Friday, October 31, 2014

ကမ္ဘာကျော်လီဒိုလမ်းမကြီးကို လေးလမ်းသွားအဖြစ် ပြန်လည် အဆင့်မြှင့်တင်ရန် ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့ ပူးပေါင်းပြီး BOT စနစ်ဖြင့် လုပ်ကိုင်ရန် အဆိုပြုထား

ရန်ကုန်၊ အောက်တိုဘာ ၂၉
ကမ္ဘာ ကျော် လီဒိုလမ်းမကြီး ကို လေးလမ်း သွား နိုင်လွန် ကတ္တရာလမ်း အဖြစ် ပြန်လည် အဆင့်မြှင့်တင်ရန် ပြည် တွင်း ရှိ မြောက်ပိုင်း တော် ဝင်ကျောက် စိမ်းနဂါး ကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ထိန်မိန်ဆောက် လုပ်ရေး ကုမ္ပဏီတို့ ပူးပေါင်း ကာ BOT စနစ် ဖြင့် လုပ်ကိုင်ရန် ကမ်းလှမ်းထား ချက် အား စစ်ဆေးနေပြီး မူဝါဒနှင့် ကိုက်ညီ ပါက လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုးတင့်က ပြောသည်။

Website အညွှန်း

မဂျာဆိုင်းအိန် သေနတ် မှန်သေဆုံးမှု ဖော်ထုတ်ပေးဖို့ ဖခင်တောင်းဆို

(RFA)

ကချင်ပြည် နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင် ယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင် ဘာလ ၁၃ ရက်နေ့က နဝမ တန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံး ခဲ့ရတဲ့ အမှုကိုဖော် ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ မိသားစု ဝင်တွေက မြစ်ကြီးနားမြို့ သီတာနှစ်ခြင်း ခရစ်ယာန် အသင်းတော် ခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာ ရှင်းပွဲမှာ တောင်း ဆိုလိုက်ပါတယ်။

Thursday, October 30, 2014

ကေအိုင်အေ တပ်ရင်း ၆ ဖယ်ရှားပေးရန် အကြောင်းကြားခြင်း ကောလဟလသာဖြစ်ဟု ဝန်ကြီးချုပ်ပြော

(Mizzima)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကင်ဆီဆိုင်း ရာဒေသ အောင်ဘာ လီ ကျေးရွာအနီး တပ်စွဲထားသော KIA  တပ်မဟာ
၂ လက်အောက် ရှိ တပ်ရင်း ၆ ကို ဖယ်ရှားပေးရန် အစိုးရ တပ်ဖက်က နုတ်ဖြင့် အကြောင်းကြားသည့် ကိစ္စမှာ ကောလာ ဟလသာ
ဖြစ်သည် ဟု ကချင်ပြည်နယ် ၀န်ကြီး ချုပ် လဂျွန်ငန်ဆိုင်းကပြောသည်။


အမေရိကန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဖိအားပေးခြင်း မရှိ

(DVB)

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့တွေ့ဆုံပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အရေး အပါအ၀င် မြန်မာ့နိုင်ငံရေး အခြေ အနေတွေ ဆွေးနွေးခဲ့ကြ ပါတယ်။

အောက်တိုဘာ ၂၉ ရက်က ရန်ကုန်မြို့ ၈၈ ငြိမ်းချမ်းနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် အမေရိကန် အစိုးရရဲ့ သဘောထားအပါအ၀င် နိုင်ငံ့အရေး ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ ၈၈ မျိုးဆက် ကိုမြအေးက ပြောပါတယ်။

အခြေအနေ မကောင်းတဲ့ မြန်မာ့ပြုပြင်ပြောင်းလဲရေး

(ဧရာဝတီ)

လာမည့် နိုဝင်ဘာလသည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရကို ဖွဲ့စည်းနိုင်ခဲ့သော မှတ်တိုင် တခုဖြစ်သည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်မှာ ၄ နှစ်ပြည့်ချိန် ဖြစ်သလို နောက်ထပ်ရွေး ကောက်ပွဲ ကျင်းပရန် ၁ နှစ်သာ လိုတော့သည့် အချိန်လည်း ဖြစ်သည်။ ထို့အပြင် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်မည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေး ရမည့် လလည်းဖြစ်သည်။

UNFC အဖွဲ့ဝင်အဖြစ်မှ KNU နှုတ်ထွက်မှု ဆက်လက်ရပ်ဆိုင်းမည်

(ကချင်သတင်းဌာန)

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်မှ ကရင် အမျိုးသား အစည်း အရုံး (KNU) နှုတ်ထွက်မှု ဆက်လက် ရပ်ဆိုင်း မည် ဖြစ်ကြောင်း ၆ ရက်ကြာ ဗဟို အမြဲ တမ်းကော်မတီ အစည်းအဝေး က ဆုံးဖြတ် လိုက်သည်။

အောက်တိုဘာလ ၂၃ ရက်မှ ၂၉ ရက်ထိ ဗဟိုအမြဲတမ်းကော်မတီ၏ တတိယအကြိမ်မြောက် အရေးပေါ် အစည်းအဝေး ကျင်းပပြီးနောက် အချက် ၆ ချက် သဘောတူ ဆုံးဖြတ်၍ ကြေငြာချက် ထုတ်လိုက်ခြင်း ဖြစ်သည်။

Wednesday, October 29, 2014

ကချင်ဒေသ ပန်ဒါနီတွေ့ရှိမှု မှတ်တမ်းဓာတ်ပုံ ရပြီ

(ဧရာဝတီ)

ကချင်ပြည် နယ် တောင်ပေါ်ဒေသ မှာ ပန်ဒါနီ ၂ ကောင်ကို ပထမဆုံး အကြိမ် ဓာတ်ပုံရိုက် မှတ်တမ်း တင် ထား လိုက်နိုင်တဲ့အကြောင်း Fauna & Flora International  လို့ ခေါ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ရဲ့ သုတေသီတွေ က ကြေညာ ပါတယ်။

ဒီအဖွဲ့ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်မှာတော့ ပန်ဒါနီတွေကို ၂ဝဝ၉မှာ အစပြု တွေ့ရှိခဲ့ရကြောင်း ရေးထားပါတယ်။

နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို TNLA တပ်မတော်မှ ၀င်ရောက်ပစ်ခတ်

အောက်တိုဘာလ ၂၈ ရက် ၂၀၁၄


နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာ တွင် အခြေစိုက် လှုပ်ရှားသည့် မြန်မာ စစ်တပ် အား TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈)မှ ယနေ့ နံနက် ၀၆း၁၅ မှ ၀၆း၄၅ အထိ မိနစ် သုံးဆယ်ကြာ ဝင်ရောက် ပစ် ခတ်ခဲ့ကြောင်း သိရသည်။

ကွတ်ခိုင်အမြှောက်တပ်မှ TNLA တပ်စခန်းသို့ ပြင်းထန်စွာတိုက်ခိုက်

အောက်တိုဘာလ ၂၉ ရက် ၂၀၁၄

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း ၁၇း၀၀ မှစပြီး ၂၄း၀၀ အထိ မြန်မာ့စစ်တပ်များမှ တားမိုးညဲမြို့နယ်၊ ရှီဖျင်းကျိုင်တောင်ကုန်းရှိ TNLA အမှတ် (၅) ဗျူဟာ လက်အောက်ခံ တပ်ရင်း (၃၃၅) တပ်စခန်းကုန်းသို့ မြန်မာ့စစ်တပ်များ မှ ပြင်းထန်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ ၁၇း၀၀ မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ၂၀း၀၀ နာရီဝန်းကျင်ပစ်ခတ်တိုက်ခိုက်ပြီး ၄င်းနောက်ပိုင်း အမြှောက်တပ်မှ ၁၂၀ မမဖြင့် မရပ်မနား ည ၂၄း၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း TNLA အမှတ် (၅) ဗျူဟာရုံးမှ အစီအရင်ခံသည်။ 

အမေရိကန် သံအမတ်ကြီး ကချင်ပြည်နယ်သို့ ၃ ကြိမ်မြောက် သွားရောက်လေ့လာ

(ဧရာဝတီ)

အမေရိကန် သမ္မတ မစ္စတာ အိုဘားမား လာမည့်လ အတွင်း မြန်မာပြည် သို့ လာရောက် မည့် ခရီးစဉ်မတိုင်မီ တင်ကြို၍ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ် (Derek Mitchell) သည် စစ်ဘေးသင့် ကချင်ပြည်နယ် သို့ ပြီးခဲ့သည့် တပတ် အတွင်း သွားရောက်လေ့ လာခဲ့ကြောင်း သိရသည်။

မြန်မာအစိုးရနှင့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ဆောင်ရွက်နေစဉ်အတွင်းမှပင် အစိုးရတပ်နှင့် ကချင်လက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့် ကချင်ပြည်နယ်သို့ သမ္မတ အိုဘားမား သွားရောက်မည့် အစီအစဉ်ကိုမှု ကြေညာခြင်း မရှိသေးပေ။

ကချင် အမျိုးသမီး ပျောက်ဆုံးမှု စုံစမ်း အရေးယူပေးရန် လူမှုအဖွဲ့အစည်း ၁၂၀ ကျော်တောင်းဆို

(ဧရာဝတီ)

အစိုးရ စစ်တပ် က ဖမ်းဆီး သွားပြီးနောက် သုံးနှစ်ကြာ ပျောက်ဆုံးနေ သည့် ကချင်အမျိုးသမီး ဆွမ်လွတ်ရွယ်ဂျာ အမှုအား သေချာစွာ စုံစမ်း၍ ပြစ်မှုကျူး လွန်သူကို ဖမ်းဆီး အရေးယူပေးရန် ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့အစည်း ၁၂၀ ကျော်က အစိုးရထံသို့ လက်မှတ် ထိုး တောင်းဆိုလိုက်သည်။

ဆွမ်လွတ်ရွယ်ဂျာ၊ ကိုပါကြီးမှသည် အမှန်တရားနဲ့ တရားမျှတမှု ဆီသို့

(ဧရာဝတီ)

မွန်ပြည်နယ် ကျိုက်မရော မြို့နယ် အတွင်းမှာ သတင်းရယူနေတုန်း အစိုးရ စစ်တပ် နယ်မြေခံ ခြေမြန် တပ်ရင်း ခမရ (၂၀၈) က ဖမ်း ဆီးတာ ခံရပြီးနောက် အသတ်ခံ လိုက်ရတဲ့ အလွတ် သတင်းထောက် ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင်ရဲ့ သတင်းက တော် တော် လေး တုန်လှုပ် စရာကောင်းပါတယ်။

ရုံးလုပ်ထုံးလုပ်နည်းအတိုင်း မလုပ်တဲ့ အစိုးရစစ်တပ်ရဲ့ ထုတ်ပြန်ချက်တရပ်မှာတော့ လက်နက်ကိုင် အဖွဲ့အစည်းတခုက ဗိုလ် အဆင့် ရှိတဲ့ ကိုအောင်ကျော်နိုင် (ကိုပါကြီး)ကို ခမရ(၂၀၈)က ထိန်းသိမ်းထားစဉ်မှာ အစောင့်စစ်သားရဲ့ လက်နက်ကို လုယူထွက် ပြေးဖို့ ကြိုးပမ်းတဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုထားပါတယ်။

ထောင်ဒဏ် နှစ် ၂၀ ကျော်ချခံထားရသည့် ကချင်စစ်ပြေးဒုက္ခသည် ၂ ဦးအမှုမှန် လူထုရှင်းလင်းပွဲ လုပ်မည်

(ကချင်သတင်းဌာန)

မတရား အသင်း ဆက်သွယ်မှုနှင့် ဖောက်ခွဲမှု တို့ဖြင့် ထောင်ဒဏ် ၂၁ နှစ်ထိ ချခံထားရသော ကချင် စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ် (Lahpai Gam) နှင့် ဦးဘရန်ရုန်း (Brang Yung) တို့ အမှုနှင့် ပတ် သက်၍ ပြည်သူ လူထု ရှင်းလင်း ပွဲနှင့် ဆုတောင်းပွဲ ကို လာမည့် နိုဝင်ဘာလ ၄ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း ၄င်း တို့၏ ရှေ့နေ ဦးဂျီမာခါး က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၃ ရက်က ၄င်းတို့နှစ်ဦးကို ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန် ထံ ကချင်ပြည်နယ် လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က လက်မှတ်ရေးထိုးတောင်းဆိုခဲ့သည်။ သို့သော် ယနေ့ထိ မည်သို့ ပြောဆိုလာခြင်း မရှိသဖြင့် လူထုရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ရှေ့နေဦးဂျီမာခါး က ပြောသည်။

Tuesday, October 28, 2014

ဒေသခံ လူထုရဲ့ အသံ နားထောင်ဖို့ အရေးကြီး

(RFA)

မိမိရဲ့ ကချင်ပြည်နယ်ခရီးစဉ်ဟာ ကချင်ပြည်နယ် က ဒေသခံတွေရဲ့ စိုးရိမ်မှုတွေ လိုလားချက်တွေနဲ့ မျှော် လင့်ချက်တွေကို သိရှိအောင် လာရောက် နားထောင် တာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သုံးရက်ကြာရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က ဒီနေ့ ပြောကြားပါတယ်။

သူ့ရဲ့မြစ်ကြီးနားမြို့ ခရီးစဉ်နဲ့ ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ သံအမတ်ကြီး Mr. Mitchell က ကချင်ပြည်နယ်အစိုးရအပြင် ဘက်ပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီး ပြော လိုက်တာပါ။

ကုမ္ပဏီများလုပ်ငန်းပြန်လည်စတင်လာခြင်းအားမလိုလားသဖြင့် ဖားကန့် ဒေသခံများမှသမ္မတထံ ကန့်ကွက် စာတင်

(Kachin Waves)

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ကုမ္ပဏီများမှ စက်ယန္တားများ ဖြင့် ကျောက်စိမ်းပြန်လည်တူးဖော်လုပ်ကိုင်လာ ခြင်းအား ဒေသခံ ပြည်သူလူ ထုများမှ မလိုလားသဖြင့် ၂၂.၁၀.၂၀၁၄၌ နိုင်ငံတော်သမ္မထံ ကန့်ကွက် စာတင်လိုက်ပြီဖြစ်သည်။

ဒေသခံများမှာ ကုမ္ပဏီများ ယခုလို လုပ်ငန်းပြန်လည်စတင်လာခြင်းကြောင့် ၄င်းတို့နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများကို စက်ယန္တားများဖြင့် တူးဖော်လုပ်ကိုင်ခြင်းကြောင့် လျင်မြန်စွာပျက်စီးယိုယွင်းလာခြင်း နှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်းတို့ဖြစ်ပေါ်လာမှုကြောင့်ယခုလိုစာတင်ခြင်းဖြစ်ကြောင်းသိရသည်။

ဆွေးနွေးညှိနှိုင်းမှ ကချင်ပဋိပက္ခ ပြေလည်နိုင်

(VOA)

ကချင်ပြည်နယ် ကို အမေရိကန် သံအမတ် သွားရောက်မှုက ကချင်ပြည်နယ် ရဲ့စိုးရိမ် ရတဲ့ အခြေအနေကို မီမောင်းထိုးပြ လိုက်တာဖြစ်တယ် လို့ ကချင် အရေး တက်ကြွသူတွေ ကပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသ မှာ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် မငြိမ်သက်မှုတွေ တိုး လာနေတဲ့ အချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး Derek Mitchell ကချင်ပြည်နယ်ကို သုံးရက် တာ သွားရောက်ခဲ့ပါတယ်။ အသေးစိတ်ကို နန်းလောဝ်က တင်ပြပေး ထားပါတယ်။

ဖောက်ခွဲမှုပုဒ်မဖြင့် ထောင်နှစ်၂၀ ချခံထားရသည့် ကချင်ဒုက္ခသည် နှစ်ဦးအတွက် ဆုတောင်းပွဲလုပ်မည်

မဇ္ဈိမသတင်းဌာန 
 
မတရား အသင်းပုဒ်မ၊ ဖောက်ခွဲမှုပုဒ်မတို့ဖြင့် စွပ်စွဲကာ ထောင်ဒဏ်နှစ် ၂၀ ချခံနေရသော ကချင်စစ်ပြေးဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့၏ အမှုမှ အမြန်ဆုံး လွတ်မြောက်ရန် အထူးဆုတောင်းခြင်းနှင့် အမှုမှန်အား ပြည်သူလူထုသို့ ရှင်းလင်းပွဲကို လာမည့် နိုဝင်ဘာလ ၄ ရက်တွင် ပြုလုပ်မည်ဟု ၎င်းတို့၏ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

၎င်းတို့နှစ်ဦး အမြန်ဆုံး လွတ်မြောက်ရန်နှင့် သူတို့ နှစ်ဦး လူ့အခွင့်အရးချိုးဖောက်ခံရသကဲ့သို့ ကချင်ပြည်နယ်သူ/သားများ ဆက်လက်မကြုံရစေရန် ရည်ရွယ်၍ လူထုရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဦးဂျီမားခါးက မဇ္ဈိမကို ပြောသည်။

Monday, October 27, 2014

အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ် ရောက်ရှိ

(RFA)

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell ဟာ မြစ်ကြီးနားမြို့ အခြေ စိုက် ကေအိုင်အို နည်းပညာ အကြံပေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ကေအိုင်အိုနည်းပညာ အကြံပေးအဖွဲ့ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကအခုလို ပြောပါတယ်။

မူးယစ်ဆေးဝါးနှင့်အတူ KIO အဖွဲ့ဝင်တဦးအား ဖမ်းဆီး

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီး နားမြို့နယ် တွင် မူးယစ်ဆေးဝါး အကြီး စားဖြန့်ဝေရောင်း ချနေသော ဦးမရစ် ဂမ်အောင် (Marip Gam Awng) အား အောက်တို ဘာလ ၂၂ ရက်နေ့ည ၁၁ နာရီချိန်က လွယ်ခေါကျေးရွာ တွင် ခရစ်ယာန် အသင်းတော် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့မှ ဖမ်းဆီး လိုက်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ကြား ငြိမ်းချမ်းရေးဆွေးနွေးမှု လိပ်ခဲတည်းလည်း ဖြစ်နေဆဲ

(ကချင်သတင်းဌာန)

အစိုးရက ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး အရ တွေ့ ဆုံဆွေးနွေးဖြေ ရှင်းရန် လုပ်ဆောင်နေသော် လည်း လက်တွေ့ တွင် နောက်ပြန် ဆုတ်သော လုပ်ဆောင် ချက်များကြောင့် ဆွေးနွေးပွဲများသည် ယနေ့ထိ ပြေလည်မှု မရှိသေးကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက် ဒရယ်ကောင်စီ (UNFC) က ပထမဆုံးအကြိမ် အသစ်ပြန်လည် ဖွဲ့စည်းထား သည့် ကောင်စီ မျက်နှာစုံညီ အစည်းအဝေး တွင် ထုတ်ပြန်လိုက်သည်။