Saturday, December 20, 2014

လူ(၅)ဦး သာ ရှိသော KIA ရှေ့တန်းပို့စ် တခုအား အစိုးရစစ်ကြောင်း မှ ၀င်ရောက် တိုက်ခိုက် KIA ရဲဘော် (၂)ဦးကျ

(by-Lachid Kachin)


လူ (၅)ဦးသာ ရှိ သောKIA, ရှေ့တန်း ကင်းစခန်း (၁) ခု အား အစိုးရ စစ်ကြောင်းမှ ၀င်ရောက် တိုက်ခိုက် ခြင်းကြောင့် KIA, ရဲဘော် (၂)ဦး ကျဆုံးကြောင်းသတင်း
ရရှိပါသည်။


၂၀၁၄ ဒီဇင်ဘာ (၁၉)ရက်နေ့ မွန်းလွှဲ (၂)နာရီ အချိန် KIA, တပ်မဟာ (၅)ဒေသ၊
ဖြစ်သော ဒေါ့ဖုန်ယာန် အနောက်ဘက် နမ့်ငေါင်းချောင်း အနီးရှိ KIA, ရှေ့တန်း
ပို့စ် (ရှေ့တန်း လုံခြုံရေး ကင်းစခန်း ငယ်) တစ်ခု မှ KIA, ရဲ သော်(၃)ဦးသည်
၎င်းတို့ ၏ စခန်းအနီးတွင် ငါးဖမ်းနေစဉ် ဗမာ အစိုးရ စစ်ကြောင်း တခု( တပ်ရင်း
အမည် စုံစမ်းဆဲ)ကျူးကျော် ၀င်ရောက်လာပြီး ၄င်းတို့ (၃)ဦးအား ပိတ်ဆို့ တိုက်ခိုက် ခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုဖြိုခွဲရေး – တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြိုခွဲရေး



(မိုးမခပေးစာ) ဒီဇင်ဘာ ၂၀၊ ၂၀၁၄


ဒို့တာဝန်အရေးသုံးပါးကို ပါးစပ်က အမြှုပ်ထွက်မတတ်အော်နေတဲ့ ကာချုပ်မင်းအောင်လှိုင် ဟာ တိုင်းရင်းသားတွေ UNFC ထဲမှာ၊ FUA ပြည်ထောင်စု တပ်မတော်ထဲမှာ၊ KAF ကော်သူးလေ တပ်မတော်ထဲမှာ စည်းလုံး ညီညွတ်မယ့်အရေး ကိုတော့ အပြင်းအထန် ဆန့်ကျင်နေပြီး ဖျက်ဆီးဖြိုခွဲဖို့ နည်းမျိုးစုံသုံးနေ တာ တွေ့ရတယ်။

မနောင်ကွင်းဆိုတာ ၀န်ကြီးချုပ်ပိုင်လား? ရိုးရာအဖွဲ့ပိုင်လား? မနောင်ကွင်းဆိုတာ ပြည်သူပိုင်လား?

(Kachin Waves)


လိုင်ဇာဗိုလ်လောင်းသင်တန်းကျောင်းတွင် အစိုးရ၏ပစ်ခတ်မှုကြောင့် ကျဆုံးသွားသည့် ဗိုလ်လောင်များအား သတိရအောက်မေ့ ဂုဏ်ပြုသည့်အနေဖြင့် ကချင်ပြည်နယ်ရှိလူမှုအဖွဲ့အစည်းများမှ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ဆိုင်းဘုတ်ထောင်ပြီး ပန်းခွေများချခြင်း အစီအစဉ်များပြုလုပ်ခဲ့ကြသည်။

ထိုပြုလုပ်သူများအားမြို့နယ်အုပ်ချုပ်ရေးမှူးများမှခေါ်ယူတွေ့ဆုံရန်ပြောဆိုပြီး ကချင်ရိုးရာနှင့် စာပေယဉ်ကျေးမှုကော်မတီမှ နောက်တစ်ကြိမ်ပြုလုပ်ပါက ခွင့်တောင်းပါရန်နှင့် ထိုဆိုင်းဘုတ်အားဖြုတ်ပေးရန်တောင်းဆိုခဲ့သည်။
အစိုးရမှ စုံစမ်းစစ်ဆေးသူများအား တစ်နေကုန် ပြုလုပ်ခဲ့သည် လူမှုအဖွဲ့အစည်းခေါင်းဆောင်များအား လိုက်လံစောင့်ကြည့်ခဲ့ကြသည်။

သက်ဆိုင်ရာအဏာပိုင်များ မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ထိရောက်စွာ အရေးယူပေးရန် ဆန္ဒပြတောင်းဆို

(Kachin Waves)

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ ဒေသခံများ အယောက် ၃၀၀ ကျော်သည် မူးယစ်ဆေးဝါးရောင်းဝယ်သူများအား သက်ဆိုင်ရာ အာဏာပိုင်များမှ ထိရောက်စွာ အရေးယူခြင်းမရှိသည့်အတွက် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်း အသိပေးသည့် အနေဖြင့် ယနေ့မိုးညှင်းမြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကျဆုံးသွားသောကေအိုင်အေဗိုလ်လောင်း ၂၃ဦးအတွက် (၁)လပြည့်အောက်မေ့သတိရလွမ်းဆွတ်ခြင်းအထိမ်းအမှတ်မြစ်ကြီးနားတွင်ပြုလုပ်

(Kachin Waves)

အစိုးရ စစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျဆုံးသွားသော တိုင်းရင်းသား ညီနောင် လူငယ် ဗိုလ်လောင်း များ အတွက် ၁ လပြည့် အောက်မေ့ သတိရ လွမ်းဆွတ်ခြင်းအ ထိမ်းအမှတ် ဆိုင်း ဘုတ်ထောင် ပန်းခြင်း ချ အစီအစဉ် အား ၂၀၁၄ ဒီဇင်ဘာလ ၁၉ တွင်မြစ်ကြီးနားမြို့  မနောင်ကွင်းရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်အား မြစ်ကြီးနားမြို့ရှိ အရပ်ဖက်လူ့ အဖွဲ့အစည်း တို့မှပူးပေါင်းပြုလုပ်ခြင်းဖြစ်သည်။

ရှမ်းနီများကို တပ်သားစုဆောင်းကာ ခွဲခြားဖိနှိပ်ဟု ဆိုခြင်းက ချဲ့ကားခြင်းဟု ကေအိုင်အို တုံ့ပြန်

(Mizzima)

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ တပ်သားသစ်အဖြစ် စုဆောင်းခြင်း ခံထားရ သည့် ရှမ်းနီတိုင်းရင်းသား ၂၈၀ ကျော် ရှိနေသည် ဟု ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ မှ ပြောကြားခြင်းသည် ချဲ့ကားပြော ဆိုခြင်း သာဖြစ်သည်ဟု ကေအိုင်အို၏ နည်းပညာ အထောက် အကူပြု အဖွဲ့က ပြန်လည်တုံ့ပြန်လိုက်သည်။

မြစ်ကြီးနားမြို့ အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းရင်က “အစိုးရဘက်ကို တောင်းဆိုတော့ အစိုးရက မကူညီနိုင်ဘူး၊
ကေအိုင်အိုကို တောင်းဆိုလည်း ကေအိုင်အေက မလုပ်ပေးဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း အင်းတော်ကြီးဒေသ တစ်ဝိုက်မှာ ကလေးတွေ လေးယောက် ထပ်ခေါ်သွားတယ်” ဟု မဇ္ဈိမကို ဒီဇင်ဘာ ၁၉ရက်က ပြောသည်။

ကချင်နိုင်ငံရေးပါတီ ၃ ခု ပူးပေါင်းရေး ညှိနှိုင်းဆွေးနွေး

(RFA)

မြစ်ကြီးနားမြို့ အခြေစိုက် ကချင် တိုင်းရင်းသား ပါတီ ၃ ခု ပူးပေါင်းရေး နဲ့ ပတ်သက်ပြီး ပါတီခေါင်းဆောင်တွေ က မြစ်ကြီးနားမြို့YMCA ခန်းမမှာ ဒီနေ့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါ တယ်။

ပါတီ ၃ ခု ပေါင်းစည်းရေး ဆွေးနွေးမှုက အလားအလာကောင်းတယ်လို့ ဆွေးနွေးပွဲ ဦးဆောင်သူ ကချင်ပြည်သူ့အသံ ဖော်ထုတ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလတောင်က ပြောပါတယ်။


ဦးဘရန်ရှောင်အမှု အမြန်ရုပ်သိမ်းရေး လူ့အခွင့်ရေးအဖွဲ့တွေ တောင်းဆို

(VOA)

ကချင်ပြည်နယ် မှာ တရားစွဲဆို ခံထားရတဲ့ ဦးဘရန်ရှောင် အမှုကို တရား မျှတမှု  ရှိအောင် ဆောင်ရွက်ပေး ဖို့ နယူးရောက် အခြေစိုက် HRW လူ့ အခွင့်အရေး အဖွဲ့ အပါအ၀င် နိုင်ငံ တကာ လူ့ အခွင့်အရေး အဖွဲ့ ခြောက်ဖွဲ့ပူးပေါင်းပြီး သမ္မတ ဦးသိန်းစိန်ကို တောင်းဆို လိုက်ပါ တယ်။ အကြောင်းစုံကို မအင်ကြင်းနိုင် က တင်ပြမှာပါ။

Friday, December 19, 2014

ခရစ္စမတ်တွင် စစ်ရေး သတိရှိရန် KIO ညွှန်ကြားထား

မဇ္ဈိမသတင်းဌာန 
 
ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ္စမတ်နေ့၌ လူစုလူဝေးဖြင့် စည်ကားသည့် အခမ်းအနားများ မလုပ်ရန်နှင့် ယင်းကာလအတွင်း စစ်ရေးသတိရှိကြရန် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ်က ယခုရက်ပိုင်းအတွင်းကပင် ညွှန်ကြားချက် ထုတ်ထားသည်ဟု KIO အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး (၂) လည်းဖြစ် ပြောရေး ဆိုခွင့် ရှိသူလည်း ဖြစ်သူ ဦးလနန်က မဇ္ဈိမကို ဒီဇင်ဘာလ ၁၈ ရက်က ပြောသည်။

လိုင်ဇာ ပစ်ခတ်မှု ဖြေရှင်း ပေးဖို့ UPWC ထံ NCCT တောင်းဆိုမည်

(သျှမ်းသံတော်ဆင့်)

ရန်ကုန်မြို့ မြန်မာ့ ငြိမ်း ချမ်းရေး စင်တာ မှာ တနိုင်ငံ လုံး အပစ်အခတ် ရပ်စဲရေး ပူးပေါင်း ဆောင် ရွက် ရေး အဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော် တီ UPWC  တို့ လာမည့် ဒီဇင်ဘာ ၂၃ ရက်နေ့ မှာ တွေ့ဆုံ မည်ဟု ဆိုသော် လည်း တတိုင်းပြည်လုံး အပစ်ရပ် ဖို့အဓိက ဆွေးနွေးမည် မဟုတ်ဟု အမည်မဖေါ်လို သည့် NCCT သတင်း ရပ်ကွက်ပြောသည်။

လက်နက်ကိုင် ပဋိပက္ခများ အဆုံးသတ်ရန် The Elders အဖွဲ့ တိုက်တွန်း

(ဧရာဝတီ)

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ပေးရန် ကမ္ဘာ့ရပ်မိရပ်ဖများ(The Elders) အဖွဲ့က တိုက်တွန်းလိုက်သည်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် The Elders အဖွဲ့ ခေါင်း ဆောင် များက အထက်ပါအတိုင်း တိုက်တွန်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ပစ်သတ်ခံရသော ကျောင်းသူ၏ ဖခင်ပေါ် တရားစွဲဆိုခြင်း ရုပ်သိမ်းပေးရန် လူ့အခွင့်ရေးအဖွဲ့ တောင်းဆို

(ကချင်သတင်းဌာန)

လွန်ခဲ့သည့် ၂ နှစ်ကျော်ကြာ ကချင်ပြည်နယ် ဖားကန့်မြို့မှ ကိုးတန်းကျောင်းသူ သေဆုံးမှုကို တိုင်ကြားခဲ့သူ ဖခင် ဦးဘရန်ရှောင် အား တရားစွဲမှုမှ ရုပ်သိမ်းပေးရန် Fortify Rights အဖွဲ့ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက သမ္မတ ဦးသိန်းစိန်ကို ဒီဇင်ဘာလ ၁၈ ရက်က တောင်းဆိုလိုက်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန်ကျေးရွာ (Sut Ngai Yang) မှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန် အား ပစ်ခတ်ခဲ့သော အစိုးရ စစ်တပ်က အသက် ၄၉ နှစ် ဦးဘရန်ရှောင်ကို တရားစွဲဆိုမှုမှ ရုပ်သိမ်း ပေးပါရန် အိတ်ဖွင့်ပေးစာပေးပို့၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံရှိ လက်နက်ကိုင် ပဋိပက္ခများ ချက်ချင်း အဆုံးသတ်ရန် ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ တောင်းဆို

(Mizzima)

စစ်ပွဲများကို အဆုံးသတ်ရန်နှင့် အားလုံးပါဝင်သော ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်နိုင်ရန်  လက်ရှိအခွင့်အလမ်းကို
ဖမ်းဆုပ်ကြပါဟု မြန်မာနိုင်ငံအတွင်း နှစ်ပေါင်း ၆၀ ကြာ ပဋိပက္ခတွင် ပါဝင်တိုက်ခိုက်နေကြသော အဖွဲ့များကို ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့ (The Elders) က တိုက်တွန်းလိုက်သည်။


The Elders အဖွဲ့၏ ဒီဇင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ခရီးစဉ်များအပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့
ဆီဒိုနားဟိုတယ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။


Thursday, December 18, 2014

EMG Cartoon

(Eleven Media Group)

ဘယ်နှပွင့်ပဲ ဆိုင်ဆိုင်

(ဧရာဝတီ)

လုံခြုံရေးနှင့် အစိုးရခွင့် မရသဖြင့် ကချင်ဒုက္ခသည်များအား ရိက္ခာ ၂ လ ကြာ မပို့ရ

(ကချင်သတင်းဌာန)

မြန်မာနိုင် ငံမြောက် ပိုင်း ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်မြောက် ပိုင်းတွင် အစိုးရနှင့် တိုင်းရင်း သား လက်နက်ကိုင်များ တိုက်ပွဲများ ပြန် လည်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးနှင့် အစိုးရ ၏ ခွင့်ပြုချက်မရသဖြင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ သည့် စစ်ပြေးဒုက္ခသည်များကို စားနပ် ရိက္ခာများ ပို့ဆောင်ခွင့် မရခဲ့သည်မှာ နှစ်လခန့် ကြာပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသား ချင်း စာနာ ထောက်ထားမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) က ဒီဇင်ဘာလ ၁၆ ရက် အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

ကချင် ပြည်သူများ ကန့်ကွက်မှု များနေသည့် မနောပွဲအား မြစ်ကြီးနား၌ ကျင်းပရန် ပြည်နယ် အစိုးရ ဆုံးဖြတ်

(ရွှေဟင်္သာသတင်းဌာန)



ကချင်ပြည်နယ် အစိုးရ အနေဖြင့် ဒေသတွင်း မတည်ငြိမ် မှုနှင့် ကချင် ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခများ ဖြစ်ပွား နေသောကြောင့် ယခုနှစ်၌ ကချင် မနောပွဲအား မကျင်း ပရန် ကန့်ကွက် မှုများ ပြုလုပ် ထားသော်လည်း လာမည့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ လ၌ ကျင်းပ ပြုလုပ် သွားရန် ဆုံးဖြတ် လိုက်ကြောင်း မနောပွဲ ကျင်းပရေး ကော်မီတီ ဥက္ကဋ္ဌ ဦးလအောင်က ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၁၆) ရက်နေ့၌ အတည်ပြု ပြောသည်။

“မနောပွဲ ဆိုတာ ကချင်တွေရဲ့အထွဋ် အမြတ် ထားတဲ့ အက ပေါ့နော်၊ ဒီနှစ်က ဒီခေတ် ပြောင်းလာတဲ့ အစိုးရသစ် ခေတ်မှာ ဒီတခေါက် ပထမ ဦးဆုံး လုပ်တာပါ။ ဒီရွေးကောက်တဲ့ အစိုးရသစ် ခေတ်မှာ ကချင်ပြည်နယ် အစိုးရဆိုတာ ပေါ်လာတယ်။ ပေါ်လာပြီး မကြာမီ စစ်ဖြစ်လာတော့ လုံခြုံရေး အခြေအနေ အရ မလုပ်လိုက် နိုင်ဘူးပေါ့၊ ဒီတခေါက် ပထမ ဦးဆုံး လုပ်တာပါ” ဟု ဦးလအောင်မှ ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

လိုင်ဇာပစ်ခတ်မှု ရန်ကုန်မှာ ဆွေးနွေးမယ်

(RFA)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စား လှယ်တွေနဲ့ ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေးကော် မတီတို့ လာမယ့် ဒီဇင်ဘာလ ၂၂ ရက်နေ့ ရန်ကုန်မြို့ မြန်မာငြိမ်း ချမ်းရေး ဗဟိုဌာနမှာ ဆွေးနွေးကြ တဲ့အခါ အပစ်အခတ် ရပ်စဲရေး ကိစ္စတွေအပြင် လိုင်ဇာမြို့က သင်တန်းကျောင်း ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ကိစ္စ ကိုလည်း ဆွေးနွေး ဖွယ်ရှိ တယ်လို့ မြန်မာငြိမ်းချမ်းရေး စင်တာ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောပါတယ်။

Wednesday, December 17, 2014

ဖားကန့်တွင် ထပ်မံ စစ်ရေးတင်းမာလာသောကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေ

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  နမ့်မဖစ် (Nam Hpyit) ကျေးရွာတွင် အစိုးရစစ်တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ကြား ဒီဇင်ဘာလ ၁၃ ရက်နေ့မှစ၍ စစ်ရေးအခြေအနေ တင်းမာလာသောကြောင့် ကျေးရွာသားများ စိုးရိမ်ကြောက်လန့်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

ဒီဇင်ဘာ ၁၅ ရက်ညနေ့မှ စပြီး ဒီဇင်ဘာ ၁၆ ရက်နံနက်အထိ နမ့်မဖစ် (Nam Hpyit) ရှိ ရိုမန်ကတ်သလစ် (RC) စစ်ရှောင်စခန်းသို့ လူဦးရေ ၅၀ ခန့်သည် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ထွက်ပြေးတိမ်းရှောင်လာကြသည်ဟု ၎င်းစခန်းမှ တာဝန်ရှိဆရာတစ်ဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စနိုင်ရေး ရန်ကုန်တွင် အကြိုဆွေးနွေးမည်

(ဧရာဝတီ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ကြား ရန်ကုန်မြို့၌ ဒီဇင်ဘာလ ၂၂ ရက် နှင့် ၂၃ ရက်တွင် အကြိုညှိနှိုင်း ဆွေးနွေးပွဲ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ဖွဲ့စည်းထားသည့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) တို့မှ ကိုယ်စားလှယ်များသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ဒီဇင်ဘာလ ၁၅ ရက်က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုအစည်းအဝေးမှ တဆင့် ယခုကဲ့သို့ အကြိုညှိနှိုင်းရန် ဆုံးဖြတ် ခဲ့ကြခြင်း ဖြစ်ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် နှင့် တရုတ် ဒုသမ္မတ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေးဆွေးနွေး

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် နှင့် တရုတ် ဒုသမ္မတ လီယွမ်ချောင်တို့ ယမန်နေ့ညနေက နေပြည်တော်၌ တွေ့ဆုံကာ နှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်ရေး၊ ဘက်စုံမဟာဗျူဟာမြောက်ချစ်ကြည်ရေး၊ ဒေသတွင်းဆက်သွယ် ရေးကဏ္ဍပူးပေါင်းရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းပူးပေါင်းဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေး ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်၊ လတ်တလော တရုတ်- မြန်မာနယ်စပ် ဒေသများဖြစ်သည့် ရှမ်းပြည်အရှေ့မြောက် ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာစစ် တပ်အကြားထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။

ကချင်ဒုက္ခသည်တွေထံ အထောက်အကူပေးမှု ကုလအခက်ကြုံ

(VOA)

မြန်မာနိုင်ငံမြောက်ပိုင်းက သူပုန်တွေထိန်းချုပ်ထားပြီး စစ်မက်ဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်အတွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ထောင်နဲ့ချီတဲ့ လူတွေထံကို သွားလို့မရဖြစ်နေတာ ၂ လ ရှိနေပြီဖြစ်ပြီး မကြာခင်ကဖြစ်ပွားတဲ့ တိုက်ခိုက်မှုတွေကြောင့် အခြေနေတွေ တင်းမာနေသလို နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ ပြောဆိုပါတယ်။

အစိုးရနှင့် NCCT တို့ ၂၂ ရက်နေ့ တွေ့ဆုံဆွေးနွေးမည်

(Mizzima)

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ ဒီဇင်ဘာ ၂၂ နှင့် ၂၃ ၌ ရန်ကုန်တွင် တွေ့ဆုံကာ NCCTဘက်မှ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် ၈ဦး တက်ရောက်ရန် ဒီဇင်ဘာ ၁၆ ရက်က ဆုံးဖြတ်ခဲ့သည်ဟု NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

ယင်းတွေ့ဆုံမှုကို “လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ” ဟုသာ သတ်မှတ်ကာ ယုံကြည်မှု ပြန်လည် တည်ဆောက်ရန် အဓိက ညှိနှိုင်းကာ တစ်နိုင်ငံလုံး
အပစ်ရပ်မူကြမ်းအပေါ် ပြန်လည်ဆွေးနွေးရန် နှစ်ချက်ကို သဘောတူခဲ့ခြင်း ဖြစ်သည်။


ရှမ်းမြောက်အခြေစိုက် တိုင်းရင်းသားတပ်များနှင့် အစိုးရတပ်တို့ တိုက်ပွဲဆက်ဖြစ်နေ

(Mizzima)

အစိုးရ စစ်တပ်နှင့် ရှမ်းပြည်နယ်အတွင်း အခြေချ လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ် လေးခုတို့ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု တိုင်းရင်းသား လက်နက်ကိုင် တပ်များ၏ တာဝန်ရှိသူများက မဇ္ဈိမကို ပြောသည်။

အစိုးရနှင့် ရှမ်းမြောက်ပိုင်းတစ်ဝိုက် အခြေချသည့် တအာင်း (ပလောင်) အမျိုးသား တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည်တောင်ပိုင်း တပ်မတော် (RCSS/SSA) နှင့် ကိုးကန့်လက်နက်ကိုင် အဖွဲ့များ ဒီဇင်ဘာ ၁၅ ရက်အထိ တိုက်ပွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံရေး အာမခံချက်မရှိဘဲ ပြည်တွင်းစစ် မရပ်စဲနိုင်

(ဧရာဝတီ)
လတ်တလောဖြစ်ပွားခဲ့ပြီး တပ်မတော် သား ၇ ဦး ကျဆုံး ခဲ့သော ရှမ်းပြည်နယ် မြောက်ပိုင်း အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက် ကိုင် တပ်ဖွဲ့တို့အကြား တိုက်ပွဲများ သည် အစိုးရ ဖော်ဆောင်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှု မရရှိခြင်း ကို အခိုင်အမာ သက်သေပြမှုတခုဖြစ်သည်။

ယင်းတိုက်ပွဲများတွင် တပ်မတော်နှင့် တိုက်ခိုက်ခဲ့သော မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) သည် ၂၀၀၉ ခုနှစ်တွင် ယခင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံသဖြင့် တပ်မတော်က တိုက်ခိုက်သိမ်းပိုက်ခဲ့သော တရုတ်-မြန်မာနယ်စပ် လောက်ကိုင်ဒေသ အခြေစိုက် ကိုးကန့်တပ်ဖွဲ့ဖြစ်သည်။

ကျေနပ်အားရမှု မရှိသေးသည့် အချက်များ အစိုးရနှင့် NCCT ဆက် ဆွေးနွေးမည်

(ကချင်သတင်းဌာန)

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်မတိုင်မီ ရန်ကုန်မြို့တွင် ပြန်လည်တွေ့ဆုံရန် ဒီဇင်ဘာလ ၁၅ ရက်က NCCT နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေး၍ သဘောတူလိုက်သည်။

“ဆက်လက် ဆွေးနွေးမယ်၊ အပြတ်မခံဘူးဆိုတဲ့ အခြေခံ အချက်ရတာပေါ့။ ဒါကြောင့် ခရစ္စမတ် မတိုင်ခင်မှာ မဖြစ်မနေ ပြန်တွေ့ဖို့ ဆုံးဖြတ်ချက် ရှိတာပေါ့။ ကျနော်တို့ ပြန်တွေ့ကြဖို့ ရှိပါတယ်” ဟု ဆွေးနွေးပွဲအပြီး သတင်းထောက်များကို NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

Tuesday, December 16, 2014

ရှမ်းမြောက် တိုက်ပွဲ တပ်မတော်သား ၇ ဦး ကျဆုံးဟု အစိုးရ ထုတ်ပြန်

(ဧရာဝတီ)

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် အစိုးရ တပ်မတော်နှင့် ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့များ အကြား ဒီဇင်ဘာလ အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် အစိုးရ တပ်မတော်သား ၇ ဦး ကျဆုံး၍ ၂၀ ဒဏ်ရာရကြောင်း သိရှိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွမ်းလုံမြို့နယ် အတွင်း၌ အစိုးရ တပ်မတော်က နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ကိုးကန့် အဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် အလစ် ၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ကြောင့် အစိုးရ စစ်ကြောင်းများနှင့် ပြည်သူ့ စစ်များက လာရောက် ပူးပေါင်း တိုက်ခိုက်ပေးခဲ့ရကြောင်းလည်း ဒီဇင်ဘာလ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

Monday, December 15, 2014

ကချင်ပြည်နယ် ဖားကန့်တွင် စစ်ရေးတင်းမာ၊ ရွာသားများ သွားလာခွင့် ပိတ်ပင်ထား

(DVB)

ကချင်ပြည်နယ် ဖားကန့်ဒေသ နမ့်မဖစ်ကျေးရွာ အုပ်စုထဲမှာ အစိုးရတပ်နဲ့ ကေအိုင် ကချင် လွတ်လပ်ရေး တပ်မတော်ကြား စစ်ရေး တင်းမာမှု အကျိုးဆက်အဖြစ် ရွာသားတွေ သွား လာခွင့် ပိတ်ပင် ခံရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

နားမဖစ်ကျေးရွာအုပ်စုက နားမဖစ် နဲ့ ဂျာဂါယန် ရွာက ရွာသားတွေဟာ သူတို့ရွာနဲ့ ၈ မိုင်ေ လာက်ဝေးတဲ့ ဖားကန့်မြို့ပေါ်တက်ပြီး ဈေးရောင်းဈေးဝယ် ပြုလုပ်နေရာမှာ ဒီဇင်ဘာ ၁၄ ရက်မ နက်ကတည်းက သွားလာခွင့်ပိတ်ပင်ခံရတဲ့အကြောင်း ဒေသခံတွေက လာရောက်တိုင်တန်း ထားတယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ပွဲဖြစ်ပွါးပါက ဓားနှစ်လက်အင်္ကျီဝတ်ထားသူများကို အရင်ပစ်သတ်မည်ဟု အစိုးရတပ်ဆို

(Lachid Kachin)

ဗန်းမော်မြို့ နယ်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ တွင် နေထိုင်သော ဘာသာရေး ဆရာနှင့် ရှမ်း လူကြီးများ ကို ဒေါ့ဖုန်းယန် အခြေစိုက် ခမရ (၁၄၂) တပ်ရင်းရုံး တွင် တိုက်ပွဲဖြစ်ပွါး ပါက ဓားနှစ်လက် အင်္ကျီ ၀တ်ထားသူများ ကို အရင် ပစ်သတ်မည်ဟု အစီုးရတပ် အရာရှိ တစ်ဦးက ခေါ်ယူ သတိပေးခဲ့ကြောင်း သတင်း ရရှိသည်။

“ဓားနှစ်လက် အင်္ကျီကို မဝတ်ဖို့အတွက် စစ်တပ်က ဗိုလ်မှူးတစ်ယောက်က ပြောပါတယ်။ ဒီနား တစ်ဝိုက်မှာ တိုက်ပွဲဖြစ်လာလို့ရှိရင်၊ အဲဒီ အင်္ကျီ ဝတ်တဲ့သူတွေကို အရင်ပစ်သတ်မယ်။ မဖြစ်ရင်တော့ ဘာမှ မလိုဘူးဆိုပြီး ပြောသွားတယ်” ဟု ခေါ်ယူ သတိပေး ခံရသော ဘာသာရေးဆရာ ဦးတန်အောင် က ပြောသည်။


မနောပွဲ ထည့်သွင်းကျင်းပဖို့ စီစဉ်ပြီးဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ပြောကြား

(RFA)

လာမယ့်နှစ် ဆန်း ဇန်နဝါရီ လ ၁၀ ရက်နေ့မှာ ကျရောက် မယ့် ကချင်ပြည် နယ်နေ့မှာ မနောပွဲ ကို မဖြစ်မနေ ထည့်သွင်း ကျင်းပသွားမယ်လို့ ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဒီနေ့ ကချင် လူငယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။ 
 
ကချင်ပြည်နယ်နေ့မှာ မနောပွဲကို ထည့်သွင်းကျင်းပဖို့ အားလုံးစီစဉ်ထားပြီး ဖြစ်တဲ့အတွက် နားလည် လက်ခံပေးဖို့ ဦးလဂျွန်ငန်ဆိုင်းက ပြောခဲ့တယ်လို့ ဒီကနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကချင်လူငယ် အဖွဲ့ဝင် ကိုခွန်ဂျာနောင်က ပြောပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက် ပြည်တွင်းစစ် ရပ်စဲရေး လမ်းမမြင်

(ဧရာဝတီ)

သမ္မတ ဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ်မှာ အာဏာစတင် ရယူပြီး တဲ့နောက် ကမ္ဘာမှာ အရှည်ကြာ ဆုံး နှစ်ပေါင်း ၆၀ ကျော် ကြာ ဖြစ်ပွားနေ တဲ့ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမယ် လို့ ပြောဆိုပြီး တိုင်းရင်းသား လက်နက် ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခဲ့ပေမယ့် ၃ နှစ်ကျော်ကြာ လာတဲ့ အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ အရာ မထင်ဘဲ တိုက်ပွဲတွေ ပြင်းပြင်း ထန်ထန်ဖြစ်ပွားနေတာမို့ လက်ရှိ အစိုးရသစ် လက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လမ်းမမြင်တော့ပါဘူး။

အစိုးရစစ်တပ်နှင့် ကိုးကန့် တိုက်ပွဲဖြစ် အစိုးရတပ်မှ ၇ ဦးကျဆုံး

(DVB)

ပြီးခဲ့တဲ့ ရက်ပိုင်း က ဖြစ်ပွား ခဲ့တဲ့ ကိုးကန့် လက်နက် ကိုင်တွေနဲ့ တိုက်ပွဲမှာ အစိုးရ တပ်မတော် စစ်ကြောင်း က စစ်သည် ၇ ဦးကျဆုံးပြီး ၂၀ ဦး ဒဏ်ရာရ သွားတယ်လို့ စစ်တပ်နဲ့ အစိုးရပိုင် မီဒီယာ တွေမှာ ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း ကွမ်းလုံမြို့ အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ နမ့်ကျွမ်း၊ ဝေါခြုံဒေသနှင့် မုံးစီး၊ မုံးပေါ်လေး ဒေသအတွင်း နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်စစ်ကြောင်းကို ကိုးကန့် လက်ကျန်တပ်တွေက လက်နက်ကြီးတွေသုံးပြီး အလစ်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာလို့ သတင်းမှာဖော်ပြပါတယ်။