Friday, November 14, 2014

အိုဘားမားထံ တိုင်းရင်းသား လူမှုအဖွဲ့အစည်းများ အိတ်ဖွင့်ပေးစာပို့

(ဧရာဝတီ)

အာဆီယံ အစည်း အဝေး တက်ရောက် ရန် နေပြည်တော် သို့ ရောက်ရှိနေ သည့် အမေရိ ကန် သမ္မတ အိုဘားမား ထံသို့ တိုင်းရင်း သား အရပ် ဘက် လူမှု အဖွဲ့ အစည်း များက ဒုက္ခသည် များအား အကူအညီပေး ရန် အိတ်ဖွင့်ပေး စာများ ပေးပို့ကြောင်း သိရ သည်။

ကချင် အရပ်ဘက် အဖွဲ့အစည်း ၂၇ ဖွဲ့၊ ရခိုင် ပြည် နယ်ရှိ ဘင်္ဂါလီဒုက္ခ သည် စခန်းအချို့၊ ကရင် အရပ် ဘက် အဖွဲ့အစည်းများနှင့် ရှမ်း လူထု အခြေပြု အရပ် ဘက် အဖွဲ့ အစည်း များက နိုဝင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်တို့တွင် ပေးပို့ခဲ့ခြင်း ဖြစ် သည်။

Thursday, November 13, 2014

ဖက်ဒရယ်စနစ် အာမခံသည့် ဖွဲ့စည်းပုံ ရေးဆွဲရေး ‘ကန်’ အစိုးရမှ မြန်မာအား ဖိအားပေးရန် ကချင် အဖွဲ့များ အိုဘားမားထံ အိတ်ဖွင့် ပေးစာပို့

(ရွှေဟင်္သာသတင်းဌာန)



မြန်မာ နိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟောင်း အစား ဖက်ဒရယ် စနစ်အား အာမခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် တစ်ရပ် ပြန်လည် ရေးဆွဲ နိုင်ရန် အမေရိကန် အစိုးရမှ မြန်မာ အစိုးရအား ဖိအားပေး တောင်းဆို နိုင်ရေး အတွက် နိုဝင်ဘာလ (၁၁) ရက်နေ့ ရက်စွဲဖြင့် ကချင် အဖွဲ့ အစည်းများမှ အမေရိကန် သမ္မတ အိုဘားမားအားထံ အိတ်ဖွင့် ပေးစာ ရေးသား ပေးပို့ ခဲ့သည်။

“အမေရိကန် သမ္မတ လာတဲ့ အချိန်မှာ မြန်မာနိုင်ငံ အနေနဲ့ လည်းပဲ နိုင်ငံရေး အပြောင်း အလဲနဲ့ မူဝါဒများ လုပ်ဆောင် နိုင်မယ်၊ ဒါမှမဟုတ် သူလာတဲ့ အချိန်မှာ ဆွေးနွေး ဆုံးဖြတ်ချက် များအရ အနာဂါတ်မှာ ကျွှန်မတို့ နိုင်ငံရေး အပြောင်း အလဲ လည်းဘဲ ဖြစ်လာ နိုင်တဲ့ အတွက် သူသိသင့် သိထိုက်တဲ့ အချက် တွေကို ပြောပြပြီး ကျွှန်မ တို့က ဒီလို လိုချင် ပါတယ် ဆိုပြီး ပြောလိုက် ပါတယ်” ဟု အိတ်ဖွင့် ပေးစာနှင့် ပတ်သက်၍ ပြောရေး ဆိုခွင့် ရှိသူ ကချင် ငြိမ်းချမ်ရေး ကွန်ယက်မှ ဒေါ်ခွန်ဂျာက ရွှေဟင်္သာ သတင်းဌာသို့ နိုဝင်ဘာလ (၁၂) ရက်နေ့၌ ပြောကြား ခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲများပြီးမှ လက်နက်ဖြုတ်သိမ်းရန် သမ္မတ သဘောတူ

(ဧရာဝတီ)

အစိုးရနှင့် တိုင်းရင်း သား အဖွဲ့များ အပစ် အခတ် ရပ်စဲရေးပြုလုပ်ရာ တွင် ပါဝင် သည့် လက်နက် ဖြုတ် သိမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ များကို နိုင်ငံရေး ဆွေးနွေး ပွဲများပြီးမှ ပြုလုပ်ရန် အတွက် သမ္မတ ဦးသိန်းစိန်က သဘောတူ လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) ခေါင်းဆောင် နိုင်ဟံသာ က “ငြိမ်း ချမ်းရေးဆွေးနွေး မှုက လမ်းစ ပျောက်နေ တာက လမ်းစတခု တွေ့တာပေါ့။ သဘောထားက လည်း အစိုးရပိုင်း သမ္မတနဲ့ ဦးအောင်မင်းတို့ပဲ သဘောထားပေါ့။ ဒီကိစ္စကတော့ တပ်သဘောထား မပါဘူး။ သမ္မတ က ဒီသဘောရှိလာတော့ သူတို့ ကာလုံအစည်းအဝေးမှာ သူက ဒီကိစ္စကိုထည့် သွင်း ညှိမယ့် သဘောရှိတယ်”ဟု ပြောသည်။

စစ်မှန်သည့်ငြိမ်းချမ်းရေးအတွက် အစိုးရစစ်တပ်များ တိုင်းရင်းသားဒေသမှ ဆုတ်ခွာပေးရန် ကချင်နှင့်သျှမ်းအဖွဲ့ တောင်းဆို

(သျှမ်းသံတော်ဆင့်)

စစ်မှန် သည့် ငြိမ်းချမ်းရေး ကို  အစိုးရ အမှန်တကယ် လိုလားပါက အစိုးရ စစ်တပ် များ တိုင်းရင်း သား ဒေသမှ ဆုတ်ခွာပေး ရန် ကချင်နှင့် သျှမ်းအဖွဲ့ က တောင်းဆို လိုက်သည်။

ငြိမ်းချမ်းရေးဖော်ဆောင်နေ သည့် ကာလ  ကချင်၊ ကရင်နှင့် သျှမ်းပြည် တွင်း အစိုးရ စစ်တပ် က တိုင်းရင်း သားတော်လှန်ရေး တပ်ဖွဲ့များအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကိစ္စနှင့် ပတ်သက်၍ နိုဝင်ဘာလ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်ဝင်းအတွင်း၌ “Attacks on Peace” ခေါင်းစဉ်ဖြင့်  သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ခဲ့သည်။

တိုင်းရင်းသားနယ်မြေများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေသေး

(ကချင်သတင်းဌာန)

တိုင်းရင်း သားဒေသ ကချင်၊ ကရင်နှင့် ရှမ်းပြည်နယ် အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှုများ ဆက်လက် ရှိနေ သည့် အခြေအနေများကို “Attacks on Peace” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံရှိ လူ့အခွင့် အရေးလှုပ်ရှား သူ များက ဆွေးနွေးပွဲ ကို ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ် ၌ နိုဝင်ဘာလ ၁၂ ရက်က ပြုလုပ်ခဲ့သည်။

နိုင်ငံတကာ က လက်ရှိ တိုင်းရင်းသား နယ်မြေများအတွင်း လူ့ အခွင့်အရေး ချိုးဖောက်မှု အခြေအနေများ ကို သိရှိစေရန် ရည်ရွယ်၍ ဆွေးနွေး ပွဲ ကျင်းပ ရခြင်း ဖြစ်သည် ဟု လူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောရေး ဆိုခွင့်ရှိသူ နန်းခွန်လိတ် က KNG ကချင် သတင်းဌာန သို့ ပြော သည်။

Wednesday, November 12, 2014

မြစ်ကြီးနားမှာ ဖမ်းဆီးခံရသူတွေထဲက ၁၁ ဦး လွတ်မြောက်

(RFA)

ဒီရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူတချို့က မြို့တ၀ိုက်မှာ နေထိုင်သူ လူငယ်အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အဲ့ဒီအထဲက ၁၁ ဦးက ဒီနေ့ပြန်လည် လွတ်မြောက်လာပါတယ်။

လွတ်မြောက်လာသူ ၁၁ ဦးဟာ မြစ်ကြီးနားမြို့  ကြာရာပတ္တီးရပ်ကွက် "အေ" မှာ နေထိုင်တဲ့ မိန်းကလေး ၃ ဦးနဲ့ ယောင်္ကျားလေး ၈ ဦး ဖြစ်တယ်လို့ ဒီနေ့ ပြန်လည်လွတ်မြောက်လာသူ အသက် ၁၇ နှစ်အရွယ် မခေါ်ဆားရ်က ပြောပါတယ်။

ဘုံရန်သူ မူးယစ်ဆေးဝါးပပျောက်ရေး မံဝင်းကြီးတွင် လှုပ်ရှား

(ကချင်သတင်းဌာန)

ကချင်ပြည် မန်စီမြို့နယ် မံဝင်းကြီးကျေး ရွာ တွင် ကချင် အသင်းတော် မူးယစ်ဆေးဝါး တိုက် ဖျက်ရေး ကော်မတီ အဖွဲ့များ က မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် ဒေသခံ လူထုများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ ကာ သတိပေး ဗီနိုင်း ပိုစတာများ စိုက်ထူသည့် လှုပ်ရှားမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

မံဝင်းကြီးကျေးရွာတွင် ယနေ့ နိုဝင်ဘာ  ၁၁ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီချိန်ထိပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွာမှ မိုင် ၄၀ အကွာရှိကျေးရွာများတွင် နိုဝင်ဘာလ ၉ ရက်နေ့မှစတင်ပြုလုပ်နေခဲ့ကြောင်း မံဝင်းကြီးဒေသ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ဆရာလဖိုင်ဇော်လတ် KNG ကချင်သတင်းဌာန သို့ ပြောသည်။

Tuesday, November 11, 2014

အစိုးရနှင့် တိုင်းရင်းသားတို့ အပစ်ရပ်ရေး အကြိုဆွေးနွေးပွဲ နေပြည်တော်တွင်လုပ်

(Mizzima)

သတ္တမအကြိမ်မြောက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်ဆဲရေး ဆွေးနွေးပွဲ ကျင်းပရန်  အကြို အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၀ ရက်က နေပြည်တော်တွင် ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန တွဲဖက်ညွှန်ကြားရေးမှူး ဦးညိုအုန်းမြင့်က မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမှာ လူငယ် ၇ ဦးကို အမည်မသိ လက်နက်ကိုင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွား

(RFA)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ကြာရာပါတ္တီးရပ်ကွက် "အေ" မှာ မနေ့ညက သန်းခေါင်လောက်မှာ အမည်မသိ အရပ်ဝတ်နဲ့ လက်နက်ကိုင်ဆောင်ထားသူ ၅ယောက်လောက်က လူငယ်ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

အဖမ်းခံရတဲ့သူတွေဟာ အသက် ၁၆ နှစ်နဲ့ ၂၂ နှစ်ကြား အရွယ်တွေဖြစ်တယ်လို့ ကြာရာပါတ္တီးရပ်ကွက် "အေ "ရဲ့ နယ်မြေမှူး ဦးနာဋ္ဌေဖုန်ဆားရ်က ပြောပြပါတယ်။

အပိုင်းပိုင်းပြတ် သတ်ဖြတ်ထားသည့် ကိစ္စ တောက်ပကြယ်ကုမ္ပဏီမှ နစ်နာကြေး ပေးမည် ဟုဆို

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်း (Lawng Hkang) ကျေးရွာ အုပ်စု မဒန်ယန် (Madang Yang) ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဦးဖုတ်လောင် ဂွမ်ဂျာအောင် ခေါ် ဇယ်လွမ်း၏ သေဆုံးမှုနှင့် ပတ်သက်၍ တောက် ပကြယ် ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီက နစ်နာကြေး သိန်း ၂၀၀ ကျပ် ပေးမည် ဟု ပြောဆိုခဲ့ကြောင်း သေဆုံး သူ၏ အစ်ကို ဦးဘရန်နန် က ပြောသည်။

Monday, November 10, 2014

ဖားကန့် တောက်ပကြယ်ကျောက်စိမ်းတူးဖေါ်ရေးကုမ္ပဏီအတွင်း ကချင် လူငယ်(၁)ဦး ဘက်ဖိုးဖြင့် အပိုင်းပိုင်း သတ်ဖြတ်ခံရ

(Lachid Kachin)

ကချင် ပြည်နယ် ၊ဖါးကန့် ကျောက် စိမ်းမော် လုံးခင်းကျေးရွာ အုပ်စု ဆန်ခါ မဒန်ယန်တွင် တောက်ပသောကြယ် အလင်း ကျောက်စိမ်း တူးဖေါ်ရေး
ကုမ္ပဏီမှ မြေစာ လာချစဉ် ခန္ခာ ကိုယ် အပိုင်းပိုင်းဖြစ်နေသည့် အလောင်း
တွေ့ရှိမှုနဲ့ ပတ် သက်ပြီး အသေးစိတ် အား သိရှိစေရန် ကုမ္ပဏီ တာဝန်ရှိ
သူများ အား ဖါးကန့်ဒေသ KIA, တပ်ရင်း (၆)မှ ခေါ်ယူတွေ့ ဆုံမည်ဖြစ်
ကြောင်း သတင်း ရရှိသည်။