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ဒီဇင်ဘာလ (၁၉) ရက်နေ့၌ ပြောသည်။

“ဒီဇင်ဘာလ (၃) ရက်နေ့မှာ ဆုတောင်းပြည့် ဘုရားမှာ ဆုတောင်းပြီး တပ်သားသစ် အဖြစ် စုဆောင်း ခံရတဲ့ လူငယ် (၂၈၀) ကျော် ပြန်လွှတ် ပေးဖို့ ဆုတောင်းပွဲ လုပ်ဖို့ အစီအစဉ် ရှိပါတယ် ခင်ဗျ၊ ကလေး မိဘတွေ ကိုယ်တိုင် ဘုရားမှာ ဆုတောင်းပွဲ လုပ်မယ်” ဦးထွန်းရင်က ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

ပျော်ရွှင်စရာ ခရစ်စမတ် ပွဲတော်ကို စစ်ရေး သတိဖြင့် ကျင်းပရန် KIO မှ ညွှန်ကြားထား

(ရွှေဟင်္သာသတင်းဌာန)



ကချင်ပြည်နယ် အတွင်း မြန်မာ စစ်တပ်နှင့် ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ အကြား တင်းမာ နေသည့် စစ်ရေး ပဋိပက္ခ အခြေအနေ များကြောင့် လာမည့် ဒီဇင်ဘာ (၂၅) ရက်နေ့တွင် ကျရောက်မည့် ခရစ်စမတ် ပွဲတော်ကို ကြီးကြီး ကျယ်ကျယ် ကျင်းပခြင်း မပြု ရန်နှင့် စစ်ရေး သတိဖြင့် ကျင်းပရန် ညွှန်ကြား ထားသည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလာနန်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၈) ရက်နေ့၌ ပြောသည်။

“အဲဒီ ညွှန်ကြား ချက်က ကျွန်တော်တို့ KIO ထိန်းချုပ် နယ်မြေ အတွက်ဘဲ။ လွန်ခဲ့တဲ့ လရဲ့ အတွေ့ အကြုံ အရ လူစု လူဝေးနဲ့ ပွဲလမ်း သဘင်တွေ ပျော်ပွဲ ရွှင်ပွဲတွေ လုပ်တဲ့ အခါမှာ အစိုးရ တပ်ဘက်က မထင် မှတ်ဘဲ လက်နက် ကြီးနဲ့ ပစ်ခတ်မယ် ဆိုရင် ထိခိုက်မှုတွေ နစ်နာ မှုတွေ ရှိလာ နိုင်မယ်။ ဒါကြောင့်မို့ ကျေးရွာတွေ ဒုက္ခသည် စခန်း တွေမှာ ပျော်ပွဲ ရွှင်ပွဲ တွေကို ကျယ်ကျယ် ပြန့်ပြန့် မလုပ်ဖို့ ညွှန်ကြား မှုတော့ ရှိတယ်” ဟု ဦးလာနန်မှ ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် ရွှေဟင်္သာ သတင်း ဌာနအား ပြောသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လူငယ်များပါဝင်ရေး ဆွေးနွေးပွဲလုပ်

(Mizzima)

အရပ်ဘက် အဖွဲ့များမှ လူငယ်များအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နိုင်ရေးအတွက် တစ်နိုင်ငံလုံး
အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် လူငယ်အဖွဲ့အစည်းများ တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရန် လူငယ်အရပ်ဖက်အဖွဲ့ ၁၁ ဖွဲ့က ရန်ကုန်မြို့ ယုဒသန်ရိပ်သာတွင် ဒီဇင်ဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။


အပစ်ရပ် မူကြမ်းဆွေးနွေးပွဲများတွင် အသိသက်သေများ ထားရှိပေးရန် NCCT တောင်းဆိုမည်

(Mizzima)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ ဆွေးနွေးနေသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းနှင့် ပတ်သက်၍ ဆက်လက် ဆွေးနွေးရာတွင် အသိသက်သေများ ထားရှိပေးရန် အတွက် NCCT ဘက်က တောင်းဆိုသွားမည်ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ပြောသည်။

၎င်းက ဒီဇင်ဘာ ၂၂ ရက်က ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေး လုပ်ငန်း ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တွင် ပြုလုပ်သည့်  အပစ်အခတ် ရပ်စဲရေးအတွက် လုပ်ငန်းသဘော ဆွေးနွေးပွဲအပြီးတွင် ပြောကြားခြင်း ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အေ တိုက်ပွဲထပ်ဖြစ်၊ ကေအိုင်အေတပ်သား နှစ်ဦး ကျကာ တစ်ဦးအဖမ်းခံရ

(Mizzima)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် တပ်မဟာ ၅ နယ်မြေအတွင်း အစိုးရတပ်၏ လာရောက် ပစ်ခတ်မှုကြောင့် KIA တပ်သားနှစ်ဦး ကျဆုံးကာ တစ်ဦး အဖမ်းခံရသည်ဟု ကေအိုင်အို၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၁၉ ရက်က KIA ၏ တပ်မဟာ ၅ လက်အောက်ခံ အောက်ဆားကျွန်းကျေးရွာအနီးရှိ ကေအိုင်အေ ရှေ့တန်းစခန်းတစ်ခုကို အစိုးရ၏
ခမရ တပ်ရင်း ၆၀၂ တပ်ဖွဲ့က အင်အား ၂၀ ခန့်က လာရောက် ပစ်ခတ်ခဲ့သဖြင့် တပ်သားနှစ်ဦးကျဆုံးကာ တစ်ဦးကို အရှင်ဖမ်းဆီးသွား သည်ဟု ၎င်းက ဆိုသည်။


Monday, December 22, 2014

မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ် ပုဂ္ဂလိက ကုမ္ပဏီ တာဝန်ယူပြေးဆွဲ

(DVB)

မန္တလေး-မြစ်ကြီးနား မီးရထား ခရီးကို ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်တဲ့ မင်္ဂလာရှုခင်း ခရီးသွားကုမ္ပဏီ တခုက ဒီဇင်ဘာလ ၂၂ ဒီနေ့ကစပြီး တာဝန်ယူပြေး ဆွဲနေပြီ ဖြစ်ပါတယ်။

မြန်မာ့ မီးရထားရဲ့ ပထမဆုံး ပုဂ္ဂလိက လွှဲပြောင်းပေး လိုက်တဲ့ မီးရထား ခရီးစဉ်ဖြစ်ပြီး လက်မှတ်ခနှုန်း ထားတွေက အရင်နှုန်းထားတွေ ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်သွားပါတယ်။