Friday, November 7, 2014

ဖားကန့် ရေမဆေးကျောက်သမား သေဆုံးမှု လျော်ကြေးသိန်း ၄ ထောင် တောင်းဆို

(DVB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းဒေသ ကျောက်စိမ်းမှော်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လူရွယ်တဦး ခန္ဓာကိုယ် အပိုင်းပိုင်းပြတ်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေက သက်ဆိုင်ရာကုမ္ပဏီကို ကျပ်သိန်းပေါင်း ၄ ထောင် ပေးလျော်ဖို့ တောင်းဆိုထားပါတယ်။

သေဆုံးသူရဲ့ မိဘ၊ ကုမ္ပဏီကိုယ်စားလှယ်၊ ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့၊ နိုင်ငံရေးပါတီနဲ့ သတင်းရဲတပ်ဖွဲ့တွေပါ ပါဝင်တဲ့ လူပေါင်း ၁၀၀ ကျော်ဟာ နိုဝင်ဘာလ ၆ ရက် ညနေပိုင်းက ဖားကန့်ကချင်ရိုးရာအိမ်တော်မှာ တွေ့ဆုံမေးမြန်းအပြီး ခုလိုတောင်းဆိုလိုက်တာလို့ ဖားကန့်အမျိုးသားဒီမိုကရေစီနာယက ဦးဒါရှီလာဆိုင်းက ပြောပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှတ်ပုံတင်ဌာနမှ မှတ်ပုံတင်လုပ်ကိုင်ရာတွင် ငွေကြေးတောင်းမှုများရှိနေဆဲ

(Kachin Waves)

မှတ်ပုံတင်လုပ်ဆောင်ရာတွင် ငွေကြေးပေးဆောင်ရန် မလိုတော့သည်ဖြစ်သော်လည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မှတ်ပုံတင်ဌာတွင် မှတ်ပုံတင်လုပ်ကိုင်ရာတွင် ငွေကြေး ကျပ်းသောင်းကြီးဂဏန်းအထိ တောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။

ငွေးကြေးမပေးဆောင်သော် တစ်ပတ်ဖြင့်ရနိုင်သော်လည်း ၃ လလောက်ကြာမှ ရအောင်လုပ်ဆောင်ပေးကြောင်းလည်းသိရသည်။ 

တပ်စွဲထားသည့်အစိုးရစစ်တပ်မှ စစ်အင်အားအနည်းငယ်ဆုတ်ခွာ

(Kachin Waves)

ဖားကန့်ဒေသ ကေအိုင်အေ တပ်ရင်း(၆) တပ်ဆွဲထား သည့် ဒေသ အနီးအောင်ဘာလေမှော် တွင် ထိုးစစ်ဆင် ထားသည့် အစိုးရ တပ်မတော် အင်အား တစ်ဝက်ခန့် ပြန်ခေါက် သွားပြီးဖြစ်ကြောင်း ကေအိုင်အေ တပ် ရင်း(၆) ဒုတပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်ကပြောသည်။

တပ်မ (၆၆) သည် ထိုတပ်ရင်းအားဖယ်ပေးရန် အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်ပြောဆိုနေခြင်းဖြစ်ပြီး အဆက်မပြတ်ဆိုသလို ဒေသခံ ဘာသာရေးခေါင်းဆောင်များ ကျေးရွာလူကြီးများမှ တစ်ဆင့် ဖယ်ရှားပေးရန် ပြောဆိုခိုင်းလျှက်ရှိသည်။

Thursday, November 6, 2014

KIO အဖွဲ့၏ စစ်သား စုဆောင်းခြင်း ခံရသည့် ရှမ်းလူမျိုး (၂၀၀) နီးပါး လွတ်လာရန် ကျန်ရှိ နေသေး ဟုဆို

(ရွှေဟင်္သာသတင်းဌာန)



ကချင် ပြည်နယ် တွင် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ၏ စစ်သား စုဆောင်းမှု ခံရ သည့် ရှမ်းလူဦးရေ ၂၀၀ နီးပါး ပြန်လည် လွတ်မြောက် လာရန် ကျန်ရှိ နေသေးကြောင်း ကချင်ပြည်နယ် အခြေစိုက် ရှမ်းမျိုးနွယ်စု ရေးရာ ကော်မတီ မြန်မာပြည် မြောက်ပိုင်း ဥက္ကဌ ဦးစိုင်းထွန်းရင်က ပြောသည်။

“ကျနော်တို့ အဖွဲ့က မြစ်ကြီးနား ကေအိုင်အေ နည်းပညာ အကြံပေး အဖွဲ့ (TAT) ရုံးက တာဝန်ရှိသူနဲ့ တိုက်ရိုက် တွေ့ပြီးပြီ။ လွှတ်ပေးဖို့ တင်ပြ လိုက်ရင် စိစစ် အုံးမယ် ပြောတယ်။ တပ်ပေါင်းစုံ ဆိုတော့ စီစစ်ဖို့ ခက်တယ် ပြန်ပြောတယ်” ဟု ၎င်းက ပြောသည်။

Wednesday, November 5, 2014

အစိုးရတပ်မတော်များ ဖားကန့်ကေအိုင်အေတပ်ရင်း(၆)အား ထိုးစစ်ဆင်မှု အနည်းငယ်ရပ်ဆိုင်းပြီး တနိုင်းဘက်ပြန်လည် ထိုးစစ်ဆင်

(Kachin Waves)

အစိုးရတပ်မတော် သည် ကချင်ပြည်နယ် တနိုင်းဘက်သို့ လွန်ခဲ့သည့် (၅)ရက်ခန့်မှစတင်ပြီး ယခုအ ချိန်ထိ အင်အားတိုးချဲ့နေကြောင်းသတင်းရရှိသည်။

တနိုင်းဒေသသည် ကေအိုင်အေ တပ်မဟာ(၂)ရှိသည့် နယ်မြေလည်းဖြစ်သည်။
နိုဝင်ဘာလ (၃) ရက်နေ့က ဂျထိုးဇွပ်ကျေးရွာအနီးရှိ နမ်ဆန် ချောင်းနှင့် လဆီချောင်းဆုံအနီးရှိ ကျေးရွာသို့ ရောက်ရှိလာပြီး ဒေသခံများ၏ ဖုန်းများကိုလည်း သိမ်းဆည်းယူလိုက်ကြောင်းသတင်းရရှိသည်။ ရွှေမှော်ရှိ ရွှေကျင်စက်များကိုလည်း ယူဆောင်သွားခြင်း စက်များအား ဖျက်ဆီးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းလည်း ဒေသခံများမှဆိုသည်။

ဗုံးခွဲမှုဖြင့် ပြစ်ဒဏ်ကျခံရသည့် ကချင်စစ်ဘေး ဒုက္ခသည်နှစ်ဦး နှိပ်စက်ညှဉ်းပန်း ခံရဟုဆို

(ဧရာဝတီ)

ကချင် စစ်ဘေး ဒုက္ခသည် ဦးလဖိုင် ဂမ်နှင့် ဦးဘရန်ရုန်း တို့ကို ဗုံးပေါက် ကွဲမှုဖြင့် အမူ စစ်ဆေးစဉ် ကာလ အတွင်း မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် လက်အောက်ခံ ခြေလျင် တပ်ရင်း(ခလရ) ၃၇ နှင့် စစ်ဘက်ရေး ရာ လုံခြုံရေး အဖွဲ့များက လူ့အခွင့်အရေး ချိုးဖောက် မှုများနှင့် နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစားနေဟု သမ္မတ ဦးသိန်းစိန်ပြော

(ဧရာဝတီ)

ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်စဉ်သည် အရေးပါသည့်အတွက် တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုကာ လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြောင်း သမ္မတ  ဦးသိန်းစိန်က နိုဝင်ဘာလအတွက် ပြောကြားသည့် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်ပြောဆိုသွားသည်၊ စာချုပ် ချုပ်ဆို နိုင်မှသာ တိုက်ခိုက် မှုများ၊ ထိပ်တိုက်ရင်ဆိုင်မှုများ လျော့ချနိုင်မှာဖြစ်ပြီး ပဋိပက္ခဒေသရှိ ပြည်သူများ အသက်အိုးအိမ်နှင့် လူမှုဘ၀ကို ထိခိုက် မှုများ လျော့နည်းသွားမှာဖြစ်ကြောင်း ဆိုသည်။ လက်ရှိအခြေအနေတွင်မူ ပြည်တွင်ငြိမ်းချမ်းရေး အခြေအနေမှာ ရှေ့မတိုးနိုင်ပဲ၊ မကြာသေးမီက ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။

မန်တုံမြို့အနီး လောက်ဂျယ်တိုက်ပွဲတွင် မြန်မာစစ်တပ်မှ (၈)ဦးကျ

ယနေ့ နံနက် ၀၆း၄၀ နှင့် ၀၇း၀၀ အတွင်း မန် တုံမြို့နယ်၊ လောက်ဂျယ် ရွာအနီး တွင် TNLA တပ်မဟာ (၃) လက်အောက် ခံ တပ်ရင်း (၃၆၇)နှင့် မြန်မာ စစ်တပ် တပ်မ (၇၇)စစ်ကြောင်း တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာစစ်တပ်မှ (၈) ဦးကျဆုံးပြီး နှစ်ပွင့်ဗိုလ် တစ်ဦးအပါဝင် (၁၂)ဦး ဒဏ်ရာ အပြင်းအထန် ရရှိကြောင်းသိရသည်။

တိုက်ပွဲတွင် မြန်မာစစ်တပ်မှ အထိနာသည့်အတွက် တိုက်ပွဲဖြစ်ပွားသော တပ်မ (၇၇)စစ်ကြောင်းကို မန်တုံမြို့အခြေစိုက် ခလရ (၁၃၀)မှ သွားရောက်စစ်ကူပေးနေသည်ဟုလည်း တွေ့ရသည်။


KIA အဖွဲ့ဝင်ဟု စွပ်စွဲထောင်ချထားသူ ၂ ဦးအား လွှတ်ပေးရန် ဆုတောင်း

(ကချင်သတင်းဌာန)

ကချင် စစ်ပြေး ဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် ခန်းမတွင် ကျင်းပခဲ့ရာပြည်သူလူထု ၁၄၀၀ ကျော် တက်ရောက်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

Tuesday, November 4, 2014

ဆပ်ကြေးကောက်ခံမှုဖြင့် KIO အဖွဲ့ဝင် ၁ ဦးနှင့် ဒေသခံကို အစိုးရတပ် ဖမ်းဆီး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဖားကန့်မြို့ အခြေစိုက် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ခွဲ ၂ လိုင်ဆိုင်း တိုက်နယ်ခွဲ ရုံးစာရေး တစ်ဦးနှင့် ဒေသခံ တစ်ဦးအား အစိုးရ တပ်မှ ဆပ်ကြေးကောက်ခံမှုဖြင့် ဖမ်းဆီး ထားကြောင်း သိရသည်။

၎င်းတို့အား အောက်တိုဘာ၂၉ ရက်နေ့က လိုင်ဆိုင်းမှ သာမခန်သို့အသွား လမ်းခုလတ်တွင် သာမခန်အခြေချ အစိုးရတပ် ခလရ ၃၅ တပ်ရင်းမှူး ကျော်ကျော်ခိုင် ဦးဆောင်သော တပ်မှ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
 

ကချင်ပြည်က စစ်ပြေးဒုက္ခသည်များ ရေရှည်ဘဝရပ်တည်ရေး အခက်တွေ့

(သျှမ်းသံတော်ဆင့်)

စစ်ပြေး ဒုက္ခသည် များ ပြန်လည်နေရာချ ထားပေးသည့် မြစ်ကြီးနား အနီး ငွေပျော် စံပြကျေးရွာ တွင် နေထိုင်သည့် သျှမ်း တိုင်းရင်းသား များအပါအဝင် ရွာသားအများစုမှာ ရေရှည် ဘဝရပ်တည်ရန် အလုပ်အကိုင် အခက်အခဲ ဖြစ်နေကြောင်း ကျေးရွာ တွင် နေထိုင်သူများ ၏ ပြောကြားချက် အရသိရသည်။

အစိုးရ အစီအစဉ်ဖြင့် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များ ကို ပြန်လည်နေရာချထားသည့် ယင်းကျေးရွာတွင် သျှမ်းတိုင်းရင်းသား ဒုက္ခသည် ၁၀ ရာခိုင်နှုန်းခန့် နေထိုင်လျက်ရှိပြီး ကချင်၊ လီဆူ၊ ဗမာ၊ ရဝမ် စသည့် စစ်ပြေး ဒုက္ခသည်များလည်း နေထိုင်ကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှုးဦးအောင်ဆွေ ကပြောသည်။

တပြည်လုံး အပစ်ခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးနိုင်ရေး အလွတ်သဘောတွေ့ဆုံဆွေးနွေး

(DVB)

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (အန်စီစီတီ) အဖွဲ့ ၀င်တွေနဲ့ မြန်မာငြိမ်း ချမ်း ရေး စင်တာက တာဝန်ရှိသူတွေ ဒီကနေ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ အလွတ် သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။

လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ အစိုးရငြိမ်း ချမ်ရေး ကိုယ်စားလှယ် တွေ နောက် တခါတွေ့ဆုံကြတဲ့အခါ ဘယ်လို အခြေခံ မူတွေနဲ့ ဆွေးနွေးကြမလဲဆိုတာ ညှိနှိုင်းကြ တယ်လို့ အန်စီစီတီ အဖွဲ့ဝင် ဦးခွန်ဥက္ကာက ဒီဗွီဘီကို ပြောပါတယ်။

Monday, November 3, 2014

ဖားကန့် ကျောက်စိမ်းမှော် မြေစာပုံကြား အပိုင်းပိုင်းပြတ်နေသည့် လူသေအလောင်းတွေ့ရှိ

(DVB)

ကချင်ပြည်နယ် ဖား ကန့်မြို့နယ် လုံး ခင်းဒေသ ကျောက် စိမ်းမှော်မှာ နိုဝင် ဘာလ ၂ ရက်နေ့ မနက်ပိုင်းက မြေစာပုံကြားကနေ ခန္ဓာကိုယ် အပိုင်း ပိုင်းပြတ်နေ တဲ့ လူသေအလောင်း တွေ့ရှိခဲ့ပါတယ်။

လုံးခင်းကျေးရွာအုပ်စု ဆန်ခါမဆွတ်ယန်ရွာ က တောက်ပကြယ် ကုမ္ပဏီပိုင် မြေစာသယ်ကား ၁ စီးဟာ အဲဒီနေ့က မြေစာတွေ လာသွန်ချတဲ့ အခါမှာ လူရွယ်တဦးရဲ့ အလောင်းကို တွေ့ ရှိကြောင်း ဒေသခံတွေက ပါတီကို အကြောင်းကြားခဲ့တယ်လို့ ဖားကန့်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို ပြောပါတယ်။

အတူတကွ တွန်ဒွဲနေထိုင်ဖို့ရန် (ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည်များအား ကူညီမှု ပေးနေသော ဆရာတော်နှင့် တွေ့ဆုံ မေးမြန်းချက်)

(သျှမ်းသံတော်ဆင့်)

ကချင်ပြည်နယ် တွင် သျှမ်းလူမျိုး လူဦးရေ ငါးသိန်းခန့်ရှိနေပြီး သန်းခေါင် စာရင်း ကောက်ခံမှု အရ  သုံးသိန်း ခန့်ရှိကြောင်း သျှမ်း မျိုးနွယ်စု ရေးရာ မြန် မာပြည်မြောက် ပိုင်းအဖွဲ့ထံမှသိရသည်။ ကချင်ပြည်နယ် ၌ ကေအိုင်အေနှင့် အစိုးရ တပ်မတော် တို့ဖြစ် ပွားနေသော စစ်ပွဲကြောင့် ကချင်ပြည် နယ်ရှိ သျှမ်းလူမျိုးများ အပေါ် တပ်သား စုဆောင်းခြင်း၊ ဆက်ကြေးကောက် ခံခြင်း၊ လူမျိုးခွဲခြား ဆက်ဆံခံနေ ရခြင်းများ ရင်ဆိုင်နေရ သည်ဟု ဒေသခံ အဖွဲ့အစည်းများ က ဆိုသည်။