Saturday, October 4, 2014
ပြည်သူကို အနိုင်ကျင့်သူ
(MIzzima)
Written by  စည်သူအောင်မြင့် 
လက်နက်ဆိုတာ လူကို သွေးကြွစေပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့လောက် ပိုင်ဆိုင်ပြီဆို ပိုပြီး မောက်မာမှုကို ဖြစ်စေပါတယ်။ လက်နက်ကိုင် စစ်တပ်တစ်တပ်ကို အမိန့်ပေး ညွှန်ကြားနိုင်ပြီဆိုရင်တော့ အထူးပြောဖို့ မလိုတော့ပါဘူး။ ဒါကြောင့်လည်း ကမ္ဘာမှာ ရက်စက်ဆိုးသွမ်းတဲ့ စစ်အာဏာရှင်စနစ်တွေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အခုတလော မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တွေးတောနေမိတာပါ။ ကျွန်တော်လည်း လက်နက်ကိုင်ခဲ့ဖူးပါတယ်။ တစ်ချိန်တုန်းကတော့ ဒေသခံ ပြည်သူတစ်ယောက်ကို အနိုင်ကျင့်ခဲ့ဖူးပါတယ်။ အဲဒီအကြောင်းလေး ပြန်ပြောပြချင်ပါတယ်။
SSPP/SSA အား မြန်မာ့တပ်မတော် အပြင်းအထန် တိုက်ခိုက် သေကျေ ကျဆုံးမှုများ
အောက်တိုဘာ ၄ ရက် ၂၀၁၄
သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း ရှိ သျှမ်းပြည်တပ်မတော် တပ်စခန်းများအား မြန်မာ့ တပ်မတော် စစ်အင်အား တိုးဖြည့် တိုက်ခိုက်သောကြောင့် တိုက်ပွဲများ တခြားမြို့နယ်သို့ ပျံ့လာနေပြီ ဟု ဒေသအတွင်း သတင်းရပ်ကွက်ကပြောသည်။
အောက်တိုဘာ ၄ ရက်နေ့တွင် မြန်မာအစိုးရတပ် စစ်သည်အင် အား ထောင် ဂဏန်းသည် ကျေးသီးမြို့ နယ်၊ မိုင်းနောင်မြို့နယ်ခွဲ၊ သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ် အင်အားတိုးဖြည့် လှုပ်ရှားလာ သော ကြောင့် တိုက်ပွဲများ မိုင်းရယ်-ကျေးသီးကားလမ်းပေါ်ရှိ SSPP ၏ နမ့်ပုတ်တပ်စခန်း ၊ လွယ်ကုန် လွယ် ကျိုင်း တပ်စခန်းအထိ ပျံ့နှံ့လာကြောင်း၊ ယမန်နေ့ တိုက်ပွဲကြောင့် မြန်မာ့ တပ်မတော် ဘက်က ၁၀ ဦး သေဆုံး ၊ ၂၀ ထက်မနည်းဒဏ်ရာရရှိကြောင်း၊ သျှမ်းပြည်တပ်မတော် SSPP/SSA ဘက်ကလည်း ၃ ဦး ကျဆုံးကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းများက ပြောသည်။
အသက်မပြည့် မိန်းကလေး အား အဓမ္မပြုကျင့်ခဲ့သူ တပ်မတော်သားအမှု ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေး
(ကချင်သတင်းဌာန)
ရှမ်းပြည် နယ်မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် နမ်ဂွတ်ကျေး ရွာမှ အသက် မပြည့်သေးသော မိန်းကလေးငယ် တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် တရားစွဲခံထားသော အစိုးရ၏ တပ်မတော်မှ ရဲဘော် ကောင်းဘိုဘို အမှု တရားခံ သက်သေနှစ်ဦးကို အောက်တိုဘာလ ၂ ရက်က မူဆယ်ခရိုင်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
တရားခံ ရဲဘော် ကောင်းဘိုဘို၏ သက်သေများအဖြစ် ကွတ်ခိုင်မြို့နယ် ဆရာဝန် ဒေါက်တာဝင့်ဝင့်မြိုင်နှင့် သူ သည်းခိုခဲ့သော အိမ်ရှင်တို့ကို စစ်ဆေးမေးမြန်းခဲ့သည်ဟု တရားလိုဘက်မှ အကျိုးဆောင်ရှေ့နေ ဒေါ်ရွယ်ဂျား က ပြောသည်။
Friday, October 3, 2014
သမ္မတ ခြိမ်းခြောက်တာလား
(Mizzima)
ထုံးစံအတိုင်း သမ္မတကြီးရဲ့ မိန့်ခွန်းကို အခြေတည်ပြီး မီဒီယာတွေက ပြောကြဆိုကြပြန်ပါပြီ။ ဧရာဝတီ သတင်းဌာနက “ငြိမ်းချမ်းရေး မအောင်မြင်လျှင် ၂၀၁၅ ရွေးကောက်ပွဲ မသေချာနိုင်ဟု ဦးသိန်းစိန် သတိပေး” လို့ ခေါင်းစဉ် တပ်ပါတယ်။ သည်ဗွိုက်စ် သတင်းစာက “နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်နိုင်မှသာ နိုင်ငံရေးအသွင်ကူးပြောင်း မှု ညင်သာမည်ဟု သမ္မတပြောကြား” လို့ ခေါင်းစဉ်တပ်ပါတယ်။ မဇ္ဈိမ သတင်းစာကတော့ “အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတသတိပေး” ဆိုပြီး ခေါင်းစဉ်တပ်ပါတယ် ။ ဆဲဗင်းဒေးသတင်းစာက “အပစ်ရပ်လက်မှတ် မထိုးနိုင်ပါက ၂၀၁၅ ရွေးကောက်ပွဲကို ထိခိုက်နိုင်ဟု သမ္မတပြော” လို့ ခေါင်းစဉ်တပ်ပါတယ်။ မီဒီယာတွေ အဲလို ဝေဖန် ပြောဆိုရလောက်အောင် လစဉ်ရေ ဒီယို မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန် ဘာတွေပြောခဲ့သလဲ၊ ဘယ်လိုအဓိပ္ပာယ် ကောက်ယူရမလဲ၊ သမ္မတအနေနဲ့ ဘာတွေဆက်လုပ် သင့်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ကချင်ဒေသတိုက်ပွဲများ ရပ်နေသော်လည်း ဒုက္ခသည်များပြန်နိုင်မည့် အခြေနေမရှိသေး
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် အတွင်း ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)နှင့်  အစိုးရတပ်ဖွဲ့ များကြား နှစ်ဖက် တင်းမာမှု ပဋိပက္ခ အရှိန် လျော့ကျ လာပြီး ငြိမ်သက်လာ သည်ဟု ဆိုနိုင်သော်လည်း ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး ထိ မျှော်လင့်စရာ အခြေအနေ မဟုတ်သေးကြောင်း ဒုက္ခသည်တာဝန်ရှိသူများက ပြောသည်။
စစ်ရေးအခြေအနေသည် နှစ်ဆန်းပိုင်းထိ တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့ရာမှ နှစ်ဖက်ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့များ ဖွဲ့စည်းကာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေပြုလုပ်လာပြီးနောက် ယခုချိန်ထိ တိုက်ပွဲများရပ်တန့်၍ ငြိမ်းချမ်းလာသည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များက သုံးသပ်နေကြသည်။
Thursday, October 2, 2014
နွံထဲ၌ ကျွံနေသော ငြိမ်းချမ်းရေးလှည်းဘီး
(Eleven Media Group)
ပြည်တွင်း ငြိမ်းချမ်းရေး လှည်းဘီးကြီး သည် နွံထဲ၌ ကျွံနေခဲ့သည်မှာ လွတ်လပ်ရေး ရပြီးစ ကတည်းက ဖြစ်သည်။ ငြိမ်းချမ်းရေးလှည်းဘီးကို ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်ဟု ယေဘုယျဆိုနိုင်သော်လည်း မတွန်းတတ်လျှင် နွံထဲ၌ ပို၍နစ်ဝင်သွားနိုင်ဖွယ်ရှိသည်ကို ဆင်ခြင်သင့်သည်။ တန်းတူရည်တူရှိသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ ပြည်ထောင်စုအကျိုးစီးပွားကို အပြောမဟုတ် လက်တွေ့ကျကျ ရှေးရှုသောယုံကြည်မှု တည်ဆောက်ရေးသည်သာ ငြိမ်းချမ်းရေးလှည်းဘီးကို နွံအိုင်ထဲမှ ရုန်းထွက်နိုင်အောင် ဝိုင်းဝန်းနိုင်မည်ဖြစ်သည်။
ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်
(သျှမ်းသံတော်ဆင့်)
တာ့ဖာဆောင် တပ်စခန်း အား တိုက် ခိုက်သိမ်း ပိုက်ရန် ဒုတိယ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်ဖြင့် ယနေ့(၂ ၊၁၀ ၊ ၂၀၁၄) နံနက် ၀၅ နာရီ မိနစ် ၄၀ အချိန် က စတင်ပစ်ခတ် တိုက် ခိုက်ကြောင်း သိရသည်။
လားရှိုးမြို့ အခြေစိုက် အရှေ့မြောက် ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက် ခံ နှင့် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဗျူဟာ ၅ ခုမှ သျှမ်းပြည်တောင် ပိုင်းကျေးသီးမြို့ဘက်သို့ အားဖြည့်ကာ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ SSPP/SSA တာ့ဖာ ဆောင် တပ်စခန်းအား ယနေ့နံနက်ပိုင်းမှစ၍ စတင်တိုက်ခိုက် သည် ဟု ရှေ့တန်း သျှမ်းတပ်မှူး တဦးကပြောသည်။
နန့်ခမ်းနှင့် ကွတ်ခိုင် မြို့နယ် တို့တွင် မြန်မာ စစ်တပ်နှင့် TNLA တို့ တိုက်ပွဲ နှစ်နေရာ ဖြစ်ပွား
(ရွှေဟင်္သာသတင်းဌာန)
ရှမ်းပြည်နယ် မြောက်ပိုင်း နန့်ခမ်း မြို့နယ်နှင့် ကွတ်ခိုင် မြို့နယ် ဘက်တွင် အခြေပြု လှုပ်ရှား နေသော TNLA ခေါ် တအာင်း ပလောင် လွတ်မြောက်ရေး တပ်ဦးနှင့် မြန်မာ စစ်တပ် တို့အကြား အောက်တို ဘာလ (၁) ရက်နေ့တွင် တိုက်ပွဲ နှစ်နေရာ ဖြစ်ပွား ခဲ့သည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော်မှ ပြောသည်။
“နန့်ခမ်း ဘက်မှာ ဖြစ်တဲ့ တိုက်ပွဲ ကတော့ နေ့လည် တနာရီခွဲ လောက်မှာ စဖြစ်တယ်။ ကျွန်တော်တို့ တပ်ရှိတဲ့ နေရာကို တပ်မ(၈၈)နဲ့ ခလရ (၄၅) ရယ် တက်လာ ကြတော့ တနာရီ နီးပါး တိုက်ပွဲ ဖြစ်ပွား ခဲ့တာပါ။ ကွတ်ခိုင် ဘက်မှာ ဖြစ်တဲ့ တိုက်ပွဲတော့ နည်းနည်း ကြာတယ်။ မနက်ပိုင်းက စပြီး ညနေလောက်မှ ပြီးသွားတယ်။ နန့်ခမ်းဘက်မှာ ကျတော့ ထိခိုက် ကျဆုံး မှုတော့ ရှိတယ်။ မြန်မာ စစ်တပ် ဘက်က အနည်းဆုံး (၇) ယောက် (၈) ယောက်လောက် ကျတယ်” ဟု မိုင်းဘုန်းကျော်မှ ပြောသည်။
ကွတ်ခိုင် တာမိုးညဲဒေသတွင် TNLA / KIA /MNDAA တပ်မတော်နှင့်မြန်မာ့စစ်တပ် တိုက်ပွဲပြန်ဖြစ်
ကွတ်ခိုင် တားမိုးညဲမြို့နယ် ခွဲ၊ ပန် ဖျက်ကျေးရွာ အနီးတွင် TNLA / KIA / MNDAA တပ် မတော် တို့် နှင့်မြန်မာ့ စစ်တပ် နံနက်ပိုင်း ( ၁၀ ) နာရီမှစ၍ တိုက် ပွဲဖြစ် ပွားနေ သည်။
မြန်မာ့ စစ်တပ်ဘက် တွင် တပ်မ (၁၁) ဖြစ်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်မှ အမှတ် (၄)ဗျူဟာ လက်အောက်ခံ TNLA တပ်ရင်း (၈၁၈)နှင့် KIA တပ်မတော်မှ ပြည့်သူစစ်အဖွဲ့၊ MNDAA ကိုးကန့်တပ်မတော်တို့ဖြစ်သည်။
အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မှသာ ၂၀၁၅ ရွေးကောက်ပွဲ ရေရာမည်ဟု သမ္မတ ပြော
(Mizzima)
အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးနိုင်မှသာ ၂၀၁၅ အထွေထွေ ရွေးကောက် ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရန် ရေရာသေ ချာလိမ့်မည် ဟု အောက်တို ဘာ ၁ ရက် သမ္မတ ဦးသိန်းစိန် ၏ ရေဒီယိုမိန့်ခွန်း တွင် ထည့်သွင်း ပြောကြား သွားသည်။
“အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်း အတာပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာဆောင်ရွက်နိုင်မှ သာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကိုပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလိုစတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူး ပြောင်းမှုများကိုရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်းသတိပြုမိစေလိုပါတယ်” ဟုသမ္မတက ပြောသွားသည်။
SSPP/SSA နှင့်အစိုး ရတပ်မတော် စစ်ရေြး ပန်လည် တင်းမာ
(သျှမ်းသံတော်ဆင့်)
သျှမ်းပြည် တပ်မတော် SSPP /SSA ဌာန ချုပ် အနီးဝန်းကျင်သို့ အစိုးရတပ် တထောင်ခန့် အင်အားတိုး ဖြည့် လာသောကြောင့် နှစ်ဘက် တပ်ကြား အထူး တင်းမာနေသည်ဟု SSA ရှေ့ တန်း တပ်မှူး ကပြော သည်။
အစိုးရ၏ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  ဗိုလ်ချုပ်ကြီး စိုးဝင်း ၏ အမိန့်ဟုဆိုကာ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၁၁ နာရီနောက်ဆုံးထားပြီး သျှမ်းပြည် တပ်မတော် SSPP/SSA  က တာ့ဖာဆောင်တံတားတပ်စခန်းမှ တပ်ဆုတ်ပေးမည် မဆုတ်ပေးမည် ( yes/ no အဖြေတခုသာ ပေးရန်) အကြောင်းပြန်ရန် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုနိုင်က သျှမ်းပြည်တပ် SSPP/SSA ထံပြောကြားလာသည်ဟုဆိုပါသည်။
UPWC နှင့် NCCT ဆွေးနွေးပွဲ ပထမနေ့မှတ်တမ်းအကျဉ်း (၂၂.၉.၂၀၁၄)
(သျှမ်းသံတော်ဆင့်)
 ပြည်ထောင်စု ငြိမ်း ချမ်းရေးဖော်ဆောင်ရေး လုပ် ငန်းကော် မတီ (UPWC) နှင့် တစ်နိုင်ငံ လုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း အဖွဲ့ (NCCT) တို့၏ ဆဌမ အကြိမ်မြောက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်အတွက် တစ်ခု တည်းသောမူကြမ်း (Single Text) ဖြစ်မြောက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (Myanmar Peace Center) တွင် ပြုလုပ်ပါသည်။ ၂၀၁၄ စက်တင်ဘာ ၂၂ ရက်တွင် ဆွေးနွေးပွဲ ပထမနေ့ကို နံနက် ၉းဝဝ နာရီမှ ညနေ ၄းဝဝ နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းနား ပါဝင်သူများကို အစိုးရတပ် မေးမြန်းစစ်ဆေး
(ကချင်သတင်းဌာန)
ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) က မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွင် ဖမ်းဆီးခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးသော အခမ်းအနားသို့ တက်ရောက်ခဲ့သောကျေးရွာသားများနှင့် ရွာလူကြီးများကို မြန်အစိုးရ စစ်တပ်က စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည် ဟု မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်သူများက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်က တာမိုးညှဲဘက်မှ ရောက်ရှိလာသော အစိုးရ စစ်ကြောင်းတစ်ကြောင်းသည် ဟိုဖြတ် ကျေးရွာ၊ ဂျာကြိုင်ယန်ကျေးရွာသို့ ဝင်ရောက်လာကာရွာလူကြီးနှင့် ရွာသားများကို မေးမြန်း ခြိမ်းခြောက်မှုများ ပြုလုပ်နေသည်ဟု မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးရေး အခမ်းအနား ပြုလုပ်ခဲ့သော KIO အရာရှိတဦး ပြောသည်။
Wednesday, October 1, 2014
မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းခြင်းသုံးနှစ်ပြည့် ဆုတောင်းပွဲ ကျင်းပ။
(Kachin Waves)
မြစ်ကြီးနားမြို့ တန်ဖဲကျေးရွာရှိ ဒေသခံပြည်သူများ နှင့် အသင်းတော်တို့မှဦးစီးပြီး မြစ်ဆုံရေ ကာတာစီမံကိန်းရပ်ဆိုင်းခြင်း ၃နှစ် ပြည့်ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက်နေ့ တန်ဖဲကျေးရွာ မြစ်ဆုံကမ်းခြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် ဒေသခံလူငယ်များ နှင့် မိခင်များတို့မှ သီချင်းဆိုခြင်း၊ ဆုတောင်းခြင်း၊ ရိုးရာတီးဝိုင်း ဖြင့်တီးခတ်ခြင်း တန်ဖဲကျေးရွာ သမိုင်းအကျဉ်း နှင့်ကဗျာတို့အားဖတ်ပြခြင်းပြုလုပ်ခဲ့သည်။
KIO နှင့် အစိုးရတပ်တို့ ရှမ်းမြောက်တွင် တိုက်ပွဲပြန်ဖြစ်
(Mizzima)
အစိုးရ၏ စစ်တပ်နှင် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်တို့ ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘောကျေးရွာအနီးတွင် စက်တင်ဘာလ ၂၉ ရက်က တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)အဖွဲ့မှ အမည်မဖော်လိုသည့် အရာရှိ တစ်ဦးက မဇ္ဈိမကို ပြောသည်။
မုန်ဘော် ပြည်သူ့စစ်အခြေစိုက်သည့် နေရာအနီးတွင် အစိုးရ၏ တပ်မ ၈၈ နှင့် KIO ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈တို့ မိနစ် ၃၀ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ တပ်ရင်းမှူး တစ်ဦးက ပြောသည်။
မြစ်ဆုံစီမံကိန်းအပြီး ရပ်ဆိုင်းပေးဖို့ ဒေသခံတွေ ထပ်မံတောင်းဆို
(RFA)
ဧရာဝတီ မြစ်ဆုံ စီမံကိန်း ကို နောင်တက်လာမယ့် အစိုးရ အဆက်ဆက်အနေနဲ့ အကောင် အထည်မဖော်ဖို့ စီမံကိန်းကြောင့် ပြောင်းရွှေ့ ခံရတဲ့ ရွာသားတွေက ဒီနေ့ တောင်းဆို လိုက်ပါတယ်။
ဧရာဝတီမြစ်ဆုံမှာ အောင်မြင်သာ ကျေးရွာသားတွေ စုပေါင်းကျင်းပတဲ့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း ၃ နှစ်ပြည့် ဝတ်ပြုဆုတောင်းပွဲ အခမ်းအနား မှာ ဒေသခံတွေကိုယ်စား တန်ဖရဲရွာက ဒေါ်လုရာက အခုလိုပြောခဲ့တာပါ။
KIO နှင့်အစိုးရ ရှမ်းပြည်နယ် တွင် တိုက်ပွဲပြန်ဖြစ်
(ကချင်သတင်းဌာန)
ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တပ်မ ဟာ ၄ လက်အောက်ခံ တပ်ဖွဲ့ များနှင့် အစိုးရ ၏ တပ်မ ၈၈ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘော်ကျေးရွာအနီးတွင် ယမန်နေ့ စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ မှ KIO အရာရှိ တစ်ဦးက ပြောသည်။
ည ၉ နာရီမှ ၁၀ နာရီထိ ကေအိုင်အို ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈ နယ်မြေ မုန်ဘော် ပြည်သူ့စစ် စခန်းချနေသော နေရာအနီးတွင် အစိုးရ တပ်မ ၈၈ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၄င်းက ပြောသည်။
Tuesday, September 30, 2014
နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်များရေးဆွဲရေး ပိုရှုတ်ထွေးလာနိုင်ဟု NCCT ပြောဆို
(KIC)
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘော တူညီချက် ရပြီးသည့် တိုင်အောင် နိုင်ငံရေးဆွေးနွေး ပွဲအတွက် လုပ်ဆောင်ချက် မူဘောင်များ (Technical Framework)ရေးဆွဲသည့်အခါ ရှုတ်ထွေးလာနိုင်ဖွယ်ရှိသည့်အတွက် ယခုထက် ပိုမိုဆွေးနွေးရဦးမည် ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) ဒုတိယအဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက စက် တင်ဘာ ၂၇ရက်နေ့တွင် ပြောသည်။
ရှမ်းနှင့် ကချင်ပြည်နယ် လူငယ် ကွန်ယက် များမှ မူးယစ် တိုက်ဖျက်ရေး လှုပ်ရှားမှု လုပ်ဆောင်
(ရွှေဟင်္သာသတင်းဌာန)
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌ ဒေသခံ ပြည်သူများ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို များပြား လာနေ သဖြင့် ပြည်နယ် ဒေသခံ လူငယ် ကွန်ယက် အဖွဲ့ များမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ရပ်အား ယနေ့၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် များ၌ လုပ်ဆောင် ခဲ့ကြ သည်ဟု ဒေသခံ လူငယ်ကွန်ယက် အဖွဲ့ ခေါင်းဆောင် များမှ ပြောသည်။
ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်တွင်း ဒေသ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား သုံးစွဲမှု များပြား လာခြင်းကို ဆန့်ကျင် တိုက်ဖျက်သည့် အားဖြင့် ကချင် လူငယ် ကွန်ယက် အဖွဲ့ဝင် (၆၀၀) ကျော်မှ စက်တင်ဘာ (၂၉) ရက်နေ့ နံနက်တွင် ဖါးကန့် မြို့နယ် ဝေခါ ဒေသတွင် ဆန္ဒပြ ခဲ့ကြ သည်ဟု ကချင် ဒေသခံ ကိုဘရန်မိုင်က ပြောသည်။
တိုက်ပွဲတွေ ဘာကြောင့် ပြန်ဖြစ်လာသလဲ
(Mizzima)
ပြီးခဲ့တဲ့အပတ်က မြဝတီမှာ ဒီကေဘီအေတပ်ဖွဲ့က အရာရှိတစ်ယောက် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး နောက် အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နဲ့ မြဝတီမြို့တွေမှာ လက်နက်ကိုင် ပဋိပက္ခ တွေ ထပ်ပြီးဖြစ်ပွားခဲ့ပါတယ်။ ကျိုက်မရောဘက်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခမှာတော့ ပိုပြီးအရုပ်ဆိုး အကျည်းတန်တဲ့၊ နောက်ဆက်တွဲ ဖြေရှင်းကြေအေးဖို့ ခက်ခဲတဲ့ ပြဿနာမျိုး ဖြစ်ခဲ့တာမို့ မြန်မြန်ဆန်ဆန် ငြိမ်းအေးသွားဖို့တော့ မမြင်တွေ့ရပါဘူး။ အစိုးရနဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တချို့ ခုလိုတင်း မာမှုမျိုး ဘာလို့ဖြစ် လာရသလဲ၊ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။
တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်
(Mizzima)
ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA) နှင့် တိုက်ပွဲများ တွင် တပ်မတော် ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။
“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
PUTAO HPYEN YEN NI MALU MASHA YAK
(EEDY)
Putao Ginwang hta hpyen yen nga ai mung shawa 100 jan malu masha mayak hkrum nga ai lam chye lu ai.
Putao Ginwang Machan Baw hte Nawng Hkai nawku jawng hta shanu nga ai hpyen yen 100 jan hpe lani mi shat mai gumhpraw mun lahkawng hku na sha Putao nawku jawng kaw nna garum ai alu gumhpraw hte, sha nga ai rai nna n law ai re majaw shani rai yang nam de na si mai ni tam sha let nga ai hpe Machan Baw Hpyen yen Komiti Salang Naw Seng tsun ai kawn chye lu ai.
PUTAO NLUNG BAREN HPE MI NA RAW BAI TAWN NA MATU MYEN ASUYA SALANG NI HPE HKRUM SHAGA NA
(EEDY)
Myen asuya hpyen dap ni Putao ginwang Machan Baw kaw nlung san san hte byin nga ai labau shang nlung baren hpe 2014 July shata kaw nna colour bang gram jashai ai hte baren baw shakap rai gram nga ai hpe chye lu ai.
Ya na zawn labau shang nlung baren hpe majoi gram jashai kau ya ai majaw mi na raw bai galaw na matu Putao Jinghpaw Htunghking hte Laili laika hpung, Putao Lisu Htunghking hte Laili laika hpung ni Putao kaw na Myen asuya Salang ni hte hkrum shaga na matu Htunghking hpung kata myit hkrum da sai re lam chye lu ai.
ခရစ်ယာန်အသင်းတော်များ ဦးဆောင်၍ ကချင်ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆန္ဒထုတ်ဖော်
(ကချင်သတင်းဌာန)
ကချင်ပြည်နယ် ဖားကန့် မြို့နယ် ဆိတ်မူကျေးရွာ အုပ်စုမှ ဒေသခံ များ မူးယစ်ဆေး ဝါး တိုက် ဖျက်ရေး ဆန္ဒဖော် ထုတ်မှုများ ယနေ့ စက်တင် ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်ခဲ့ သည် ဟု ဆန္ဒဖော်ထုတ်သူများထံမှ သိရသည်။
ယနေ့ နံနက် ၈ နာရီမှ ၁၂ နာရီထိ ခရစ်ယာန် ဘာသာရေး ဂိုဏ်းပေါင်းစုံနှင့် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ဦးဆောင်၍ ဆိတ်မူကျေးရွာအုပ်စု ဝေခါကျေးရွာမှ မဂါးပါ၊ ဆပ်ပြာချောင်း၊ မော်ကလုံ၊ ဂျန်ဂါကျေးရွာထိ ၁၂ မိုင်ခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။
Monday, September 29, 2014
ငြိမ်းချမ်းရေးစစ်တမ်း (၈)။ ဖက်ဒရယ် တပ်မတော် ဖွဲ့ စည်းရေး နဲ့  ငြိမ်းချမ်းရေး ဆက်စပ်မှု
(Aung Htoo)
ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ဖွဲ့ စည်းရေး ကို လာမည့် နိုင်ငံရေးဆွေးနွေးပွဲတွင်ထည့်သွင်း ဆွေးနွေး ရန် သဘောတူထားခဲ့ပြီးမှ မြန်မာ့တပ်မတော်ဘက်က ပြန်လည်ဖျက်သိမ်းလိုက်ကြောင်းကြားရသည်။စစ်အစိုးရ နှင့် မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်များကတိမတည်ဟု တဘက်က အဆိုးမြင်နိုင်သော်လည်းအခုရှုပ်မှ နောင်ရှင်း ဟူသည့် မြန်မာဆိုရိုးစကားရှုဒေါင့်မှ ကြည့်လျှင်မူအကောင်း မြင်နိုင်ပါမည်။တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ များပါ ပါဝင်ဖွဲ့ စည်းမည့်အခြေခံတွင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဖွဲ့ စည်းရေးကို ၄င်းတို့အနေဖြင့် အတိအကျ သဘောတူနိုင် မတူနိုင်ဟူသည့်အပေါ် ရှင်းရှင်းလင်းလင်းရှိစေရန် ဆက်လက်ဆွေးနွေးခွင့်ရမည် ဖြစ်သောကြောင့်ပင်။ ယခုကဲ့သို့ ဘက်နှစ်ဘက် ဆွေးနွေးခွင့်ရနေသည့် အချိန်တွင် ယင်းကိစ္စအာမခံချက်ရရှိထားမှ သာလာမည့် နိုင်ငံရေး ဆွေးနွေးပွဲမှာ အကျိုးရှိပါမည်။
ဥပဒေအထောက်အကူပြုကွန်ရက်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဥပဒေစိုးမိုးရေး နှင့် လူ့ အခွင့်အရေးရှုဒေါင့်မှ သုံးသပ် ထုတ်ပြန်ချက် (၁)
(Aung Htoo)
 ”ကြားကာလ အတွင်း သဘာဝသယံဇာတများကိုစီမံခန့် ခွဲခြင်း”                                                               
ဖားကန့် မူးယစ်ဆေးရောင်းဝယ်ဖောက်ကားသူအား ဖမ်းမိရာမှ တပ်ကြပ်နှစ်ဦးပါဖမ်းမိ
(Kachin Waves)
ကချင်ပြည်နယ် ဖားကန့်မြို့တွင် အောက်တိုဘာလ ၂၆ ၂၀၁၄ ၌ မော်ဝမ်းရပ်ကွက် ဒေသခံမူးယစ် တိုက် ဖျက် ရေး အဖွဲ့ နှင့် မြို့နယ်ရဲတပ်ဖွဲ့ ၊မူးယစ်ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်းကာ မူးယစ်ဆေးရောင်းဝယ်သူ မဖင်ကြီး(ခေါ်) ခင်ဌေးမြင့် အပါအဝင် လာရောက်ဝယ်ယူသူ ဒေါ်အင်ခွန်လု ၊တပ်ကြပ် ဦးမင်းဇော် နှင့် ဒုတပ်ကြပ် ဦးသန့်ဇင်ဦး တို့အား ဖမ်းဆီးခဲ့ကြောင်းသတင်းရရှိသည်။
“ တိုက်ငါးလုံးဗူး ငါးဗူး ပိုက်ဆံ လေးသောင်းသုံးထောင် ဖမ်းမိတယ်။” ဟုမော်ဝမ်းမူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုနော်ဆိုင်းမှဆိုသည်။
မဖင်ကြီး (ခေါ်) ခင်ဌေးမြင့်အား ဖမ်းဆီးရန်အတွက် နံနက် ၅ နာရီခန့်မှ စတင်ပြင်ဆင်ခဲ့သော်လည်း ၈ နာရီမှ ဖမ်းဆီးရမိကြောင်းလည်းဆိုသည်။
နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါက လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းမည်မဟုတ်ဟု NCCT ဆို
(Mizzima)
အပစ် အခတ်ရပ် စဲပြီးနောက် ပြည်နယ်နှင့် တိုင်း အသီးသီးရှိ တိုင်းရင်းသား များ အရေးနှင့် နိုင်ငံရေး ကိစ္စရပ်များ ဆွေးနွေး မှု ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲ မစနိုင်ပါ က  တိုင်းရင်းသားများ၏ လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းသွားမည် မဟုတ်ဟု တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။
ရန်ကုန်မြို့၊ရွှေလီလမ်းတွင် ကျင်းပသည့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်များ၊ NCCT အဖွဲ့ဝင်များနှင့် နိုင် ငံရေးပါတီများ သုံးပွင့်ဆိုင်တွေ့ဆုံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြို ဆွေးနွေးပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည် ။