Saturday, December 13, 2014

ရှမ်းမြောက် တိုက်ပွဲများ ပိုမို ပြင်းထန်လာ

(ဧရာဝတီ)

အစိုးရ တပ်နှင့် ကေအိုင်အေ ဦးဆောင် သည့် မဟာမိတ် တပ်ပေါင်းအဖွဲ့ တို့ ရှမ်းပြည် မြောက်ပိုင်း တွင် တိုက်ပွဲများ ပြင်းထန် စွာ ဖြစ်ပွား လျက် ရှိရာ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ပိုမို ပြင်းထန် လာနေကြောင်း သတင်း ရရှိသည်။

ရှမ်းပြည် မြောက်ပိုင်း တာမိုးညဲ၊ ကွတ်ခိုင်မြို့နယ်များနှင့် ထိစပ်လျက်ရှိသော ဒေသများတွင် တိုက်ပွဲပြင်းထန်လာခြင်း ဖြစ်ပြီး ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီတွင် အစိုးရတပ်ဘက်မှ လက်နက်ကြီး အနည်းဆုံး အလုံး ၃၀ ကျော် ပစ်ခတ်ခဲ့ပြီး ဖြစ်ကြောင်း တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒုတိယ ပြန်ကြားရေး တာဝန်ခံ ပါပန်လက ဧရာဝတီသို့ ပြောသည်။

မနောပွဲဆက်ကျင်းပမည်ဟု ကန့်ကွက်သူများကို ပြည်နယ် အစိုးရပြော

(DVB)

ကချင်ပြည်နယ် အစိုးရက ကျင်းပ ဖို့ စီစဉ်ထားတဲ့ မနောပွဲကို ဆက်ကျင်းပသွား မယ်လို့ ကန့်ကွက်တဲ့ သူတွေနဲ့ တွေ့ဆုံရာ မှာ ပြည်နယ် ၀န်ကြီးချုပ် က ပြောဆိုတယ်လို့ ကန်ကွက်တဲ့ သူတွေက ပြောပါတယ်။

ဇန်န၀ါရီ ၅-၁၁ နေ့ အ ထိ မြစ်ကြီးနားမှာ ကချင်ပြည်နယ်နေ့နဲ့အတူ မနောပွဲ ကျင်းပဖို့ အစိုးရက စီစဉ်နေပေမယ့် မနောပွဲကို မကျင်းပဖို့ လူ ၈၀၀၀ ကျော် လတ်မှတ်ရေးထိုးထားတဲ့ စာကို ပြည်နယ်ဝန်ကြီးချုပ်ထံ နိုဝင်ဘာ ၂၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

တိုက်ပွဲ Update သတင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်

၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်
တအာင်းဒေသ၊ ဒီဇင်ဘာလ ၁၁ရက်နေ့၌ ဖြစ်ပွားသော တာမိုးညဲမြို့နယ်ခွဲ
ဆိုက်ခေါင်ကျေး ရွာနှင့် ဟိုပုံကျေးရွာအကြား တိုက်ပွဲ မြန်မာ တပ်မတော်ဖက်မှ
တပ်ခွဲမှူး အဆင့် (၁) ဦးအပါအ၀င် ၁၂ ဦးကျဆုံး၍ ဒုစစ်ကြောင်းမှူး (၁)ဦး
အပါအ၀င် ၂၀ ဦးဒဏ်ရာ ရရှိသည်။ မန်တုံမြို့နယ် နမ့်ပါကျိုင်း ကျေးရွာအနီ
တိုက်ပွဲတွင် မြန်မာ့ တပ်မတော်ဖက်မှ (၉) ဦးကျဆုံး၍ (၃) ဦး ဒဏ်ရာရရှိ သည်။

ကုလထောက်ပံ့မှု ရပ်ဆိုင်းနေသော ကချင်စစ်ပြေးဒုက္ခသည်တွင် အခက်ခဲဆိုးဝါးလာနိုင်

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ထိန်းချုပ် နယ်မြေရှိ ကချင်စစ်ပြေး ဒုက္ခသည်များ အတွက် ကမ္ဘာ့ ကုလသမဂ္ဂ အကူအညီပေးရေး အဖွဲ့အစည်းများ ၏ အကူအညီ များ ရပ်ဆိုင်းလိုက်သဖြင့် ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာ ပြတ်လပ် သည့် အခက်အခဲများ ရှိလာနိုင်သည် ဟု ကချင်ဒုက္ခသည် များ ကူညီပေးနေသူ များက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစတင်၍ ကမ္ဘာ့ကုသမဂ္ဂ အကူအညီပေးရေးအဖွဲ့အစည်းများ၏ စားနပ် ရိက္ခာထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့သဖြင့် ဒေသတွင်း အစိုးရ မဟုတ်သော အကူညီပေးရေး အဖွဲ့အစည်းများ၏ အကူအညီဖြင့်သာ ဖြေရှင်းပေးနေရသည်ဟု ကချင်စစ်ပြေးဒုက္ခသည်များ ကယ်ဆယ်ရေးကော်မတီ၏ တာဝန်ခံ ဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

Friday, December 12, 2014

တိုင်းရင်းသား တပ်ပေါင်းစုနှင့် မြန်မာ စစ်တပ်တို့ ရှမ်းပြည် မြောက်ပိုင်းတွင် ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေ

(ရွှေဟင်္သာသတင်းဌာန)



ရှမ်းပြည် နယ် မြောက် ပိုင်း ကျောက်မဲ မြို့နယ်၊ နမ့်ဆန် မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ် တို့၌ ဒီဇင်ဘာ (၈) ရက်နေ့မှ (၁၀) ရက်နေ့ အထိ ရက်ဆက်ပင် တိုင်းရင်း သား တပ်ပေါင်းစု အဖွဲ့နှင့် မြန်မာ စစ်တပ် တို့အကြား တိုက်ပွဲ များ ဖြစ်ပွား နေခဲ့ကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF) အဖွဲ့၏ ဥက္ကဌ တာအိုက်ဖုန်း မှ ရွှေဟင်္သာ သတင်း ဌာန အား ဒီဇင်ဘာလ (၁၁) ရက်နေ့ ၌ ပြောသည်။

မြန်မာအစိုးရ တပ်မတော်မှ တပ်ကြပ်တစ်ဦး ယောကျာ်းချင်း လိင်အကြမ်းဖက်မှု ကျူးလွန်။

(Kachin Waves)

မြန်မာအစိုးရ တပ်မတော် ခ.လ.ရ (၅၀) မှ ဒုတပ်ကြပ် ကျော်ကျော်ဝင်း က ၄င်း၏ လိင်တံကို ပါးစပ်ဖြင့် စုပ်ခိုင်းပြီး ယောကျာ်းချင်း လိင်အကြမ်း ဖက်မှု နှစ်ကြိမ် ပြုလုပ် ခိုင်းကြောင်း ကျူးလွန်ခံရ သည့် ပြည်သူ့စစ် ကိုလဆိုင်း(အမည်လွှဲ) ၂၉နှစ် ကပြောသည်။

ဝိုင်းမော်မြို့ နယ် ဒိန်ဂျန် ယန်ကျေးရွာ လီဆူးနှစ်ခြင်းခရစ်ယာန်ကျောင်း ၀င်း မူကြိုကျောင်း အနောက် ဘက် တွင် ရှိသည့် ဒိန်ဂျန်ယန်ပြည်သူ့ စစ်စခန်း တွင် ဒီဇင်ဘာ  ၉ ရက်နေ့ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အစိုးရနဲ့ တိုင်းရင်းသားတွေ ဆွေးနွေးပွဲ မသေချာသေး

(RFA)

လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ MPC နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့ သဘောတူထားခဲ့ပေမဲ့ လိုင်ဇာမြို့မှာရှိတဲ့ ကေအိုင်အေ အရာရှိသင်တန်းကျောင်း တိုက်ခိုက်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရဘက်က တစ်စုံတစ်ရာ ရှင်းလင်းပြောဆိုတာ မရှိသေးတာကြောင့် တိုင်းရင်းသားတွေဘက်ကတွေ့ဆုံဖို့ ဆုံးဖြတ်ချက်မချသေးဘူးလို့ သိရပါတယ်။ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ အဲဒီ့လို နှစ်ဘက်တွေ့ဆုံဆွေးနွေးဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က အကြောင်းကြားထားခဲ့တာဖြစ်ပါတယ်။

ဦးသိန်းစိန် သမ္မတ သက်တမ်း၌ အပစ်ရပ်ရေးနှင့် နှင့် နိုင်ငံရေး ဆွေးနွေးပွဲ စတင် ထားနိုင်ရေး ကြိုးပမ်းမည်ဟု UNFC ဆို

(ရွှေဟင်္သာသတင်းဌာန)



သမ္မတ ဦးသိန်းစိန် အစိုးရ သက် တမ်း အတွင်း၌ တစ်နိုင် ငံလုံး အပစ် အခတ် ရပ်စဲရေး လက် မှတ် ရေးထိုး နိုင် ရန်နှင့် နိုင်ငံရေး ဆွေးနွေး ပွဲများ စတင် ထားနိုင်ရေး မဖြစ် မနေ ကြိုးပမ်း သွား ရန် ရည်မှန်း ချက် ရှိကြောင်း ညီ ညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တွဲဖက် အတွင်းရေး မှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ရွှေဟင်္သာ သတင်း ဌာန အား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။

သမ္မတကြီး ကမကထ ပြုခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်က (၃) နှစ်ထဲ ရောက်လာပြီ ဆိုတော့ ရလာဒ် တစ်ခုတော့ ထွက်လာဖို့ လိုတယ်၊ဒီ ရလာဒ်က အဓိပ္ပါယ် ရှိရ မယ်၊ ဂုဏ်သိ က္ခာ ရှိရမယ်။ ဒီရလဒ်က ဘာလဲ ဆိုတော့ အပစ်ရပ် စာချုပ် ပေါ့ဗျာ၊ ကျွှန်တော်တို့ ကတော့ နိုင်ငံရေး ကြောင့်ပဲ ဖြစ်စေ၊ စစ်ရေး အခြေအနေ ကြောင့်ပဲ ဖြစ်စေ ပေါ့ဗျာ၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကိုတော့ ဆက်သွား ရမှာပဲဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ဒီဇင်ဘာလ (၉) ရက်နေ့၌ ပြောကြား ခဲ့သည်။

အရာမထင်သည့် ဆွေးနွေးပွဲများနှင့် ၂၀၁၄

(Mizzima)

မြန်မာ့ ထိပ်တန်းခေါင်းဆောင်တွေဟာ ဆွေးနွေးပွဲတွေကို အလျဉ်းသင့်သလို လုပ်နေကြသော်လည်း စိတ်ဝင်စားဖွယ်ရာရလဒ်များ ထွက်ပေါ်မလာသည်မှာ အံ့သြစရာပင် ဖြစ်သည်။

၂၀၁၁ ခုနှစ်၊ သြဂုတ်လမှ စတင်ကာ သမ္မတ ဦးသိန်းစိန် စီစဉ်ခဲ့သည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးလုပ်ငန်း စဉ်အတွက် တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများမှ ကိုယ်စားလှယ်များပါဝင်သည့် NCCT အဖွဲ့နှင့် အစိုးရ ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ အကြား နောက်ဆုံးပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများသည်လည်း ရှေ့မတိုးသာ၊ နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်ပေါ်လာပြန်သည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ပြန်စဖို့ ပြင်ဆင်

(VOA)

တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေ နဲ့ မြန်မာ ငြိမ်း ချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ တို့ အကြားမှာ တနိုင်ငံလုံး အတိုင်း အတာ အပစ် အခတ် ရပ်စဲရေး စာချုပ်ကို ၂၀၁၅နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေး ထိုးနိုင် လိမ့်မယ် လို့ MPC  ခေါ် မြန်မာငြိမ်းချမ်းရေး စင်တာ တာဝန်ရှိသူတွေ ကပြောပါတယ်။
 လာမယ့် ဒီဇင် ဘာ(၁၇)ရက်နေ့ မှာ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှို င်းဆောင်ရွက်ရေး အဖွဲ့ NCCTနဲ့ ပြည်ထောင် စုငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ၀န်ကြီးဦးအောင်မင်းကနေ ကမ်းလှမ်းလာတယ် လို့လည်း ဆိုပါတယ်။ ဒီအခြေအနေတွေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန် ကနေ အခုလိုသတင်းပေးပို့ ထားပါတယ်။

Thursday, December 11, 2014

အစိုးရနှင့် တအာင်း တပ်မတော်တို့ သုံးရက်ကြာ တိုက်ပွဲပြင်း ထန်နေဟုဆို

(Mizzima)

အစိုးရ စစ်တပ်နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ သုံးရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေကာ ဒီဇင်ဘာလ ၁၀ ရက်တွင် တိုက်ပွဲ တစ်နေကုန် ဖြစ်ပွားခဲ့သည်ဟု TNLA ၏ ပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် တာမိုးညဲမြို့နယ်ခွဲ ဆိုင်ခေါင်နှင့် ဟိုပုံကျေးရွာအကြား TNLA ၏ အမှတ် (၄) ဗျူဟာ နယ်မြေတွင် တပ်ရင်း ၉၀၉ တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်၏ တပ်မ ၈၈လက်အောက်ခံ တပ်ဖွဲ့များနှင့် ဒီဇင်ဘာလ ၁၀ ရက် နံနက် ၅ နာရီမှ ညနေ ၃ နာရီခွဲထိ တိုက်ပွဲ ပြင်းပြင်း ထန်ထန် ဖြစ်ပွား ခဲ့သည်ဟု သူကဆိုသည်။

စစ်ရှိန်လျှော့ချရေးအတွက် အစိုးရနှင့် ညှိနှိုင်းမှုတွင် KIO တက်ရောက်မည် မဟုတ်

(ကချင်သတင်းဌာန)

အစိုးရနှင့် ကချင် လွတ်မြောက်ရေး အဖွဲ KIO တို့အကြား ပစ်ခတ် တိုက်ခိုက် မှုနှင့် စစ်ရှိန်လျှော့ ချနိုင်ရန်အတွက် ဖွဲ့စည်းထားသော နှစ်ဖက် ပဋိပက္ခဖြေရှင်းရေး အဖွဲ့၏ တွေ့ဆုံဆွေးနွေးမှု ကို ကေအိုင်အိုဘက်မှ တက်ရောက်မည် မဟုတ်ကြောင်း ဗိုလ်မှူးကြီး ခွန်နောင် က ပြောသည်။

“ကျနော်တို့ ဒီတခါတော့ ရက်အကန့်အသတ် မရှိ ရွှေ့ထားတဲ့ သဘောဖြစ်တယ်။ ၁၉ ရက်က ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အို ကနေ အစိုးရကို စာရေးထားတာ ရှိတယ်။ ဒီတခေါက်တော့ ဦးအောင်မင်းနဲ့ ဒီဟာနဲ့ပတ်သက်လို့ ညှိနှိုင်းဖြေရှင်းဖို့ လုပ်ပြီးမှဘဲ ကျနော်တို့နောက်ပိုင်း ပြန်လုပ်မှာပါ” ဟု သူက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တိုင်းရင်းသားပူးပေါင်းတပ်နှင့် အစိုးရတပ် တိုက်ပွဲပြင်းထန်

(DVB)

ရှမ်းပြည်မြောက် ပိုင်း ကွတ်ခိုင် မြို့နယ် တာမိုးညဲ မြို့နယ် ခွဲမှာ ကချင်၊ တအာင်း (ပလောင်)၊ ကိုးကန့် စတဲ့ တိုင်းရင်း သား ပူးပေါင်းတပ်နဲ့ အစိုးရ တပ်ကြား ဒီနေ့ တနေကုန် နီးပါး ပစ်ခတ် မှု ဖြစ်ပွား ခဲ့ပါတယ်။

တအာင်းအမျိုး သား လွတ်မြောက်ရေး တပ်မတော် (တီအန် အယ်လ်အေ) ၊ ကေ အိုင်အေ ကချင် လွတ်လပ်ရေးတပ်မတော် နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု ( ကိုးကန့် ) တပ်ဖွဲ့တွေဟာ အစိုးရနဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ် လက်မှတ်ရေး ထိုးနိုင်ရေး ဆွေးနွေးနေ တဲ့  ယူအဲန်အက်ဖ်စီ ညီညွတ်သော တိုင်းရင်းသား လူမျိုး
များဖက်ဒရယ်ကောင် စီ ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

Wednesday, December 10, 2014

ဖျက်သိမ်းပစ်ရမည့် “စစ်အုပ်စုနိုင်ငံရေး”

(KIC)
 
ကာချုပ်က ၂၀၀၈ အခြေခံ ဥပဒေကို “အသက်”လို့ပြောတာ ကြားရ၊ ဖတ်ရသည်။ သို့ဖြင့် “အခြေခံဥပဒေနဲ့ အသက်” ဆိုသည့် အကြောင်း အတွေးပွားပြီး စဉ်းစားမိ သည်။ တွေးတော စဉ်းစားမိသမျှကို ယခု တင်ပြလိုက် ပါသည်။

လွတ်လပ်ပါသည်ဆိုသော မြန်မာနိုင်ငံ၌ အခြေခံဥပဒေ သုံးခု ရှိခဲ့ဖူးသည်။ ၁၉၄၇ အခြေခံဥပဒေ၊ ၁၉၇၄ အခြေခံဥပဒေ၊ ၂၀၀၈ အခြေခံဥပဒေ ဟူ၍ဖြစ်သည်။ ယင်းသုံးခုအနက် နှစ်ခုမှာ (၁၉၇၄နှင့် ၂၀၀၈ အခြေခံဥပဒေ) စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲ အတည်ပြုခဲ့ကြသည့် အခြေခံဥပဒေများဖြစ်သည်။
၁၉၄၇ အခြေခံဥပဒေသည် (၁၉၄၈မှ ၁၉၆၂ မတ်လ ၂ရက်နေ့အထိ) ၁၄နှစ်မျှသက်တမ်းရှိခဲ့ပြီး ၁၉၇၄ အခြေခံဥပဒေသည် လည်း ၁၉၄၇ အခြေခံဥပဒေကဲ့သို့ပင် (၁၉၇၄ မှ ၁၉၈၈ အထိ) ၁၄နှစ်ခန့်မျှသာ သက်တမ်းရှိခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေက တော့ မည်မျှသက်တမ်းကြာမည်မသိ။ ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ရေတွက်မည်ဆိုလျှင် ၃နှစ်ကျော် သက်တမ်းရှိလာနေခဲ့ပြီဖြစ် သည်။

CPI မှ တာဝန် ယူဆောက်လုပ်ထားပေးသည့် အိမ်များ၏ အိမ်ခြေ တိုင်များ ခြစားမှု တို့ကြောင့်နေထိုင်ရန် အခက်အခဲ ဖြစ်နေ

(Kachinwaves)

အောင်မြင် စံပြကျေးရွာ ရှိ CPI မှ တာဝန်ယူဆောက် လုပ်ပေးထား သည့် ဒုက္ခသည်များနေ ထိုင်ရာအိမ်များ၏ခြေ တိုင်များမှာ ခြစားမှု တို့ကြောင့်နေအိမ် ယိမ်းယိုင် လာခြင်း၊ အိမ်ထရံ များပေါက်ပြဲမှုကြောင့် လုံခြုံမှုမရှိခြင်း တို့ ကြောင့်နေထိုင်ရန် ဒုက္ခအခက်အခဲ ဖြစ်ပေါ်နေကြောင်းသိရသည်။

“ တိုင်တွေလည်း ခြစားနေပြီ။ထရံကမလုံဘူး။ သစ်ခုတ်ပြီးပြန်လုပ်ရမယ့်အခြေအနေဖြစ်နေပြီ။ အိမ်ကပြိုလဲ တော့မယ်။” ဟု အောင်မြင်သာစံပြကျေးရွာတွင်နေထိုင်သူ ဒုက္ခသည်တစ်ဦးမှဆိုသည်။

တအောင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် နှစ်ဘက် တိုက်ပွဲအပြင်းအထန်ဖြစ်

တအောင်းဒေသ၊ အမှတ်(၄) ဗျူဟာ နယ်မြေ တွင် (၁၀.၁၂.၂၀၁၄)ယနေ့ နံနက် (၀၅း၀၀)နာရီမှ ယခုအချိန်ထိ တအောင်း တပ်မတော်တပ်ရင်း (၉၁၉)နှင့် မြန်မာ့ တပ်မတော်တို့ နှစ်ဘက် အပြင်းအထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။

KIA မှ ကျပ်သိန်းတစ်ထောင်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

(ကချင်သတင်းဌာန)

ရှမ်းပြည် နယ်မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် တွင် ကချင် လွတ်မြောက်ရေး တပ် ဖွဲ့ (KIA) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ် ရင်း ၉ ဒေသ တွင် ကျပ်သိန်းပေါင်း (၁၀၀၀ ကျော်) တန်ဖိုးရှိ မူးယစ်ဆေး ဝါးကို မီးရှို့ ဖျက်ဆီးခဲ့ သည်ဟု KIA တပ်မဟာ ၄ မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ကြီး ဇော်လ က ပြောသည်။

ကွတ်ခိုင်မြို့နယ်ရှိ KIA ၏ တပ်ရင်း ၉ ဒေသ ဟိုဘန်ကျေးရွာအနီး ဒီဇင်ဘာလ ၈ ရက်က ဘိန်းမဲ ၃ ကီလို၊ ဘိန်းဖြူ ၄.၅ ကီလို၊ ရာမဆေးပြား ၄၂၂၄ ပြား၊ ရာမဈေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ဆေး ၈ ပိဿာ စုစုပေါင်း ကျပ် ၁၀၄ ၈၁၀ ၀၀၀ တန်ဖိုးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ကျည်ဆံထိမှန် သေဆုံးသွားသောကျောင်းသူ အမှုမှန်စုံစမ်းစစ်ဆေးရန် အစိုးရအား တောင်းဆို

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့ မှ ကိုးတန်းကျောင်း သူသေဆုံး ခဲ့မှုကို အမှုမှန် ဖော်ထုတ်ပေး ရန် အစိုးရဘက်မှ စုံစမ်း စစ်ဆေးရေး ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေး ရန် သေဆုံးသူ ၏ ဖခင်နှင့် ၄င်းအမှုနှင့် ပတ်သက်၍ ဖြစ်ရပ် မှန်ဖော် ထုတ်ရေးကော်မတီ တို့က တောင်းဆို လိုက်သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု(၁) ဆွတ်ငိုင်ယန်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန်အား ပစ်ခတ်ခဲ့သော အစိုးရ တပ်ဖွဲ့အား စစ်ဆေးပေးရန် ဒီဇင်ဘာလ ၆ ရက်က တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

Tuesday, December 9, 2014

ထိုင်းနိုင်ငံ ဘန့်မိုင်ဆာမာခီက ကချင်မနောပွဲ

(ဧရာဝတီ)

ထိုင်းနိုင်ငံမြောက် ပိုင်း ချင်ဒေါင်းနယ်၊ ဘန့်မိုင် ဆာမာခီ ရွာ ကလေးမှာ ကချင် မနောပွဲ ကို ဒီဇင်ဘာလ ၄ ရက် နေ့ ကနေ ၇ ရက်နေ့ ထိ ကျင်းပ ခဲ့ပါတယ်။ 

မြန်မာပြည် က စစ်ဘေးရှောင် ကချင် တိုင်းရင်းသားတွေ ကို ထိုင်းနိုင်ငံ က တောင်ပေါ် တိုင်းရင်းသား အဖြစ်  မွေးစားပြီး ထိုင်း ဘုရင်မင်းမြတ် က ရွာတည်ပေးခဲ့တာ နှစ်ပေါင်း ၃၀ ပြည့် တဲ့ အထိမ်းအမှတ်ရယ်၊ ထိုင်း ဘုရင့်မွေးနေ့ရယ်နဲ့ ပူးပေါင်းပြီး ကချင်မနောပွဲကို ဘန့်မိုင်ဆာမာခီရွာမှာ စည်စည်ကားကား ကျင်းပကြတာပါ။ 

စစ်ပွဲအတွက် အမုန်းတရား လှုံ့ဆော်သူများ

(Mizzima)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က ရန်ကုန် ရွှေတိဂုံစေ တီ မြောက်ဘက် မုခ်နားက သူရဲကောင်း စစ်သည် ဗိမာန်မှာ အခမ်းအနား တစ်ခု ကျင်းပ ခဲ့ပါတယ်။ ကျဆုံး စစ်သည်တွေ ကို ဂုဏ်ပြုတဲ့အခမ်းအနားလို့ နာမည်ပေး ထားပြီး အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီး ထွန်းကြည်၊
အာဏာ ရှင်ဟောင်း ဦးနေဝင်းရဲ့ မြေးတွေဖြစ်တဲ့ ဦးအေးနေဝင်း၊ ဦးကျော်နေဝင်းနဲ့ အငြိမ်း စား စစ်သည်တွေ၊ ကျဆုံးစစ်သည်
မိသားစု ဝင်တွေ တက်ရောက်ခဲ့ကြ ပါတယ်။ ပွဲစီစဉ်ကျင်းပ သူကတော့ မြန်မာ FaceBook လောကမှာ နာမည်ကြီးနေတဲ့ အငြိမ်းစား ဗိုလ်ကြီးဟောင်း ဦးရဲမိုးပါ။ ဒီပွဲကျင်းပတဲ့ ရည်ရွယ်ချက်က ဘာလဲ၊ အဲဒီပွဲမှာ ဘယ်သူတွေက ဘာတွေပြောခဲ့ကြသလဲ၊ ဒီပွဲလိုမျိုးဟာ
မြန်မာပြည် ငြိမ်းချမ်းသာယာ ဝပြောလာစေရေး၊ တိုင်းရင်းသားတွေနဲ့ ချစ်ခင်ရင်းနှီးလာစေရေးအတွက် ဘယ်လောက် အထောက် အကူ ပြုနိုင်မလဲဆိုတာ ဆွေးနွေးကြည့်ရအောင်။


Monday, December 8, 2014

ကချင် ကျောင်းသူတဦး သေဆုံးမှု ၂ နှစ်ကျော်အထိ အမှုမှန် မဖော်ထုတ်နိုင်သေး

(ဧရာဝတီ)
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် ဆွတ်ငိုင် ယန် ကျေးရွာ တွင် ဖြစ်ပွား သည့် ၉ တန်းကျောင်း သူ မဂျာဆိုင်းအိန် သေဆုံးမှု သည် ၂ နှစ် ကျော် ကြာအထိ တရားခံ မဖော် ထုတ်နိုင်သေးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှာ ၂၀၁၂ ခုနစ် စက်တင်ဘာ ၁၃ ရက်က ဆွတ်ငိုင်ယန်ကျေးရွာ သို့ တပ်မတော် စစ်ကြောင်း ရောက်ရှိ လာပြီး ကျေးရွာ နှင့် အနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ပစ်ခတ်မှုများကြောင့် ကျောင်းပြန်လာသည့် မဂျာဆိုင်းအိန်နှင့် သူငယ်ချင်းများသည် နေ အိမ် တခုတွင် ပုန်းခိုနေခဲ့ရာ မဂျာဆိုင်းအိန် တဦးတည်း ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖခင်ဖြစ်သူ ဦးဘရန်ရှောင် က ဧရာဝတီ သို့ ပြောသည်။

ဦးနေ၀င်း၏မြေး လက်နက်ကိုင်အင်အားစုများကို ပြင်းပြင်းထန်ထန် ဝေဖန်

By အောင်သူရ
တိုင်းရင်းသားလက်နက် ကိုင် အင်အားစုများ ကတိမတည် ခြင်းနှင့် သိက္ခာမရှိသော အလုပ် များလုပ်နေခြင်းကြောင့် ငြိမ်းချမ်း ရေး မရနိုင်ဖြစ်နေကြောင်း ဦးနေ ၀င်း၏မြေး ဦးအေးနေ၀င်းက ပြောကြားလိုက်သည်။

‘‘တပ်မတော်သားတွေဘက် က ငြိမ်းချမ်းရေးကို လိုလားပါ တယ်။ တစ်ဖက်အဖွဲ့အစည်း တွေဘက်က တကယ်ကတိမ တည်တာတွေမျိုး သိက္ခာမရှိတဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေး မရနိုင်ဘဲနဲ့ ဆက်ပြီးတော့ အဓွန့် ရှည်နေတာဖြစ်ပါတယ်။ လွန်ခဲ့ တဲ့ နှစ်ပတ်၊ သုံးပတ်က ဖြစ်ခဲ့တဲ့ ကိစ္စတွေ ရှက်တတ်ရင် အင်မ တန်ရှက်ဖို့ ကောင်းပါတယ်’’ ဟု သူရဲကောင်းဗိမာန်တွင် ဒီဇင်ဘာ ၇ ရက်က ပထမဆုံးအကြိမ်ပြုလုပ် သည့် ကျဆုံးသွားခဲ့သော အည တရအာဇာနည်များ ဂုဏ်ပြုခြင်း အခမ်းအနားအပြီး သတင်း ထောက်များက မေးမြန်းရာ၌ ဦးအေးနေ၀င်းက ပြောကြားခြင်း ဖြစ် သည်။

Sunday, December 7, 2014

န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန်သေဆုံးမှုကို လိမ်လည်တိုင်တန်းသည်ဟုဆိုကာ တပ်မတော်က ဖခင်ဖြစ်သူအား တရားစွဲဆိုမှု စွဲချက်တင်ပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာအထိ တရားလိုဗိုလ်မှူးကို ဆင့်ခေါ်မရ၍ အမှုကြန့်ကြာ

(Eleven Media Group)



ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်ကျေးရွာ၌ အသက် ၁၄ နှစ်အရွယ် ၉ တန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးမှုအား လိမ်လည်တိုင်တန်းသည်ဟုဆိုကာ တပ်မတော်က ဖခင်ဖြစ်သူ ဦးဘရန်ရှောင်အား တရားစွဲဆိုထားမှုမှာ စွဲချက်တင်ခံရပြီးနောက်ပိုင်း တစ်နှစ်ကျော်ကြာအထိ တရားလို ဗိုလ်မှူးဖြစ်သူကို ဆင့်ခေါ်၍မရဘဲ အမှုကြန့်ကြာလျက်ရှိကာ နစ်နာမှုများ ဖြစ်ပေါ်ကြောင်း ကာယကံရှင် ဦးဘရန်ရှောင်နှင့် မဂျာဆိုင်းအိန်သေဆုံးခြင်း ဖြစ်ရပ်မှန် ဖော်ထုတ်ရေး ကော်မတီတို့က ဒီဇင်ဘာ ၆ ရက်တွင် ရှင်းလင်းပြောကြားသည်။

ကချင်ကျောင်းသူ သေဆုံးမှုအပေါ် ကော်မရှင်ဖွဲ့ စစ်ဆေးပေးရန် တောင်းဆို

(Mizzima)

လွန်ခဲ့သည့် ၂ နှစ်ကျော်က ကချင်ပြည်နယ်မှ ကိုးတန်းကျောင်းသူ သေဆုံးခဲ့မှုအပေါ် အမှုမှန်ပေါ်ပေါက်စေရန် အစိုးရက လွတ်လပ်ပြီး မျှတသည့်ကော်မရှင် တစ်ရပ် ဖွဲ့စည်းပေးရန် သေဆုံးသူ၏ ဖခင်နှင့် အမှုမှန်ပေါ်ပေါက်ရေး လုပ်ဆောင်နေ သည့် ကော်မတီက တောင်းဆိုလိုက်သည်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့က ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် အုပ်စု (၁) ဆွတ်ငိုင်ယန် ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် နဝမတန်း ကျောင်းသူ မဂျာဆိုင်းအိန်အား ပစ်ခတ်ခဲ့သော တပ်ဖွဲ့အား စုံစမ်း စစ်ဆေး ပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။