Saturday, October 18, 2014

အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တဲ့ ဖားကန့်

(ဧရာဝတီ)

စစ်အစိုးရ စစ်တပ်နဲ့ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေကြောင့် ၃ နှစ်ကျော်ကြာ ရပ်နားခဲ့တဲ့ ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှာ အစိုးရက ပြန်လည် လုပ်ကိုင် ခွင့် ပြုခဲ့ပေမယ့် ကျောက်မျက်လုပ်ငန်းရှင်တွေက လုပ်ငန်းပြန်မစသေးဘဲ တိုက်ပွဲအခြေအနေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အခြေ အနေတွေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

တပ်ရင်း ၆ ကို စစ်ဆင်ရေးလုပ်ရင် တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်ပါတယ် – ဗိုလ်ချုပ်ဂွန်မော်

(DVB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အစိုးရတပ်နဲ့ ကချင် လွတ်မြောက် ရေး တပ်မတော် (ကေအိုင်အေ) တို့အကြား စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်ပြီး  အစိုးရနဲ့ ကေအိုအေကြား ညှိနှိုင်းရာမှာ ကေအိုင်အေ တပ်ရင်း ၆ ကို နေရာကနေ ဆုတ်ခွာပေးဖို့သာ အစိုးရက ပြောဆိုနေတယ်လို့  ကေအိုင်အေ ဒုတိယ စစ်ဦးချုပ် ဗိုလ်ချုပ် ဂွန်မော်က ပြောပါတယ်။

ဒီတင်းမာမှုပေါ် ဘာတွေဆက်ဖြစ်နိုင်ပါသလဲဆိုတာနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွန်မော်ကို နော်နိုရင်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အစိုးရတပ်နဲ့ ကေအိုင်အေ တင်းမာမှုတွေဖြစ်နေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်ဂွန်မော်တို့ ဘယ်လိုမျိုး စီစဉ်ဆောင်ရွက်နေလဲ။

အစိုးရထိုးစစ်နှင့် လက်နက်ကိုင်ပဋိပက္ခကြောင့် နိုင်ငံရေးဆွေးနွေးပွဲ ထိခိုက်မည်ကို UNFC စိုးရိမ်

(KIC)

တိုင်းရင်း သားဒေသများ တွင် လတ်တလော ကာလ အစိုးရ စစ်တပ်၏ ထိုးစစ် ဆင်နေခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် တစ်ဖက်နှင့် တစ်ဖက် ယုံကြည်မှု လျှော့နည်း လာနိုင်ပြီး နိုင်ငံရေးဆွေးနွေး ပွဲအပေါ် ထိခိုက်မည် ကို စိုးရိမ်မိကြောင်း ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC) ဒုဥက္ကဌ(၁) နိုင်ဟံသာ က ကေအိုင်စီသို့ ပြောသည်။

ဖားကန့် KIA တပ်ရင်း ၆ နှင့် အစိုးရတပ်များကြား တင်းမာနေဆဲ

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက် ခံ တပ်ရင်း ၆ တပ်နှင့် အစိုးရ တပ် မ ၆၆ တပ်နှင့် တို့အကြား စစ်ရေး တင်း မာလာ သဖြင့် အောင်ဘာလေကျေးရွာရှိ စာသင်ကျောင်းများ ပိတ်ထား လိုက်ရသည်ဟု KIA တပ်ရင်း ၆ တပ်မှူး ဗိုလ်မှူး တန်ဆိုင်း က ပြောသည်။

တပ်မ ၆၆ ဘက်မှ ကေအိုင်အေ တပ်ရင်း ၆ တပ်စွဲထားသော နေရာမှ အောက်တိုဘာလ ၁၇ ရက်နေ့ ၁၁ နာရီထိ မဆုတ်ခွာပေးပါက ပစ်ခတ်မည်ဟု ထပ်မံ ပြောဆိုလာသဖြင့် စစ်ရေးအဆင်သင့် ပြင်ဆင်မှုများလည်း ရှိနေသည်ဟု ဗိုလ်မှူး တန်ဆိုင်း က ပြောသည်။

UNFC ၏သဘောထားထုတ်ပြန်ချက်


Thursday, October 16, 2014

တပ်မတော်နှင့် တိုင်းရင်းသား ပူးပေါင်တပ်တို့ ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်

(Mizzima)

တိုင်းရင်းသား ပူးပေါင်းတပ် သုံးခုနှင့် တပ်မတော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တာမိုးညဲမြို့နယ်ရှိ လွယ်ကန်ရွာနှင့် ပန်ဖျက်ရွာ အကြားတွင် အောက်တိုဘာလ ၁၆ရက်က တိုက်ပွဲဖြစ်ပွားသည်ဟု TNLA သတင်းနှင့်ပြန်ကြားရေး ဌာနမှ ဒု-ပြန်ကြားရေး တာဝန်ခံ တာပန်လ က ပြောသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) တို့ ပူးပေါင်းထားသည့် တပ်ဖွဲ့နှင့် တပ်မတော်တို့ ဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။

ဖားကန့် အောင်ဘာလေရွာကို ၀င်ထွက်ခွင့် အစိုးရတပ် ပိတ်ပင်

(DVB)

ကချင်ပြည် နယ် ဖားကန့်မြို့နယ် အောင်ဘာလေ ရွာက ရွာသားတွေကို နယ်မြေ အခြေ စိုက် အစိုးရ တပ်ရင်းက ၀င်ထွက် သွား
လာခွင့် ပိတ်ပင် လိုက်ပါတယ်။

ဒီမတိုင်ခင် က ရွာ သားတွေ အနေနဲ့ အောက် တိုဘာ ၁၄ ရက် ညနေ ၆ နာရီ နောက်ဆုံး ထားပြီး အဲဒီရွာကနေ ရွှေ့ပြောင်း သွားကြဖို့ တပ်မ ၆၆ တပ်မမှူးက ညွှန်ကြား ထားပေမယ့်လည်း   အောက်တိုဘာ ၁၅ ရက်ညနေပိုင်း ကစပြီး ၀င်ထွက် သွားလာခွင့် ပိတ်ပင် လိုက်တယ်လို့  ဖားကန့်မြို့ နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဒါရှီလာဆိုင်း က ဒီဗွီဘီ ကို ပြောပါတယ်။

ကရင်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ပေါင်းစည်းခြင်းအပေါ် KNO ထုတ်ပြန်ချက်


DKBA နှင့် SSPP/SSA တို့အားအပြင်းအထန် ထိုးစစ်ဆင်မှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်းထုတ်ပြန်ချက်


ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာ

(RFA)
အစိုးရ တပ်မ ၆၆  တပ်မမှူးနဲ့ ဖားကန့် အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးတို့က ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်ရင်း ၆ ရဲ့တပ်စခန်းတွေ ကို အောက်တိုဘာ ၁၄ ရက်နေ့ မနေ့ က နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းခဲ့ တဲ့ အတွက် နှစ်ဖက် စစ်ရေးတင်းမာနေတယ် လို့ ကေအိုင်အေ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။


မိမိတို့ အခြေစိုက်စခန်းကနေ မဆုတ်ခွာဘူးလို့ အကြောင်းပြန်ထားကြောင်း KIA တပ်ရင်း ၆ တပ်ရင်းမှူး ဗိုလ်မှူး တန်ဆန့်က RFA ကို ဒီနေ့ပြောကြားခဲ့ပါတယ်။

ထိုးစစ်တွေ ချက်ချင်းရပ်တန့်ပေးဖို့ UNFC တောင်းဆို

(RFA)

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့  ကရင်ပြည်နယ်တို့မှာ လတ်တလောဖြစ်လာတဲ့ မြန်မာ့တပ်မတော်က ထိုးစစ် ဆင်နေတာကို ချက်ချင်းရပ်တန့်ပေးဖို့  တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ ပေါင်းစည်းထား တဲ့ UNFC ခေါ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီက ဒီနေ့  တောင်းဆိုလိုက်ပါတယ်။

အချက် ၅ ချက်ပါတဲ့ အဲဒီသဘောထားကြေညာချက် နဲ့ ပတ်သက်လို့  UNFC ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက RFA ကို အခုလိုပြောပါတယ်။

KIA,တပ်ရင်း (၂) ဒေသတွင်တိုက်ပွဲအ ပြင်းအထန်ဖြစ်။ KIA,တပ်ရင်း(၁၄)ဒေသတွင်ဂျက်တိုက်လေယာဉ်လာရောက်ပျံဝဲ

(Lachid Kachin)

ရှမ်းပြည်နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄) လက်အောက်ခံ KIA,တပ်ရင်း
(၂) ဒေသ ဖြစ်သော ဂျယ်ဆိုင်း နှင့် တိန်းဂေါက် ကျေးရွာ ဘက်သို့ ထိုးစစ်ဆင်
ကျူး ကျော် ၀င်ရောက် လာ သော မြန်မာ အစိုးရ စစ်တပ် နှင့် ကေအိုင်အေ
တပ်ရင်း (၂) တပ်ဖွဲ့ တို့ ယနေ့ နံနက် (၁၅.၁၀.၂၀၁၄) ရက်နေ့ နံနက် (၁၁း၃၀)
နာရီ အချိန်ခန့် တွင် အပြင်း အထန် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ ကြောင်း ကေ
အိုင်အေ ရှေ့တန်း အရာရှိများထံ မှ သတင်းရရှိပါသည်။

အစိုးရစစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြားအငြင်းပွားနယ်မြေမှ ရွာသားများအား တခြားသို့ တိမ်းရှောင် ခွင့်မပြု

(သျှမ်းသံတော်ဆင့်)

အစိုးရစစ်တပ်နှင့် KIA တပ်ရင်း ၆ တို့ အကြားနယ်မြေအငြင်းပွားရာဒေသဖြစ်သည့် ဖားကန့်မြို့နယ် ကင်ဆီဆိုင်းရာဒေသ  အောင်ဘာလီကျေးရွာဒေသရှိ ဒေသခံများအား အစိုးရစစ်တပ်မှ တခြားဒေသသို့ ထွက်ပြေးခွင့်မပြုကြောင်း  ကချင်ငြိမ်းချမ်းရေးကွန်ယက် ဒေါ်ခေါန်ဂျာကပြောသည်။
“ရွာထဲကိုအကုန်ပြန်ဝင်ခိုင်းတယ်”ဟု ၎င်းက ဆိုသည်။

ဖားကန့် KIA တပ်စခန်း ဆုတ်ခွာပေးရန် အစိုးရ ထပ်မံသတိပေး

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် ဖားကန့် အခြေစိုက် တပ်မ ၆၆ တပ်က ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ၏ တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ တပ်စခန်း ကို ဆုတ်ခွာပေးရန် သတိပေး ပြောဆိုခဲ့သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန် က ပြောသည်။

တပ်မ ၆၆ လက်အောက်ခံ ခလရ တပ်ရင်း ၁၁ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ကျော်ဇေယျ က အောက်တိုဘာလ ၁၄ ရက် ညနေ ၆ နာရီတွင် နောက်ဆုံးထား ဆုတ်ခွာပေးရန် အောင်ဘာလေကျေးရွာ လူကြီးများမှ တစ်ဆင့် KIA တပ်ရင်း ၆ တပ်သို့ အကြောင်းကြားခဲ့သလို၊ ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင်လည်း ဆုတ်ခွာပေးရန် ထပ်မံ အကြောင်းကြားလာခြင်း ဖြစ်သည်။

ဖားကန့်တွင် အစိုးရစစ်တပ်နှင့် KIA တပ်ကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွား နိုင်

(ကချင်သတင်းဌာန)
ကချင်ပြည် နယ် ဖားကန့်ကျောက် စိမ်းမှော် တွင် အစိုးရ စစ်တပ်နှင့် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) တပ်ရင်း ၆ ကြား စစ်ရေးတင်း မာနေပြီး နှစ်ဖက် တပ် များ ပစ်ခတ် တိုက်ခိုက်ရန် အသင့်အနေ အထားဖြစ်နေကြောင်း သိရ ပါသည်။

ဖားကန့် အစိုးရ စစ်တပ် တပ်မ ၆၆ ဗျူဟာမှူးမှ တပ်ရင်း ၆ နယ်မြေ အောင်ဘာလီမှော်ရှိ KIA တပ်ဖွဲ့အား ယမန်နေ့ အောက် တိုဘာလ ၁၄ ရက် ည ၆ နာရီ နောက်ဆုံးထား ဆုတ်ခွာပေးရန် သတိပေးခဲ့သည် ကို KIA ဗဟိုဌာနချုပ် က ဆုတ်ခွာမပေးရန် ညွှန်ကြား ထားသောကြောင့် နှစ်ဖက် တပ်ဖွဲ့များကြား အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေခြင်းဖြစ် သည်ဟု လိုင်ဇာဗဟိုဌာနချုပ် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးကော် မတီ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အင်ဖန်နော်ဘို ပြောသည်။

Wednesday, October 15, 2014

ကေအိုင်အေတပ်ရင်း(၆)ထိန်းချုပ်နယ်မြေတွင် ကျောက်စိမ်းတူးဖော်နေသူများ ထွက်ပြေးနေ။

(Kachin Waves)

ကေအိုင်အေ တပ်ရင်း (၆) အားအစိုးရ တပ်မတော်တပ်မ (၆၆)မှ အောက်တိုဘာ လ ၁၄ ရက်ညနေ (၆)နာရီတွင် နောက်ဆုံး ထားကာ ပြောင်းရွေ့ပေး ရန် စာပေး ပို့သောကြောင့် ၄င်းနေရာတွင် ကျောက်စိမ်း တူးဖော် လုပ်ကိုင်နေ သူများ မနေ့ကနေ စတင်ပြီး လုံးခင်း သို့ ထွက်ပြေး လာပြီဖြစ်ကြောင်း ကေအိုင်အေ အနောက်ပိုင်း တပ်မှူး ဦးတန်ဆိုင်း ကပြောသည်။

ဖားကန့်ဒေသရှိ KIA တပ်စခန်း ဆုတ်ခွာရန် အစိုးရတပ်က နှုတ်မိန့်ပေးထားဟု ဆို

(ဧရာဝတီ)

ကချင်ပြည်နယ် ဖားကန့်ဒေသ ရှိ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း ၆ ၏ တပ်စခန်း များ ဆုတ်ခွာပေး ရန် အစိုးရတပ်ရင်း ၆၆ က နှုတ်မိန့်ဖြင့် ပြောကြား ထားကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဗဟို ကော်မတီ ဝင် ပြောရေး ဆိုခွင့် ရှိသူ ဦးလနန်ထံမှ သိရသည်။

“တရားဝင် စာပို့တာတော့မရှိဘူး။ နောက် သတင်းတွေ ထွက်နေသလို ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက စာနဲ့ တရားဝင် လှမ်းပြောတာလည်း မဟုတ်ပါဘူး။ တပ်မဟာ ၆၆ ရဲ့ လက်အောက်ခံ ခလရ ၁၁ က ဗိုလ်မှူးကြီး ကျော်ဇေယျ ကတော့ ရွှေ့ပေးဖို့ စကားပါးတာပဲ ရှိတယ်။ အခုချိန်အထိတော့ ဘာမှမဖြစ်သေးပါဘူး” ဟု ၎င်းကဧရာဝတီသို့ ပြောသည်။

ရခိုင်နှင့် ကချင် နေရာအချို့သို့ မသွားရန် ဗြိတိန်အစိုးရသတိပေး

(Mizzima)

လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားဖွယ် ရှိသည့်အတွက် အန္တရာယ်ရှိနိုင်ခြင်းကြောင့် ရခိုင်နှင့် ကချင်ပြည်နယ်တို့ သို့ ဗြိတိန်နိုင်ငံသားများသွားလာခြင်း မပြု ရန် အောက်တိုဘာ ၁၄ ရက်က သတိပေးချက် ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည်နယ်တွင် ငပလီကမ်းခြေနှင့် ကချင်ပြည်နယ်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို မြို့များသို့ မဖြစ် မနေသွားလာရ မည့်ကိစ္စများမှလွဲ၍ ခရီးသွားလာခြင်းမပြု ရန်နှင့် မဖြစ်မနေ သွားလာရပါကလည်း သတိပြု သွားလာရန် ဗြိတိန်နိုင်ငံအစိုးရ အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

ဟူးကောင်းဒေသ စံပြရွာ သူကြီးအား သစ်တောသဘာဝ ချိုးဖောက်မှုဖြင့်စွပ်စွဲ ဖမ်းဆီး

(ကချင်သတင်းဌာန)

ကချင်ပြည် ဖားကန့်မြို့နယ် တနိုင်း ဟူးကောင်းချိုင့် ဝှမ်းဒေသရှိ ယုဇန ကုမ္ပ္ပဏီကြောင့် ရွှေ့ပြောင်း နယ်မြေ စံပြကျေးရွာမှ ရွာသူကြီး ဦးအားဖူဒွေ့ အား ဖားကန့် မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးကျော်မြင့် က တာဝန်မှရပ်နားရန် ပြောဆိုပြီးနောက် အောက်တိုဘာလ ၉ ရက်နေ့က တောရိုင်းတိရ စ္ဆာန်နှင့်သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆ (ဂ) အရ အမှုဖွင့် အရေးယူဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

မတရားဖမ်းဆီး ထောင်ချထားသည့် ကချင်ဒုက္ခသည် ၂ ဦးကို လွှတ်ပေးရန် သမ္မတအား ထပ်မံ တောင်းဆို

(ကချင်သတင်းဌာန)

ကချင်ပြည် နယ် မြစ်ကြီးနား မြို့နယ် ရွှေစက် ရပ်ကွက်ရှိ ကချင်နှစ်ခြင်း ခရစ်ယာန် အသင်းတော်မှ ဒုက္ခသည် စခန်းတွင် ခိုလှုံခဲ့သော ကချင် စစ်ပြေး ဒုက္ခသည် ဦးလဖိုင်ဂမ် (Slg. Lahpai Gam) နှင့် ဦးဘရန်ရုန်း (Slg. Brang Yung) တို့နှစ်ဦးကို ဖမ်းဆီးထောင်ချထားသည့် အမှုနှင့် ပတ်သက်၍ ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် ကချင်ပြည်နယ်ရှိ လူမှုရေး၊ ဘာသာရေး အဖွဲ့အစည်းများက အောက်တိုဘာလ ၁၃ ရက်က နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံ ထပ်မံ တောင်းဆိုလိုက်သည်။

Sunday, October 12, 2014

ဟူးကောင်းချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီ ရှိနေခြင်းအပေါ် ဒေသခံများ ကန့်ကွက်

(ကချင်သတင်းဌာန)

ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒူလမ်းမတလျှောက်ရှိ ကျေးရွာများမှ ကျေးရွာ ၂  ရွာသည် အောက်တိုဘာလ ၈ ရက်နေ့က ယုဇနကုမ္ပဏီရှိနေခြင်းကို “အလိုရှိ၊ မရှိ” ဆန္ဒမဲများ ကောက်ခံရာ ၉၈ ရာခိုင်နှုန်းသည် အလိုမရှိကြောင်း ကန့်ကွက်မဲရရှိခဲ့သည်ဟု သိရသည်။

ဟူးကောင်းချိုင့်ဝှမ်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး နယ်မြေအကျယ်အဝန်းသည် ၆၇၀၈ စတုရန်းမိုင်ဖြစ်ကြောင်း ဆိုင်းဘုတ်များ နေရာတိုင်းတွင် ချိတ်ဆွဲထား သော်လည်း အမှန်တကယ်တွင် ဧက ၄ သိန်းကျော် တိုးချဲ့ထားသည်ဟု ဒေသခံများပြောသည်။