Friday, October 10, 2014

တနိုင်ငံလုံး အပစ်ရပ်ရေး ဝေးနေဦးမယ်

(ဧရာဝတီ)

ရန်ကုန်မှာ ကျင်းပ တဲ့ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲ နောက်ဆုံးနေ့ က ဆွေးနွေးပွဲ အပြီး ခန်းမထဲက ထွက်လာကြ တဲ့ နှစ်ဖက်ခေါင်းဆောင် တွေ ရဲ့ ခြေလှမ်းတွေ ဟာ လေးလေး ပင်ပင် ဖြစ်နေသလို မျက်နှာတွေ ကလည်း အပြုံးကိုယ်စီ ကင်းမဲ့နေ တာ တွေ့ရပါတယ်။

ကာကီရောင် ဆင်မြန်းထားတဲ့ ဦးဆောင်ဆွေးနွေးသူ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC)က ပြည်ထောင်စု ဝန်ကြီးကလည်း သူ့ရဲ့ အဆင်မပြေတဲ့ အမူအယာမျက်နှာကို မကြာ ခဏ ဆိုသလို ချွေးသုတ်လျက် ညှိုးနွမ်းနေတဲ့ သူ့မျက်နှာကို ဖုံးကွယ်ဖို့လုပ်ဆောင်နေပါတယ်။ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင် အရာရှိရဲ့ ပုံစံကလည်း သူ့ရဲ့ အမှတ် အသား ဖြစ်တဲ့ မာန်ပါပါပြောတာ၊ နှုတ်ခမ်းစုကာ ရယ်တာ စတဲ့ ပုံစံတွေ ပျောက်ချင်းမလှ ပျောက် နေပါတယ်။

Thursday, October 9, 2014

ရှမ်း/မြောက် KIA,တပ်ရင်း(၉)ဒေသတွင် တိုက်ပွဲ ဖြစ် အစိုးရတပ်မှ လက်နက်ကြီးများ ထပ်မံသယ်ဆောင်လာ

(Lachid Kachin)

ရှမ်းပြည် နယ်မြောက် ပိုင်း ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ
ကေအိုင်အေ တပ်ရင်း (၉) နယ်မြေ အတွင်းသို့ တာမုံန်းညှဲ ဘက်မှ ကျူး ကျော် ၀င်ရောက် လာသော မြန်မာ အစိုးရ စစ်တပ် (ခလရ-၂၉၀) တပ် မှ စစ်ကြောင်းနှင့် မိမိတို့ ကေအိုင်အေ တပ်ရင်း (၉) တပ်ဖွဲ့ တို့ (၈.၁၀.၂၀၁၄) ရက်နေ့ နံနက် (၈း၃၀) အချိန် ခန့် ၌ ဒပ်နိုင် အနီး တွင် ထိပ်တိုက်ရင် ဆိုင် တိုက်ပွဲ ဖြစ်ပွား ကြောင်း ကေအိုင်အေ ရှေ့တန်း အရာရှိများထံမှ သတင်းရရှိပါသည်။

ကချင်လူထုများဘ၀ ခြိမ်းခြောက်နေ သည့် အသံတိတ်ထိုးစစ်

(ကချင်သတင်းဌာန)

မူးယစ်ဆေးဝါး ပြဿနာ  ပိုမိုကြီးထွားစေ သည့် မြန်မာစစ်အစိုးရ နည်းဗျူဟာများ “အသံတိတ် ထိုးစစ်” ဟူသော အစီရင်ခံစာကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကချင်အမျိုးသမီးအစည်းရုံး (KWAT) က အောက်တိုဘာလ ၈ ရက်မှာ ထုတ်ပြန်လိုက်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ် အစောပိုင်းထိ နှစ်နှစ်ကျော်ကြာကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်ပေါင်း ၈ မြို့နယ်မှ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် ၄င်းတို့၏ မိသားစုများ၊ မူးယစ်ဆေးဝါး ရောင်းချသူ၊ ဘုရားကျောင်း အဖွဲ့ဝင်များ၊ ရပ်ရွာလူကြီးများနှင့် KIO မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီဝင်များကို KWAT က တွေ့ဆုံမေးမြန်းမှု (၇၅) ခု ပြုလုပ်၍ အစီရင်ခံစာ ထွက်ပေါ်လာရခြင်း ဖြစ်သည်။

Wednesday, October 8, 2014

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၂)

(Aung Htoo)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (ကေအင်ယူစစ်သားတဦး သတ်ဖြတ်ခံရသည့် မှုခင်းအပေါ် ဥပဒေကြောင်းအရ အမြန်ဆုံး   အရေးယူဆောင်ရွက်ရန် တောင်းဆိုခြင်း  

ကချင်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) နှင့် စစ်အစိုးရတို့ ၏ အပစ်အခတ်ရပ်စဲရေး သက်တမ်း (၁၇) နှစ်အတွင်းတွင် ကချင်အရပ်သားအချို့ အပါအ၀င် ကေအိုင်အို စစ်သားများ အစုလိုက် အသတ်ခံခဲ့ကြ ရသည်။ ၂၀၀၁ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၀၂ ခုနှစ်တွင် ၄ ဦး နှင့် ၂၀၀၇ ခုနှစ်တွင် ၆ ဦးတို့ ဖြစ် သည်။ ယင်းသတ်ဖြတ်မှုများကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ 

ထိုးစစ်ဆင် လာမှုကြောင့် ကေအိုင်အေမှ ပရင်းမှော် သွားလာမှုပြန်လည်ပိတ်ပင်

(Kachin Waves)

တနိုင်းဟူးကောင်းဒေသ ကေအိုင်အေ ထိန်ချုပ်နယ်မြေရှိ လွန်ခဲ့သည့် တစ်လခန့်မှ အသစ်စတင်ဖွင့်လစ်ခဲ့သည့် ရာမွတ် ပရင်းမှော်အား ကေအိုင်အေမှ ပြန်လည်ပိတ်ပင်လိုက်သည့်အတွက် အလုပ်လာလုပ်ကိုင်သူများ ပြန်လာကြပြီး တနိုင်းမြို့တွင် တည်းခိုးခန်းများမဆန့်သည့်အတွက် ဘုရားကျောင်းများတွင် နေနေရကြောင်း သတင်းရရှိသည်။

“ ပရင်းမှော်ပိတ်လို့ ပြန်လာကြတဲ့သူတွေများတယ်။ တည်းခိုခန်းမဆန့်တော့ ဘုရားကျောင်းမှာနေတဲ့လူတွေလည်းရှိတယ်။ (၃) ရက်အတွင်း အပြီးပြန်ခိုင်းတယ်လို့ကြားတယ်။ ”ဟု တနိုင်းနှစ်ခြင်းအသင်းတော်မှ လူငယ်တာဝန်ခံ ကိုနော်ဆိုင်းမှဆိုသည်။

KIO မှ ရွှေမှော် ပရင်းမှော်သို့သွားသည့်သူများအား စီစစ်လျက်ရှိ

(Kachin Waves)

တနိုင်း ဟူးကောင်းဒေသ ကေအိုင် အို ထိန်းချုပ် နယ်မြေရှိ ရွှေမှော် ပရင်းမှော်များ သို့ ၀င်ရောက်မည့် ပြည်သူ များအား ကေအိုင်အို မူးယစ်ဆေးဝါး တားမြစ် လုပ်ဆောင် သည့် အနေဖြင့် ဆီးစစ် စစ်ဆေးမှု အစီအစဉ် များပြုလုပ် လျှက်ရှိကြောင်း သတင်းရရှိသည်။

“ဒီကိုလာရင် ဘယ်လောက်အရေးကြီးတဲ့လူဖြစ်ရင်လည်း ဆီးအရင်စစ်ရတယ်။ ဆီး အောင်ရင် ပြန်ခေါက်ရတယ်။ဆီးအောင်တဲ့ လူတွေဒီကိုဝင်လို့မရဘူး။”ဟု တနိုင်းဒေသ ကေအိုင်အေ တပ်မဟာ (၂) တည်ရှိရာ အောင်လောဒ်သို့ သွားရာလမ်းတွင် ဆီးစစ်ပေးနေသည့် ကေအိုင်အို ၀န်ထမ်းတစ်ဦးမှဆိုသည်။


ဝပြည်သွေးစည်းညီညွှတ်ရေး တပ်မတော်နှင့် မိုင်းလား အဖွဲ့တို့၏ သဘောထားထုတ်ပြန်ချက်

Tuesday, October 7, 2014

KIA,တပ်မဟာ(၄)ဒေသသို့ အကြီးအကျယ်ထိုးစစ်ဆင်ရန်အစိုးရ တပ် စစ်အင်အားတိုးချဲ့ပို့ဆောင်

(Lachid Kachin)

ရှမ်းပြည် နယ်မြောက်ပိုင်း KIA, တပ်မဟာ (၄)ဒေသ
အတွင်းသို့ မြန် မာ အစိုးရ စစ်တပ်မှ စစ်အင်အား အလုံး
အရင်း တိုးချဲ့ ဖြည့် တင်းနေကြောင်း သတင်းရရှိပါ သည်။

ငြိမ်းချမ်းရေး အကြောင်းပြချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှာလား

(Irrawaddy)

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားမှာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး ဆွေးနွေး ပွဲ တွေ အောင်မြင် စွာ ဆောင် ရွက်နိုင်ပြီး နိုင်ငံရေး တည်ငြိမ်မှ သာလျှင် ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်း ပနိုင်ရေး ရေရာသေချာမယ် လို့ သမ္မတဦးသိန်းစိန်က အောက်တိုဘာလ ၁ ရက်နေ့မှာ သတိ ပေး မိန့်ခွန်း ပြောဆိုမှုက အာဏာကို ဆက်လက်ထိန်းချုပ်ဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ရွှေ့ဆိုင်းဖို့ ရည်ရွယ်ချက်ရှိပုံရတယ်လို့ သုံးသပ်ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး  မြန်မာ့နိုင်ငံရေး အသိုင်း အ၀ိုင်းမှာ လှုပ်လှုပ်ရှားရှားနဲ့ ရိုက်ခတ်မှုကြီးမားသွားပါတယ်။

စစ်ရေးတင်းမာမှုကြောင့် မှော် လုပ်သား ၅၀၀၀ ခန့် ထွက်ပြေး

(RFA)

ကချင်ပြည်နယ် တနိုင်းမြို့နယ် အတွင်းမှာ ကချင် လွတ်မြောက်ရေး တပ်မတော် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၁၄) နဲ့ အစိုးရတပ်မ (၆၆) လက်အောက်ခံတပ်တွေအကြား နှစ်ဖက်စစ်ရေး အခြေအနေတင်းမာမှုကြောင့် မြို့ရဲ့ တောင်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ရာမွတ်လို့ခေါ်တဲ့ ပယင်းမှော်မှာ လုပ်ကိုင်နေသူ ငါးထောင်လောက်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်များ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဆွေးနွေး

(ကချင်သတင်းဌာန)

ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ခေါင်းဆောင် များ အောက်တိုဘာလ ၆ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တွင် တွေ့ဆုံဆွေးနွေးခဲ့သည် ဟု UNFC ၏ တွဲဘက် အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

“အတွင်းနဲ့အပြင် ညီညွတ်ရေး တည်ဆောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ကြဖို့ နောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေးတို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း အောင်မြင်တဲ့အထိ ပူးပေါင်းဆောင်ရွက်ကြဖို့ပါ့လေ” ဟု ခွန်ဥက္ကာ က ပြောသည်။

မူးယစ်ဆေးဝါး အကြီးစားဖြန့်ဝေနေသူများကို အသင်းတော်မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ ဖမ်းမိ

(ကချင်သတင်းဌာန)

မူးယစ်ဆေး ၀ါး လွပ်လပ် စွာ ရောင်းဝယ်ဖောက် ကားနေသော ကချင်ပြည် နယ် ဖားကန့်မြို့နယ် တွင် ခရစ်ယာန် အသင်းတော်များ ဖွဲ့စည်းထားသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့များ ဦးဆောင်၍ မူးယစ်ဆေး ၀ါးဖောက်ကား သည့်ဒိုင်များကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် မှော်ဝမ်းတွင်အကြီးစားရောင်းဝယ်နေသည့် မာမီအောင် ဆိုသူနှင့် မှော်မောလယန်ရွာ (Mawmau Layang) ရှိ အကြီးဆုံး မူးယစ်ဆေးဝါးရောင်းဝယ်ရေးပြုလုပ်နေသည့် ဂိုဏ်း တစ်ခုကို အောက်တိုဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကပြောသည်။