Friday, October 24, 2014

နောက်ကြောင်းပြန်ဆုတ်အောင် အစိုးရလုပ်ဆောင်နေကြောင်း UNFC ထုတ်ပြန်

(RFA)

သမ္မတ ဦးသိန်းစိန် အစိုးရဟာ နိုင်ငံရေးတွေ့ ဆုံဆွေးနွေး ဖို့ ဆောင်ရွက်နေတယ် ဆိုပေမယ့် လက်တွေ့ အကောင်အထည်ဖေါ် ရာမှာ တန်းတူခြင်း၊ တရားမျှတခြင်း မရှိတဲ့အပြင် နောက်ပြန်ဆုတ်တဲ့ လုပ်ဆောင် ချက်တွေ ရှိနေတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုဖွဲ့ထားတဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ က ဒီကနေ့ ကြေညာချက် ထုတ်ပြန် ပြောကြားလိုက်ပါတယ်။

စစ်ရေး အပြုအမူ ကြောင့် ငြိမ်းချမ်းရေး အလားအလာ ထိခိုက်နိုင်

(VOA)

မကြာမီက ပြီးဆုံး သွားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက် ဒရယ်ကောင်စီ UNFC  မျက်နှာစုံညီ အစည်းအဝေး က ရှေ့လုပ်ငန်း စဉ်ချမှတ်ရာမှာ လက်ရှိဆွေးနွေး ပွဲတွေ အောင်မြင်ဖို့ ပံ့ပိုး သွားဖို့ဆွေးနွေးခဲ့ပြီး အစိုးရနဲ့ ဆက် လက်ဆွေးနွေးဖို့ အသင့်ရှိနေတယ် လို့ သတင်းထုတ်ပြန်ပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာ ပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။

ဝန်ကြီးချုပ်အား သမိုင်းဆိုး တွင်သွားစေနိုင် သည့် (၃)နှစ်ကြာမှပြန်လည်ပြုလုပ် မည့် မနောင်ပွဲ

(Kachin Wave)
မနောင်ဘရန်(မြစ်ကြီးနား)

အစိုးရနှင့် ကေအိုင် တို့စစ်ပွဲများဖြစ် ပွားပြီးနောက် (၃) နှစ်ကြာ ရပ်ဆိုင်းထား သည့် (၆၇) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ မနောင်ပွဲတော် အား ကျင်းပရန် ကချင်ပြည်နယ် အစိုးရမှ ဦးဆောင်ပြီး ကျင်းပရန် ပြင် ဆင်နေပြီး ဒေသခံ များကြားတွင်လည်း လက်ရှိအချိန် တွင် စိတ်ဝင်စား စရာကောင်းသည့် အကြောင်းအရာ တစ်ခုဖြစ်လာ သည်။

ကချင်ပြည်နယ်တွင် ကုန်သည်များက လှောင်ထားသည့် စိတ်ကြွဆေးပြားများကို ဈေးလျှော့ရောင်းနေ

(7 Day)

ကချင်ပြည်နယ် တွင် မူးယစ် စစ် ဆင်ရေးကောလာ ဟလကြောင့် မူးယစ်ဆေး ကုန်သည်များက ၎င်းတို့သိုလှောင်ထားသည့် စိတ်ကြွဆေးပြား များကို ဈေးလျှော့ ၍ ရောင်းနေကြောင်း သတင်းရရှိ သည်။

‘‘အရင်က WY ဆေးပြား ငါးထောင်တန်တစ်ပြားကို အခု သုံးထောင်နဲ့ ရောင်းတာ။ သုံးထောင်တန်ကို နှစ်ထောင်နဲ့ ရောင်းတယ်။ ဒီမှာတော့ ရဲက စစ်ဆင်ရေးဝင်မယ်လို့ ကြားနေတယ်။ ဆေးသုံးတဲ့သူတွေကတော့ လွယ်လွယ်နဲ့ရပြီး စည်းမဲ့ကမ်းမဲ့ပိုဖြစ်လာတယ်’’ဟု ဖားကန့်မြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းမှ ကိုအန်ဟိုင်းက ပြောသည်။


တပ်မတော်က တိုင်းရင်းသားပြည်နယ်များတွင် စစ်ဆင်ရေးများပြုလုပ်နေခြင်းနှင့် စစ်ရေးပြင်ဆင်မှုများလုပ်ဆောင်နေခြင်းကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု ရှိ မရှိ သံသယဖြစ်နေရဟု UNFC ကြေညာချက်ထုတ်ပြန်

(Eleven Media Group)

မြန်မာ့တပ်မတော်မှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် စစ်ဆင်ရေးများ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် အခြားသောတိုင်းရင်းသားပြည်နယ်များတွင်လည်း စစ်ရေးပြင်ဆင်မှုများကို အသာစီးယူလုပ်ဆောင်လျက်ရှိနေသည်ကို တွေ့မြင်နေရကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု ရှိ၊ မရှိ သံသယဖြစ်လာနေရပါသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ပါဝင်ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာ ၂၂ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

Thursday, October 23, 2014

ယုဇနကုမ္ပဏီ ရှိနေခြင်းအား အလို မရှိကြောင်း ဒေသခံများ ဆန္ဒမဲ ပေး

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်း တနိုင်းမြို့နယ် လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာတောင်သူများသည် ၄င်းတို့ဒေသတွင် ယုဇနကုမ္ပဏီရှိနေခြင်း၏ ဆိုးကျိုးများရင်ဆိုင်နေရသောကြောင့် ‘အလိုရှိ မရှိ’ ဆန္ဒမဲပေးသည့် လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိနေရာ ယမန်နေ့ ကျေးရွာ ၂ ရွာ ထပ်မံ ဆန္ဒမဲပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၁ ရက်နေ့တွင် လီဒိုလမ်းရှိ နောင်းလုံ ကောင်ရာကျေးရွာနှင့် နမ်ဖျတ်တိန်ကောက် ကျေးရွာ ၂ ရွာမှ တောင်သူများက ဆန္ဒမဲကောက်ခံမှု နှစ်နေရာတွင် ပြုလုပ်ခဲ့ကြရာ ကုမ္ပဏီအား အလိုမရှိကြောင်း ရလဒ် ရာခိုင်နှုန်းပိုများရခဲ့သည်ဟု လှုပ်ရှားမှုတွင်ပါဝင်သော တောင်သူ ဦးလကောင်တန်ဂွန်း KNG ကချင်သတင်းဌာန သို့ ပြောသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဖြင့် ဖမ်းဆီးအရေးယူမှု ​နေ့စဉ်ရှိနေပြီး အချုပ်ခန်းပင်မလောက်၍ တိုးချဲ့ရမည်ဟုဆို

(Mizzima)

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများအား တစ်နေ့လျှင် ၇ ဦးမှ ၁၅ ဦးအထိ ဖမ်းဆီးအရေး ယူ ဆောင်ရွက်လျှက်ရှိရာ ကချင်ပြည်နယ်အတွင်း၊ အချို့ နေရာများရှိ အချုပ်ခန်းများအတွင်း ထားစရာနေစရာ မရှိတော့သည် အထိ ဖြစ်နေကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း က ပြောသည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက "မူးယစ်ဆေးဝါး အလွန်မတန်သုံးစွဲတဲ့ ဖားကန့်ဒေသမှာဆိုရင် အချုပ်ခန်းမှာ အိပ်စရာ နေစရာတောင်မရှိဘူး။ ဒါကြောင့်အချုပ်ခန်းတွေ တိုးချဲ့ဖို့တောင်ရှိတယ်" ဟု ပြောသည်။

Tuesday, October 21, 2014

အခွန်ဖြင့် အကြီးစားရွှေတူးဖော်မှု များကြောင့် ဒေသခံများ စိုးရိမ်

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဖားကန့်မြို့ နယ် ဝါရာဇွပ်ကျေးရွာ အုပ်စု မိုးကောင်းချောင်းနှင့် နမ် ဆန်ချောင်း ကားလမ်း မဘေးတွင် ဧရာမ ရွှေတူးဖော် မှုများကြောင့် ပင်မ ရေစီးကြောင်း ပျက်စီးလာ ကာ ဒေသခံများ ဆိုးကျိုး အန္တာရာယ် စိုးရိမ်နေကြောင်း သိရသည်။

မိုးကောင်းချောင်းနှင့် နမ်ဆန်ချောင်း ကားလမ်းဘေး တလျှောက် ရွှေဖောင် ၆၀ ကျော်သည် အစိုးရထံ အခွန်ပေးဆောင် ကာ နေ့စဉ် မရပ် မနားရွှေ တူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံ များပြောသည်။

KIA တပ်ရင်း ( ၆ ) စခန်းနေရာ ရွှေ့မပေးနိုင်ဟု ငြင်းဆို

(RFA)

ကချင်ပြည်နယ် ဖားကန့်မြို့ ဥရုချောင်းဘေး အောင် ဘာလေကျေးရွာ အနီးမှာ တပ်စွဲထား တဲ့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် တပ်ရင်း ( ၆ ) က မိမိတို့ တပ်စခန်း ကို ဖယ်မပေးနိုင်ကြောင်းနဲ့ အဲဒီ့လို ဆုံးဖြတ်ချက် ဟာ ကေအိုင်အို ဗဟိုရဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဒီနေ့ ပြောပါတယ်။

အစိုးရက အဲဒီ့နေရာကို ဖယ်ရှားပေဖို့ အကြောင်းကြားလာပေမယ့် KIO ဗဟိုဌာနချုပ်ရဲ့ အမိန့်ဖြစ်တာကြောင့် မိမိတို့အနေနဲ့ တပ်စခန်းကို ကာကွယ်သွားရမှာပဲလို့ KIA တပ်ရင်း ( ၆ ) ဒုတိယတပ်ရင်းမှုး ဗိုလ်မှုးတန်ဆန့်က RFA ကိုပြောပါတယ်။

Monday, October 20, 2014

ဖားကန့်တွင် မြေမြှုပ်မိုင်းကွဲ၍ ဒေသခံ ၃ ဦး ဒဏ်ရာရ

(ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့်ဒေ သ အနီးရှိ အစိုးရ တပ်မ ၆၆ လက်အောက် ခံ နယ်မြေ ကံစီးကျေး ရွာတွင် အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက မြေမြှုပ် မိုင်းပေါက် ကွဲမှုကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာပြင်း ထန်စွာ ရရှိသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကံစီးကျေးရွာ အနီးရှိ ဥရုချောင်း အနောက် ဘက်ခြမ်း တောထဲ တွင် သီးနှံများ သွားရောက် ရှာဖွေပြီး ပြန်လာ သည့် ဒေသခံ ကျေးရွာသား ၃ ဦးသည် အစိုးရ တပ်မ ၆၆ ထောင်ထား သည့် မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာပြင်း ထန်စွာရသွားကြောင်း ဖားကန့် အပိုင် လုံခင်း ရဲတပ်ဖွဲ့ မှ တာဝန် ကျနေသည့် ရဲတပ်ကြပ် တဦးက ဧရာဝတီ ကို ပြောသည်။

စကားလုံး ဘောင်းဘီကျပ်ခြင်း

(Mizzima)

အစိုးရနှင့် အတိုက်အခံ၊ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြားတွင် တစ်ခါတစ်ရံ ညှိနှိုင်းဆွေးနွေးမှုများမှာ ရှေ့မဆက်နိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် စကားလုံးနှစ်လုံးနှင့် အကျပ်အသပ်နွံထဲမှ ထွက်မရသောကြောင့်ဖြစ်သည်။ လင်းလင်းဆိုရသော် စကားလုံး ဘောင်းဘီကျပ်နေခြင်း ဖြစ်သည်။

စစ်အစိုးရ၏ အစဉ်အဆက် ရိုက်သွင်းထားသော စကားလုံးများကို အရိုးခံ ပြည်သူများက အစ၊ နယ်ပယ်စုံနှင့် တွေ့ဆုံမေးမြန်းခွင့်ကို သာမန်ပြည်သူတို့ထက် ပိုသာသော အခွင့်အရေး ရရှိထားသည့် သတင်းထောက်၊ အယ်ဒီတာအစရှိသည့် သတင်းသမားများအလယ်၊ နိုင်ငံရေးကို လုပ်ကိုင်ဆောင်ရွက်နေကြသည့် နိုင်ငံရေးသမားများ အဆုံး လိုလိုချင်ချင်နှင့်သော်လည်းကောင်း၊ မသိနားမလည်ဘဲနှင့် သော်လည်းကောင်း လက်ခံနေကြရသည်၊ သုံးစွဲနေကြသည်။

ရှမ်းပြည်နယ်တွင် အစိုးရတပ်နှင့် FUA တပ်ပေါင်းစုကြား တိုက်ပွဲပြင်းထန်နေ

(ကချင်သတင်းဌာန)

ရှမ်းပြည် အရှေ့မြောက်ဖက်  မြန်မာ အစိုးရ တပ်နှင့် ပြည်ထောင်စု တပ်မတော် (Federal Union Army-FUA) တပ်ဖွဲ့ အကြား လွန်ခဲ့သည့်နှစ်ရက်နေ့မှ စ၍ တိုက်ပွဲများ အပြင်း အထန်ဖြစ် ပွားနေကြောင်း သိရပါသည်။

အောက်တိုဘာ ၁၅၊ သောကြာနေ့မှစပြီး အစိုးရတပ်နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အောက် ပြည်ထောင်စုတပ်မတော် (FUA) အကြား တာမိုးနဲ အရှေ့ဖက် မုန်းဆီး (Mung Ji) ဒေသတွင် တိုက်ခိုက်မှုတစ်နေကုန်နီးပါး ဖြစ်ပွားခဲ့ရာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်မြေပြင်အနီးအနား ရောက်ရှိနေသူ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) စစ်ပြေးဒုက္ခသည်ကယ်ဆယ်ရေး ဆရာဇော်ဆိုင်း ပြောသည်။