Saturday, December 6, 2014

ဖက်ဒရယ်တပ်မတော် တောင်ပိုင်းစစ်ဒေသတာဝန်ခံအဖြစ် KNLA ဒုစစ်ဦးစီးချုပ်အား ခန့်အပ်

(KIC)

ဖက်ဒ ရယ်ပြည်ထောင်စု တပ်မတော်(FUA)က လွတ်မြောက် နယ်မြေ တစ်နေရာ တွင် နှစ်ရက်တာ ကျင်းပခဲ့ သည့် ၎င်းတို့၏ ပထမ အကြိမ် စစ်ဦးစီးများ အစည်းအဝေး အပြီးတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ် ချုပ်ကြီးစောဘောကျော်ဟဲ အား တောင်ပိုင်း စစ်ဒေသ တာဝန်ခံ အဖြစ် ခန့်အပ် လိုက် ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Friday, December 5, 2014

ကချင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာ အခက်အခဲဖြစ်နေ

(ဧရာဝတီ)
ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ထိန်းချုပ် သည့် ကချင်ပြည်နယ် လိုင်ဇာမြို့ အနီး ၀န်းကျင်ရှိ စစ်ဘေးရှောင် ဒုက္ခ သည် စခန်းများ အတွက် စားနပ် ရိက္ခာ အခက် အခဲ ဖြစ်နေကြောင်း သတင်းရ သည်။

လက်ရှိ အချိန်တွင် နိုင်ငံတကာ မှ ကူညီထောက်ပံ့နေသည့် ကုလသမဂ္ဂ(UN) နှင့် အစိုးရမဟုတ်သော အကူအညီပေးရေး အဖွဲ့(NGO) များ၏ လာရောက်ကူညီမှု ရပ်ဆိုင်းနေကြသဖြင့် ဒုက္ခသည်များအတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း၊ မကြာမီ ကာလတွင် ရိက္ခာ ပြတ်သွားနိုင်ကြောင်း ကချင် ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆာလန်ကဘာ ဒွဲပီဆာ က ဧရာဝတီသို့ ပြောသည်။

အစိုးရဘက်က အပစ်ရပ်ပေးဖို့ ၅၄ ပါတီ တောင်းဆို

(RFA)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ အစိုးရက စတင် ပြီး တဘက်သတ် အပစ် ရပ်ရေးဆောင်ရွက်ဖို့ တိုင်းရင်း သားနဲ့ နိုင်ငံရေး၊ လူမှုရေး အဖွဲ့ ၅၄ ဖွဲ့က ပူးတွဲ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ 

ဒီကနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက် မှာ  ပြုလုပ်တဲ့ တိုင်းရင်းသားပါတီများ နိုင်ငံရေး လူမှုရေး အဖွဲ့အစည်းများရဲ့ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးနဲ့ အပစ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲကနေ ခုလို တောင်းဆိုလိုက်တာဖြစ် ပါတယ်။  အဖွဲ့အစည်း ၅၄ ဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းပွဲကို တက်ရောက်တဲ့ UNA အဖွဲ့က ဦးမျိုးထွန်းက ခုလိုပြောပါတယ်။ 

FUA ပထမအကြိမ် စစ်ဦးစီး အဖွဲ့ အစည်းအဝေးမှ စစ်ဒေသ နှစ်ခု ဖွဲ့စည်း

(ရွှေဟင်္သာသတင်းဌာန)



ဖက်ဒရယ် တပ်မတော် (FUA) အဖွဲ့၏ နှစ်ရက်တာ လွတ်မြောက် နယ်မြေ တနေရာ၌ ကျင်းပ ခဲ့သည့် ပထမ အကြိမ် စစ်ဦးစီး အဖွဲ့ အစည်းအဝေး အတွင်း၌ စစ်ဒေသ နှစ်ခု ဖွဲ့စည်း ခဲ့ကြောင်း အစည်အဝေး တက်ရောက် ခဲ့သည့် အမည်မဖော် လိုသူ စစ်ဖက် အရာရှိ တဦးက ရွှေဟင်္သာ သတင်းဌာနအား နိုဝင်ဘာလ (၃) ရက်နေ့၌ ပြောကြားသည်။

“မြောက်ပိုင်း စစ်ဒေသ ကိုတော့ ဗိုလ်ချုပ် ဂမ်ရှောင်က ဦးဆောင်ပြီး မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို တာဝန်ယူ သွားမယ်၊ တောင်ပိုင်း စစ်ဒေသ ကိုတော့ ဗိုလ်မှူးချုပ် ဘောကျော်ဟဲက တာဝန်ယူ သွားမယ်၊ စစ်ဦးစီးချုပ် ကိုတော့ ကျနော်တို့ မရွေးနိုင်သေးလို့ ဗိုလ်ချုပ် ဘီတူးကိုပဲ ယာယီ ဦးစီးချုပ် အဖြစ် ဆက်ခန့်ထား ခဲ့တယ်” ဟု အဆိုပါ စစ်ဘက် အရာရှိမှ ရွှေဟင်္သာ သတင်းဌာနအား ပြောကြား ခဲ့သည်။

UPWC နှင့် NCCT တို့ ဆက်လက် တွေ့ဆုံ ဆွေးနွေး ကြရန် ညှိနှိုင်းမှုများ အလား အလာကောင်းနေ

(ရွှေဟင်္သာသတင်းဌာန)



အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ် များနှင့် ပက်သက် ၍ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ (UPWC) နှင့် တပြည်လုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ NCCT တို့ ပြန်လည် ဆွေးနွေး နိုင်ရန် အတွက် မြန်မာ့ ငြိမ်းချမ်းရေး စင်တာ MPC တာဝန် ရှိသူ များနှင့် NCCT အဖွဲ့ခေါင်းဆောင် တို့၏ ဒီဇင်ဘာလ (၂) ရက်နေ့ တွေ့ဆုံ မှုတွင် အပြုသဘော ဆောင်ပြီး အလားအလာ ကောင်းသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြား ခဲ့သည်။

မြစ်ကြီးနား မနောပွဲ မသေချာသော်လည်း ထိုင်းရောက်ကချင်များ၏ မနောပွဲစပြီ

(Mizzima)



ကချင်ပြည်နယ် အတွင်း စစ်ပွဲများကြောင့် ကချင်ရိုးရာ မနောပွဲကို ကျင်းပရန် မသေချာသော် လည်း ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ ချင်းတောင်းမြို့နယ် ဘန်းမိုင်ဆာပခီကျေးရွာရှိ ကချင်တိုင်းရင်းသားများက ၆ ကြိမ်မြောက် Wunli hkridip ကချင်မနောပွဲကို ဒီဇင်ဘာ ၄ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။

ဒီဇင်ဘာ ၄ ရက် နံနက်က ထိုင်းဘုရင် အဒူယာဒက်၏ ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်မည့် ၈၇ နှစ်ပြည့် မွေးနေ့အတွက် ထိုင်းစစ်တပ် ဦးဆောင်ကာ ဂုဏ်ပြုပွဲ အခမ်းအနားအပြီး ကချင်မနောပွဲကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် ကေအိုင်အိုပဋိပက္ခညှိနှိုင်းရေးအဖွဲ့တို့ လစဉ်တွေ့ဆုံမှု ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

(Eleven Media Group)



အစိုးရနှင့် ကေအိုင်အို ပဋိပက္ခညိ§နှိုင်းရေးအဖွဲ့တို့ လစဉ်တွေ့ဆုံမှု ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားကြောင်း မြစ်ကြီးနားမြို့အခြေစိုက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များက The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 


ရွှေ့ဆိုင်းရသည့်အကြောင်းရင်းမှာ နိုဝင်ဘာ ၁၉ ရက်တွင် တပ်မတော်မှ ပစ်လိုက်သော လက်နက်ကြီးကြောင့် လိုင်ဇာအနီးရှိ ဗိုလ်သင်တန်းကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဗိုလ်လောင်း ၂၃ ဦးနှင့် သင်တန်းဆရာများ ဒဏ်ရာရရှိမှုတို့ကို ကေအိုင်အိုဗဟိုမှ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို မေးခွန်းများမေးမြန်းထားပြီး ယင်းမေးခွန်းများကို မဖြေကြားသေးသောကြောင့်ဖြစ်ကြောင်း သိရသည်။ 

ထိုင်းနိုင်ငံတွင် ကချင် မနောပွဲတော် ကျင်းပ

(ကချင်သတင်းဌာန)

ထိုင်းနိုင် ငံမြောက်ပိုင်း ချင်းရိုင်း ခရိုင် ချင်းသောင်းမြို့နယ် ဘန်းမိုင် ဆာမခီကျေး ရွာရှိ ကချင် တိုင်းရင်းသားများ၏ ၆ ကြိမ်မြောက် Wunli Hkridip ကချင်မနောပွဲ ကို ဒီဇင်ဘာလ ၄ ရက်တွင် စတင် ကျင်းပနေပြီ ဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီ တွင် ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ၈၇ နှစ်ပြည့် ဂုဏ်ပြုသော အခမ်းအနားကို ထိုင်းအစိုးရ အရာရှိတစ်ဦးက ဦးဆောင်၍ ပြုလုပ်ခဲ့ပြီးကချင်အမျိုးသားအစည်းအရုံး KNO ဥက္ကဌ ဒူဝါ ဘောမ်ဝမ်လရော်က မနောပွဲ ဖွင့်လှစ်လိုက်ခြင်း ဖြစ်သည်။

Thursday, December 4, 2014

တခါက လိုင်ဇာ



 (မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၄

လိုင်ဇာ ဆိုတာ ကျမ အရမ်း ကို ရောက်ဖူး ချင်တဲ့ တော်လှန်ရေး နယ်မြေ ဒေသ တခုပါ။ လိုင်ဇာ အကြောင်းကို ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုမန်းရှာ ဆီက ကျမ မကြာမကြာ ကြားဖူးတယ်။ သူက လိုင်ဇာကို တော်လှန်ရေး တာဝန်တွေနဲ့ သွားဖူးရောက်ဖူးလေတော့ စကားကြုံရင်ကြုံသလို လိုင်ဇာအကြောင်းကို ကျမတို့  ကို ပြောပြလေ့ရှိတယ်။ နောက်ပိုင်းမှာ ကချင်လူငယ်တွေ ကချင်အမျိုးသမီးတွေနဲ့  လူငယ်အလုပ်တွေ အမျိုးသမီးအလုပ်တွေ အတူတွဲလုပ်ဖြစ်ကြတော့ ကချင်တော်လှန်ရေးဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ကျမ ပိုပြီး ရောက်ဖူးချင်ခဲ့ပါတယ်။

Wednesday, December 3, 2014

UNFC ၏ ပြည်ထောင်စု တပ်မတော် စစ်ဦးစီးအဖွဲ့ ပြန်လည်ဖွဲ့စည်း

(ဧရာဝတီ)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက် ဒရယ်ကောင်စီ ( UNFC) က ဖွဲ့စည်း ထားသော  ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (FUA)၏ တပ်မတော် ပိုင်းဆိုင်ရာ စစ်ဦးစီး အဖွဲ့ကို ပြန်လည် ဖွဲ့စည်း လိုက်ကြောင်း သတင်း ရရှိသည်။

FUA စစ်ဦးစီးအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်မှ ၂၉ ရက်နေ့အထိ ထိုင်း-မြန်မာ နယ်စပ် နေရာတခုတွင် ကျင်းပခဲ့ပြီး စစ်ဦးစီးအဖွဲ့ ပြန်လည် ဖွဲ့စည်းခြင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်း ဒေသ တို့ကို စစ်ဇုန်ဒေသ များ အဖြစ် သတ်မှတ်ခြင်းများ  ပြုလုပ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးအတွက် NCCT နှင့် အစိုးရ ချင်းမိုင်မြို့တွင်တွေ့ဆုံဆွေးနွေး

(ကချင်သတင်းဌာန)

တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် မူကြမ်း ဆွေးနွေးရန် အတွက် တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နှင့် မြန် မာ့ငြိမ်း ချမ်းရေး ပြန်လည် ထူထောင်ခြင်း ဗဟိုဌာန (MPC) တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Imperial ဟိုတယ်တွင် ဒီဇင်ဘာလ ၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒီဇင်ဘာလ ၂ ရက် နံနက် ၁၀ နာရီကျော်မှ ညနေ ၅ နာရီကျော်ထိ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စတ္ထုမူကြမ်း အပေါ် ဆွေးနွေးခဲ့ပြီး NCCT ဘက်မှ ဆွေးနွေးထားသော မူကြမ်းကို ပြန်လည် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများ ပြုလုပ်ခဲ့ပြီး NCCT က UPWC ဒု-ဥက္ကဌ ဦးအောင်မင်းထံ မေးခွန်းများ မေးမြန်းလိုက်သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

လက်နက်ကြီးတပ်ဆင်ထားသည့် ခရာဘွမ်မှအစိုးရတပ်စခန်းများအားရုပ်သိမ်းပေးရန် ကချင်ပြည်နယ်ဒီမိုကရေ စီပါတီမှသဘောထားချက်ထုတ်ပြန်

(Kachin Waves)

အစိုးရ နှင့် ကေအိုင်အိုကြားယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ရန်နှင့်ငြိမ်းချမ
်းရေး ဆွေးနွေးပွဲ ဆက်လက် ကျင်းပနိုင်ရန်အတွက် အစိုးရတပ်မတော်မှ ကေအိုင်အိုဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ်၌တပ်စွဲထားသည့် ရှေ့ တန်းတပ်စခန်းများအားရုပ်သိမ်းပေးရန် ကချင်ပြည်နယ်ဒီမိုကရေစီပါတီမှ သဘောထားချက် ထုတ်ပြန် လိုက် သည်။

“ အခုလိုစစ်ရေးအရဖိအားပေးရင် ကေအိုင်အေကအစိုးရကိုယုံမှာမဟုတ်ဘူး။ယုံကြည်မှုမရှိတော့ ငြိမ်းချမ်းရေး ရဖို့လည်းခက်တယ်။အစိုးရတွေက အကြပ်ကိုင်ပြီးရမယ်ထင်တယ်။”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာမှဆိုသည်။

အမှန်တရားရဲ့ တည်ရှိမှုကို လက်မခံနိုင်ရင် အမှန်ဘက်ကို ဦးမတည်နိုင်

U Ravika
(တစ်ပါတီအာဏာရှင်ခေတ်၊ မာရှယ်လောအာဏာရှင်ခေတ်နဲ့ ပါတီစုံအာဏာရှင်ခေတ်)

မဆလ ဘာကြောင့် ပြုတ်ခဲ့ရလဲ။ မိမိက ဘုန်းကြီးကျောင်းသား ဘဝကတည်းက သတင်းစာ ဖတ်တယ်။ လူတော်လူကောင်း၊ လူရည်ချွန်တွေ၊ လမ်းစဉ်လူငယ်တွေ၊ ပါတီလမ်းစဉ်တွေ၊ ဆိုရှယ်လစ်အာဘော်တွေကို နေ့စဉ်နဲ့အမျှ ဖတ်နေရတော့ မဆလဟာ ဘယ်တော့မှ မပြိုတဲ့ မြင်းမိုရ်တောင်လို ထင်မှတ်တဲ့ လူတွေ ရှိခဲ့တယ်။ ဒါပေမဲ့ မဆလက ဘာကြောင့် မရှုမလှ ပြုတ်ကျခဲ့ရသလဲ။ မဆလကို အမွေဆက်ခံတဲ့ တစညပါတီဟာ ဘာကြောင့် အခုထိ ရေပန်းမစားနိုင်သလဲ။ အဲဒါ အဖြေပဲ။ အရင်တုန်းက တစ်ပါတီအာဏာရှင်စနစ်အောက်မှာ ပြားပြားဝပ်ခဲ့ရတယ်။ ဦးနေဝင်းကို အံတုရဲသူ မရှိ။ ဘယ်စီမံကိန်းက အောင်မြင်မှု မရကြောင်း သူ့ကို မပြောရဲ။ မမှန်တဲ့ ကိန်းဂဏန်းနဲ့ ဦးနေဝင်းကို အောက်ကကောင်တွေ လိမ်ခဲ့ရတယ်။ ကိန်းဂဏန်းကို ကြည့်ပြီး ဦးနေဝင်းက အဟုတ်မှတ်နေလို့ သူ့အတွက် သုံးလို့ ဖြုန်းလို့ မကုန်ဘူးပေါ့။ ဆိုရှယ်လစ်စီးပွားရေးစနစ်က အောင်မြင်လေလေ နိုင်ငံစီးပွားရေးက ကျလေလေ နောက်ဆုံးကျတော့ သကြားစက်တောင် လည်ပတ်ဖို့ ဆီမရှိတော့ဘူး။ မဆလတွေ ဘုံးဘုံးလဲကျခဲ့ရပါတော့တယ်။

UNFC လုပ်ဆောင်ချက် ပံ့ပိုးနိုင်ရေး ဖက်ဒရယ် ပြည်ထောင်စုတပ်ဖွဲ့စည်း

(VOA)

တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ကိစ္စရပ် အတွက် နိုင်ငံရေး တွေ့ ဆုံဆွေးနွေး ပွဲတွေ မထိ ခိုက်အောင် ထိန်း သိမ်း ကြီးကြပ်ဖို့ ရည် ရွယ်ချက်နဲ့ UNFC (ခေါ်) ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒ ရယ် ကောင်စီ အဖွဲ့ဝင်တွေ နဲ့ ဖွဲ့စည်းထားတဲ့ FUA လို့ခေါ်တဲ့ ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် စစ်ဦးစီးအဖွဲ့ကနေ ထိုင်း-မြန်မာ နယ်စပ် တနေရာမှာ ပထမအကြိမ် အစည်းအဝေးပွဲ ကျင်းပခဲ့ပါတယ်။
ဒီအစည်းအဝေးကနေ ဘယ်လိုထူးခြားမှုတွေ ရှိနေသလဲဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

လိုင်ဇာပစ်ခတ်မှုအတွက် ဖြေရှင်းပေးရန် အစိုးရကို NCCT မေးခွန်းထုတ်

(Mizzima)

လိုင်ဇာတွင် ဖြစ်ပွားခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုအပေါ် တာဝန် ယူဖြေရှင်းနိုင်ရန် အပါအဝင် အချက် ၅ချက်ဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) က အစိုးရကို မေးခွန်း ထုတ်လိုက်သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ဒီဇင်ဘာလ ၂ ရက်နေ့က ပြောသည်။

ဒီဇင်ဘာလ ၂ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Imperial ဟိုတယ်၌ NCCT နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) မှ အကြံပေးအဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ထံ ယင်းအချက် ငါးချက်ကို မေးခွန်းထုတ်ခဲ့ခြင်းဖြစ်သည်ဟု တွေ့ဆုံမှုအပြီး ၎င်းက သတင်းထောက်များကို ပြောသည်။

အပစ်ရပ်စာချုပ်၌ “တော်လှန်ရေး” စကားလုံး သုံးပေးရန် ဖက်ဒရယ် တပ်မတော် တောင်းဆို

(Mizzima)

ညီညွှတ်သော တိုင်ရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ပါဝင် ဖွဲ့စည်းထားသည့် ဖက်ဒရယ် တပ်မတော် (FUA) စစ်ဦးစီး အဖွဲ့ဝင်များ အစည်းအဝေး အပြီးတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် “တော်လှန်ရေး” ဆိုသည့် စကားရပ်အား စာကိုယ်၌ ထည့်သွင်းပေးရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ထံသို့ အကြံပြု တင်ပြခဲ့ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် NCCT ထပ်မံတွေ့ဆုံရန် အကြိုညှိနှိုင်း

(ဧရာဝတီ)

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့  (NCCT) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) တို့ ယခုလ အတွင်း ထပ်မံတွေ့ဆုံနိုင်ရန် ယမန်နေ့က အကြိုညှိနှိုင်းမှု ပြုလုပ်ကြောင်း သိရသည်။

NCCT နှင့် မြန်မာ ငြိမ်းချမ်းရေး စင်တာ (MPC) တို့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဒီဇင်ဘာ ၂ ရက်က တွေ့ဆုံတွင် UPWC နှင့် NCCT တို့ အကြား ထပ်မံတွေ့ဆုံမည့် အချိန်၊ ဆွေးနွေးပွဲ၌ ပါဝင်မည့် အကြောင်းအရာများကို အကြို ညှိနှိုင်းခဲ့ကြကြောင်း NCCT အဖွဲ့ ဒု ခေါင်းဆောင် ပဒို ကွယ်ထူးဝင်း က ဧရာဝတီ ကို ပြောသည်။

မြန်မာ့တပ်မတော်၏ စစ်ဆင်မှုများရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်(FUA) တောင်းဆို

(KIC)

မြန်မာ့တပ်မတော်အနေဖြင့် အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးပမ်းနေသည့်ကာလအတွင်း အချို့သော တိုင်းရင်း သားနယ်မြေ အများအပြားတွင် ထိုးစစ်ဆင်နေမှုများ ပြင်းထန်လာသည့်အပေါ် ၎င်းထိုးစစ်အားလုံးကို ရပ်ဆိုင်းပေးရန် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်(Federal Union Army-FUA) က ဒီဇင်ဘာလ ၁ရက်နေ့က သဘောထားထုတ်ပြန်ကာ တောင်းဆို လိုက်သည်။

Federal Union Army ၏ အကြံပေးဖြစ်သူ ဗိုလ်မှူးကြီးခွန်ဥက္ကာ “ကျနော်တို့အနေနဲ့က FUA ဆိုတာ UNFC ရဲ့ လက်အောက်ခံ အဖွဲ့ဖြစ်သလို သူ့ရဲနိုင်ငံရေးလမ်းညွှန်မှုအောက်မှာ အပစ်အခတ်ရပ်စဲရေး ကနေ နိုင်ငံရေးဆွေးနွေးပွဲအထိ သွားနိုင်ဖို့ အထောက် အကူပေးတဲ့အဖွဲ့ဖြစ်တယ်။ အဖွဲ့တွေအချင်းချင်း တစ်စည်းတစ်လုံးတည်း ရှိတယ်ဆိုတာကို ပြသလိုတဲ့သဘောအနေနဲ့ ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်ပါ တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ပထမအကြိမ် UNA ညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ဖိတ်မည်

KIC
 
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA) က ဒီဇင်ဘာလ ၂၂ရက်မှ ၂၄ရက်နေ့ထိ ရန်ကုန်မြို့၊ တော်ဝင်နှင်း ဆီခမ်းမ၌ ကျင်းပမည့် ပထမဦးဆုံးအကြိမ် ညီလာခံသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ဖိတ်ခေါ်သွားမည်ဟု UNA သဘာပတိအဖွဲ့ဝင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင် က ကေအိုင်စီသို့ ပြောသည်။

လတ်တလောဖြစ်ပေါ်နေသော စစ်ရေးတင်းမာမှုအပေါ် KSDP ၏သဘောထားအမြင်


Tuesday, December 2, 2014

ကချင်ပြည်နယ်အစိုးရမှ မနောင်ပွဲကျင်းပခြင်းအား ထောက်ခံပေးရန် လူငယ်အဖွဲ့အားတောင်းဆို

(Kachin Waves)

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ မနောင်ပွဲကိစ္စနှင့် ပတ်သက်၍ (Signalture Campaign) ပြုလုပ်သည့် ကချင် ပြည်နယ်လူငယ်အဖွဲ့အား ဒီဇင်ဘာလ ၁ ၂၀၁၄၌ ပြည်နယ်အစိုးရရုံးတွင် ၂နာရီကြာခေါ်ယူတွေ့ဆုံ ဆွေးနွေး မှုများပြုလုပ်ခဲ့ကြသည်။

အစိုးရအဖွဲ့မှ ၆၇ ကြိမ်မြောက်ကချင်ပြည်နယ်နေ့အထိမ်းအမှတ်မနောင်ပွဲတော်ကြီးအားကျင်းပပြုလုပ်သွားရန် ယခင်ကကန့်ကွက်မည့်သူမရှိခြင်းကြောင့် ပြင်ဆင်ထားသည်မှာ အရမ်းများနေပြီဖြစ်သည့်အတွက် ဒါကိုထောက်ခံပေးဖို့ နှင့် ပါဝင်သွားရန် လူငယ်အဖွဲ့ အားတောင်းဆိုလိုက်သည်။ 

အမျိုးသားဥယျာဉ်စီမံကိန်းနှင့်ပတ်သက်၍သက်ဆိုင်ရာမှလူထုရှင်းလင်းပွဲလုပ်

(Kachin Waves)

မြစ်ကြီးနားမြို့ အောင်မြင် သာစံပြကျေးရွာ၌ ဒီဇင်ဘာလ ၁ရက်တွင်သစ်တောဦးစီးဌာနမှ အင်ခိုင်ဘွမ်တောင် တန်း တွင်လုပ်ဆောင်သွားမည့် အမျိုးသားဥယျာဉ် စီမံကိန်းနှင့် ပတ်သက် ၍ ဒေသခံများနှင့် အပြန်အလှန် ဆွေး နွေးပွဲ ကျင်းပ ပြုလုပ် ခဲ့ကြောင်းသတင်း ရရှိသည်။
ဆွေးနွေးပွဲတွင် ကွင်းဆင်းလေ့လာသွားမည့်လမ်းစဉ်များအား ကြိုတင်ဆွေးနွေးချပြသွားမည်ဖြစ်ပြီး သစ်တော နှင့်ပတ်သက်သည့် နည်းဥပဒေလုပ်ထုံးလုပ်နည်းများကိုလည်းရှင်းပြခဲ့သည်။

အပစ်ရပ်စာချုပ် ထိခိုက်စေမည့် လုပ်ရပ်များ ရပ်ရန် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် တောင်းဆို

(Mizzima)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်ရန် ကြိုးပမ်းမှု နီးစပ်လာသော်လည်း တပ်မတော်ဘက်မှ
ကာကွယ်ရေးဦးစီးချုပ်၏ မူ ၆ချက်တင်ပြမှု အပါအဝင် ကချင်နှင့် ရှမ်း၌ စစ်ရေး တင်းမာမှုများအပေါ် စိုးရိမ်မကင်းဖြစ်ရသည်ဟု ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် (F.U.A) ၏ ပထမအကြိမ် စစ်ဦးစီးအဖွဲ့ အစည်းအဝေးအပြီး ဒီဇင်ဘာ ၁ ရက်က ကြေငြာချက် ထုတ်ပြန်လိုက်သည်။