Tuesday, November 25, 2014

ဗိုလ်သင်တန်းကျောင်း ပစ်ခတ်မှု ဆွေးနွေးဖို့ KIO ကို အစိုးရကမ်းလှမ်း

(VOA)

သင်တန်းသား ၂၃ ယောက် ကျဆုံးခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုနောက် ပိုင်းမှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကချင် လွတ်လပ်ရေး အဖွဲ့ KIO ကို ကမ်းလှမ်းထားပြီး KIO ကတော့ အကြောင်းပြန်ကြား တာမရှိသေးပါဘူး။ KIO လုပ်ငန်းညှိနှိုင်း အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ အစည်း အဝေးနောက်ပိုင်း တွေ့ဆုံဖွယ် ရှိတယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ကချင်ပြည်နယ် အတွင်း နှစ်ဖက်တပ်တွေအကြားပစ်ခတ်တာတွေ ရှိနေဆဲ နောက်ဆုံးအခြေအနေကို ဗီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ဒေသ၌ ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွား

(ဧရာဝတီ)

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာဒေသ ၌ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွား နေကြောင်း သိရသည်။

KIA ဌာနချုပ် တည်ရှိရာ ဒေသတ၀ိုက်သို့ အစိုးရ တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် နိုဝင်ဘာလ ၂၃ ရက်၊ နံနက် ၄ နာရီ ၀န်းကျင်တွင် ၆ ကြိမ် အထိ ပစ်ခတ်ခဲ့ကြောင်း၊ သို့သော် ၎င်းတို့ဘက်က ပြန်လည် ပစ်ခတ်မှု မလုပ်ဆောင်ခဲ့ကြောင်း KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလာနန်က ဧရာဝတီသို့ ပြောသည်။

KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်ခံရမှု ၀မ်းနည်းကြောင်း NLD ထုတ်ပြန်

(ဧရာဝတီ)

အစိုးရစစ်တပ်က ကချင်ပြည်နယ် KIO ဋ္ဌာနချုပ် လိုင်ဇာရှိ ဗိုလ်လောင်းသင်တန်းကျောင်းအားလက်နက် ကြီးနှင့်ပစ်ခတ်ခြင်းနှင့် ပတ်သက်၍ အဖြစ်မှန်ဖော်ထုတ်ပေးရန်၊ သေကြေ ထိခိုက်နစ်နာခဲ့သူများအတွက် ကျေနပ်မှုရှိစေရေးလုပ်ဆောင်ပေးရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ယနေ့နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အကြံပြုချက်များ ပေးနိုင်ရေး NCCT နဲ့ လူထုအကျိုးပြု အဖွဲ့များ ဆွေးနွေး

(ဧရာဝတီ)

ထိုင်း – မြန်မာ နယ်စပ်အခြေစိုက် လူထု အကျိုးပြု အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့က ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးလိုတဲ့ အချက်တွေကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ဆွေးနွေးပွဲကို ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး၊ ဒုက္ခသည် ကော်မတီ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ နယ်စပ်အခြေစိုက် လူထုအကျိုးပြု အဖွဲ့တွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ – ၂၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်တွေကို NCCT ကိုတင်ပြခဲ့ ကြပါတယ်။

လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လိုင်ဇာမှ ကျဆုံး ဗိုလ်လောင်းများအတွက် ဆုတောင်း ပွဲပြုလုပ်

(Mizzima)

ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံထဲရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် လိုင်ဇာရှိ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းမှ ကျဆုံးသွားသည့် ဗိုလ်လောင်းများအတွက် ဂုဏ်ပြုခြင်းနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း အခမ်းအနားကို  တိုင်းရင်းသား လူငယ်များက နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက စုပေါင်းပြုလုပ်ခဲ့သည်။

အဆိုပါ ဆုတောင်းပွဲတွင် Peace (ငြိမ်းချမ်းရေး) စာလုံးကို ဖယောင်းတိုင်ဖြင့် ပုံဖော်ကာ တိုင်းရင်းသား လူငယ်များက ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

KIO အား တိုက်ခိုက် မှုကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင် ရာတွင် ယုံကြည်မှု လျော့ကျ နိုင်ဟု UNFC ဆို

(ရွှေဟင်္သာသတင်းဌာန)



 အစိုးရ စစ်တပ်မှ လိုင်ဇာတွင် ရှိသော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ၏ ဗိုလ်သင်တန်း ကျောင်း အား ပစ်ခတ် တိုက်ခိုက် မှုကြောင့် ဗိုလ်လောင်းများ သေဆုံး ခဲ့ရ မှုကြောင့် လက် ရှိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကောင်အထည် ဖော်နေသည့် ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအား ယုံကြည်မှု လျော့ကျ စေနိုငသည်ဟု UNFC နှင့် KIO ထိပ်တန်း တာဝန် ရှိသူ များက ရွှေဟင်္သာ သတင်း ဌာနအား ပြောကြားသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူး ခူဦးရယ်က ယုံကြည်မှု တည်ဆောက်တဲ့ ကာလမှာ အခုလို ယုံကြည်မှု ပျက်ပြားအောင် တပ်မတော် ဖက်က ရုတ်တရက် အလစ်အငိုက် သဘောမျိုး လှုပ်ရှား တာကတော့ တမင်တကာ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို ပိတ်လိုက်တဲ့ သဘောမျိုး ဖစ်တယ်လို့ ကျနော်တို့ ဖက်က ခံစား ရတယ်ဟု ခူဦးရယ်က ရွှေဟင်္သာ သတင်း ဌာနအား နိုဝင်ဘာလ (၂၀) ရက်နေ့၌ ပြောကြားသည်။

ဖားကန့်တွင် မူးယစ်ဆေးဝါးသုံးစွဲသူအားအကြိမ်ကြိမ်ဖမ်းမိပါက နယ်နှင်ဒဏ်ပေး

(Kachin Waves)

ဖားကန့်မြို့ ပြည်သူလူထုအခြေပြုမူးယစ်အန္တရာယ်တားဆီးရေးအဖွဲ့မှ မူးယစ်ဆေးဝါးသုံးစွဲသူများအား လိုက်လံ ဖမ်းဆီးလျက်ရှိရာ အကြိမ်ကြိမ်ဖမ်းဆီးရမိသူများအား ကြိမ်ဒဏ်သာမက နယ်နှင်ဒဏ်ပေးသည်အထိ ပြစ်ဒဏ်ချ မှတ်ထားပြီယခုအချိန်ထိနယ်နှင်ပေးခံရသူ ငါးဦး ရှိပြီဖြစ်ကြောင်းသတင်းရရှိသည်။

“ မိရင်ကောင်းကောင်းဆုံးမတယ်။ ထပ်ခါထပ်ခါမိရင် ကြိမ်ဒဏ်ပေးတယ်။ ကြိမ်ဒဏ်ပေးရင်လည်းထပ်မိ တယ်ဆိုရင်တော့ နယ်နှင်ဒဏ်ပေးတယ်။” ဟုဖားကန့်ဒေသမူးယစ်အန္တရာယ်တားဆီးရေးအဖွဲ့ ဥက္ကဌ ဦးမရန်ဂျာလမှဆို သည်။

အစိုးရစစ်တပ် KIO သို့ လက်နက်ကြီးဖြင့် ဆက်လက်ပစ်ခတ်

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နယ်မြေ အတွင်း မြန်မာအစိုးရ စစ်တပ် ဘက်မှ လက်နက်ကြီးများ ဆက်လက် ပစ်ခတ်မှုများ ရှိနေသဖြင့် ဒုက္ခသည် စခန်း နှစ်ခုမှ ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရ ကာ နိုင်ငံတကာ ကူညီထောက်ပံ့မှုလည်း ရပ်တန့်နေ သည်ဟု KIO ပြောရေးဆိုခွင့်ရှိသူနှင့် စစ်ပြေးဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးကော်မတီမှ တာဝန်ရှိသူများ က ပြောသည်။

ဗိုလ်လောင်းများ ကျဆုံးမှု ဆုတောင်းပွဲ အာဏာပိုင်များ ဖိအားပေးမှုကြား က ပြုလုပ်ခဲ့

(ကချင်သတင်းဌာန)

ကချင်ပြည် နယ်မြို့တော် မြစ်ကြီးနား စီတာပူ မနောကွင်းတွင် KIA ဗိုလ်လောင်းများ ကျဆုံးခြင်း အောက်မေ့ ဘွယ် ဆုတောင်းပွဲ ၂ ရက်ကြာပြု လုပ်ရာ အစိုးရ အာဏာပိုင်များမှ ကချင်အမျိုးသား အလံကို ဖြုတ်ရန်ဖိအားပေးနေ သည့်ကြားက ပြုလုပ်ခဲ့ရသည်ဟု ဆုတောင်းပွဲ ပါဝင်သူများ ပြောသည်။

မနောကွင်းအတွင်း ၀တ်ပြုအစီစဉ်ပြုလုပ်သည့် စင်တဖက်တချက်တွင် တ၀က်မြှင့်တင် စိုက်ထူထားသော အလံကို ဖြုတ်ချရန် ယမန်နေ့မှစ၍ အကြိမ်ကြိမ်လာရောက်ပြောဆိုခဲ့ကြောင်း ဆုတောင်းပွဲဦးဆောင်သူများ ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်


စင်္ကာပူ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ထုတ်ပြန်ကြေငြာချက်

Monday, November 24, 2014

အစိုးရတွေပြောတဲ့ မတော်တဆပါ။ ခြိမ်းခြောက်တဲ့အနေနှင့်ပစ်တာပါ။ ဆိုသည့် နိုင်ဝင်ဘာ ၁၉ လိုင်ဇာ ဗိုလ်လောင်းကျောင်းကိစ္စ၏ နောက်ဆက်တွဲ ဆိုးကျိုး ကောင်းကျိုးများ။

(Kachin Waves)

(၁) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အင်မတန်မှ အရေးကြီးသည့် တိုင်းရင်းသားများနှင့် အစိုးရကြား ယုံကြည့်မှု အောက်ဆုံးအထိ ရောက်ရှိသွားပြီဖြစ်သည်ဟု ဗိုလ်ချုပ်ဂွန်မော်မှဆိုသည်။
( အမြဲမှန်ကန်နေသည့် “နေသည်အရှေ့ကနေ ထွက်သည်၊ သံပရာသီးသည် ချဉ်သည်”ဟု အစိုးရများကပြောဆိုလျှင်တောင် တိုင်းရင်းသားများ ယုံကြည်ရန် မလွယ်ကူတော့။)

(၂) နိုင်ဝင်ဘာလ လကုန်ပိုင်းပိုင်းတွင် ပြန်လည်ကျင်းပရန် ပြောဆိုထားသည့် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲလည်း ထိုအချိန်တွင်ကျင်းပရန်မလွယ်ကူတော့။

အစိုးရတပ်မတော် လက်နက်ကြီးပစ်မှုကြောင့် ကေအိုင်အေတပ်သားနှစ်ဦးဒဏ်ရာရ

(Kachin Waves)

လိုင်ဇာအနီး တ၀ိုက်နှင့် မိုင်ဂျာ အနီးရှိ ကေအိုင်အေ တပ်စခန်းများသို့ အစိုးရ တပ်မတော် တပ်ရင်းများမှ လက်နက်ကြီးဖြင့် (၁၁) ကြိမ် ပစ်ခတ်မှုကြောင့် လိုင်ဇာ အနီးရှိ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းနှင့် မိုင်ဂျာယန်အနီးရှိ အင်ခေါင်ပါ စစ်ဘးဒုက္ခသည်စခန်းများအနီးသို့ လက်နက်ကြီးများ ကျရောက်ခဲ့ပြီး ကေအိုင်အေ တပ်စခန်းတွင်လည်း လက်နက်ကြီး ကျရောက်ခဲ့သည့်အတွက် ကေအိုင်အေ စစ်သားနှစ်ဦး လည်း ဒဏ်ရာရရှိသွားကြောင်း ကေအိုင်အေ ဗိုလ်မှူးကြီးတစ်ဦးမှဆိုသည်။

KIO ဗိုလ်လောင်းသင်တန်းကျောင်း တိုက် ခိုက်မှု တိုင်းရင်းလူငယ်ထု MPC ကို ငြိမ်းချမ်း စွာဆန္ဒပြ

ယခုလ နိုဝင်ဘာ ၁၉ ရက်နေ့က မြန်မာ တပ်မတော်၏ အလစ် တိုက်ခိုက်မှုကြောင့် KIO ဗိုလ်လောင်း သင်တန်း ကျောင်းရှိ တိုင်းရင်းသား လက်နက်ကိုင် ဗိုလ်လောင်း သင်တန်းသား ၂၀ ကျော် ကျဆုံးခဲ့မှုနှင့် ပါတ်သက်ပြီး  ချင်း၊ ကချင်၊ တအာင်း၊ ရခိုင်၊ ဗမာ စသည့် လူငယ်ထုက Myanmar Peace Center ( MPC) အား  ငြိမ်းချမ်းစွာ ဆန္ဒပြ ကန့် ကွက် ခဲ့ကြသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှ စပြီး တိုင်းရင်းသား လူငယ်ထုသည် လွမ်းသူပန်းခွေများကို ကိုင်ပြီး ရန်ကုန်မြို့ ပြည်လမ်း၊ ပဒုမ္မာ ဥယာဉ်မှ ဦးဝိစာရ လမ်းအတိုင်း MPC အထိ ချီတက်ပြီး ပန်းခွေများကို MPC ဗဟိုလုပ်ငန်းဌာန ရှေ့တွင် ချထားခဲ့ကြသည်။

KIO ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် KNU သဘောထားထုတ်ပြန်

(KIC)

မြန်မာ အစိုးရ စစ်တပ် ပစ်ခတ်မှုကြောင့် ကချင် လွတ်မြောက်ရေး အဖွဲ့(KIO) ဗိုလ် သင် တန်းကျောင်းရှိ ဗိုလ်လောင်းသင်တန်း သားများ သေဆုံး ထိခိုက်မှုများ အပေါ် စိုးရိမ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က နိုဝင်ဘာ ၂၁ရက်နေ့စွဲဖြင့် သဘော ထားကြေညာချက်တစ်စောင် ကို ထုတ်ပြန်လိုက်သည်။

ရက္ခိုင့်တပ်မတော်၏ သဘောထားထုတ်ပြန်ကြငြာချက်