Saturday, September 13, 2014

ပယင်းကျောက်တူးဖော်ရေးများ ရပ်ဆိုင်းပြီးနောက် ဈေးနှုန်းမြင့်တက်

(7 days)

တနိုင်းမြို့နယ် အတွင်း ရှိ ပယင်းကျောက်တူးဖော်ရေး လုပ်ငန်း ရပ်ဆိုင်းလိုက်ပြီးနောက် ပယင်းကျောက်ဈေးနှုန်းများ ပို မြင့်တက်လာကြောင်း သတင်း ရရှိသည်။

‘‘မှော်ပိတ်လိုက် တဲ့ နောက် ပိုင်း ပယင်းဈေးတွေက တက် လာတယ်။ ခါတိုင်းဆို အညံ့စား ကို တစ်သောင်းလောက်နဲ့ ၀ယ် လိုရတဲ့ဟာ အခုက သုံး၊ လေး၊ ငါး သောင်းထိ ဖြစ်လာတယ်။ အရည်အသွေးကောင်းရင် ကောင်းသလို သိန်းဆယ်ချီပေးပြီး ၀ယ်ရောင်းနေကြတယ်’’ဟု တနိုင်းမြို့မှ ကိုဆန်းက ပြောသည်။

ကေအန်ယူကို ယူအန်အက်ဖ်စီနှင့် ပြန်လည်လက်တွဲရန် ကရင်ပြည်သူများ လိုလား

(DVB)

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အနေနဲ့ ညီညွတ်သာ တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) အတွင်းပြန်လည် လက်တွဲဆောင်ရွက်ဖို့ ကရင်နိုင်ငံရေး ပါတီ၊ လူမှုအဖွဲ့အစည်းတွေက လိုလားနေကြပါတယ်။

 ကေအန်ယူအနေနဲ့ ယူအန်အက်ဖ်စီအဖွဲ့ကနေ ယာယီရပ်ဆိုင်းခဲ့ပြီးနောက် ကရင် ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေက ယူအန်အက်စီနဲ့ ပြန်လည် ပူးပေါင်းစေလိုကြတာဖြစ်ပါတယ်။

NCCT အစည်းအဝေး တွင် တပ်နေရာချထားရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်

(ကချင်သတင်းဌာန)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)က ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တွေ့ဆုံရန် တပ်နေရာချထားရေး အပါအဝင်ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့သည်ဟု NCCT ၏ ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်း က ပြောသည်။

“ရှေ့လုပ်ငန်းစဉ်ဆိုတဲ့နေရာမှာ ဆက်ပြီးညှိနှိုင်းရမဲ့အပိုင်းတွေပါတယ်။ ရှေ့လုပ်ငန်းစဉ်ဆိုတာနောက်ဆုံး ဆွေးနွေးပွဲကနေ ဆုံးဖြတ်ပြီးတော့ ဆက်လက် ဆောင်ရွက်ရမဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဆိုလိုတဲ့သဘောက တပ် နေရာချထားရေးကိစ္စ၊ ဒီမှာကျတော့ ရှေ့ဆက်အကောင်အထည်ဖော်ရမဲ့ ပူးတွဲအလုပ်အဖွဲ့တွေ ဖွဲ့ပြီးတော့ ဆက်လက် ညှိနှိုင်းပြီးတော့ တင်ပြမှာ ဖြစ်တယ်။ ကျနော်တို့ဘက်မှာ ပြင်ဆင်မှုတွေရှိတယ်” ဟု ပဒိုကွယ်ထူးဝင်း က ပြောသည်။

Thursday, September 11, 2014

ဖားကန့်တွင် မြေစာသွန်ချမှုကြောင့် လူ ၁ ဦး သေဆုံး

(DVB)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ကရင်ချောင်ကျေးရွာမှာ  ဟုန်ပန်းလို့ ခေါ်တဲ့ မြန်မာတကောင်းကုမ္ပဏီက အချက်မပေးပဲမြေစာတွေ သွန်ချတာကြောင့် အနီးနားမှာ ရေမဆေးကျောက်ရှာနေတဲ့ ကိုရှမ်းလေးခေါ် ကိုရန်လင်းအောင် အသက် (၂၅) နှစ် ရဲ့ ဦးခေါင်းကို ခဲထိမှန်ပြီး ဒီနေ့မနက် ၁၀ နာရီလောက်က သေဆုံးခဲ့ပါတယ်။

ဖားကန့်မှာ ကုမ္ပဏီတွေက စွန်ပစ်တဲ့ မြေစာတွေပေါ်မှာ တနိုင်တ ပိုင် ရေမဆေးကျောက် ရှာသူ အများအပြားရှိပြီး ကုမ္ပဏီတွေအနေနဲ့ လည်း မြေစာသွန်ချိန်မှာ ခရာမှုတ်အသိပေးရ တယ်လို့ ဒေသခံ ဦးရွှေသိန်း က ပြောပါတယ်။

UNFC မှ KNU မနှုတ်ထွက်စေလိုဟု KWU တိုက်တွန်း

လွတ်လပ်သော မွန်သတင်းအေဂျင်စီ 
 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း ၁၁ ဖွဲ့ဖြင့်ဖွဲ့စည်းထားခဲ့သော ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ(UNFC)တွင်းမှ ယာယီရပ်ဆိုင်းလိုက်သော ကရင်အမျိုးအသားအစည်းအရုံး(KNU) အားမနှုတ်ထွက်စေလိုဟု ကရင်အမျိုးသမီးအစည်းအရုံး (KWU) မှ ပြောရေးဆိုခွင့်ရှိသူ နော်အုန်းလှက တိုက်တွန်းလိုက်သည်။

“အခု ရပ်ဆိုင်းထားတာက ဥက္ကဌ မူတူးစေဖိုးသဘောထားပဲ လက်မှတ်ထိုးထား တာဖြစ်တဲ့ အတွက် တစ်ဦး တစ်ယောက်ရဲ့ သဘောထားပဲဖြစ်တယ်၊ KNU ရဲ့သဘောထား မဖြစ်တဲ့အတွက် ပြန်ပြီးတော့ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်” ဟုပြောသည်။

အပစ်ရပ်ရေး ဆွေးနွေးချက်များ ပြန်လည်သုံးသပ်ရန် NCCT အကြို ဆွေးနွေး

(ကချင်သတင်းဌာန)

တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးချက် များကို ပြန်လည် သုံးသပ်ရန် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ၏ အကြို ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် စတင်ကျင်းပနေသည်။

၁၃ ကြိမ်မြောက် NCCT ၏ ဆွေးနွေးပွဲတွင် ပြီးခဲ့သည့်သြဂုတ်လ ၁၅-၁၇ ရက်နေ့များတွင် ပြည်ထောင်စု အစိုးရ ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ UWPC နှင့်NCCT တို့၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ညှိနှိုင်းဆွေးနွေးပွဲအပေါ် ပြန်လည်သုံးသပ်ကြခြင်း ဖြစ်သည် ဟု NCCT ၏ ခေါင်းဆောင် နိုင်ဟံသာ က ပြောသည်။

Tuesday, September 9, 2014

မြန်မာအစိုးရတပ်များ ကျေးရွာများအနီး စခန်း ချလာသောကြောင့် ရွာသားများ စိုးရိမ်

(Lachid Kachin)

ရှမ်းပြည်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄)နယ်မြေ ဘန်နွယ်ကျေးရွာ တစ်လျှောက် တွင် မြန်မာအစိုးရများ တပ်စခန်းထိုင်ရန် နေရာ လိုက်လံကြည့်ရှုကာ စီစဉ်ဆောင် ရွက်နေခြင်းကြောင့် အနီးပါတ်ဝန်း ကျင်ကျေးရွာ များမျ ရွာသူရွာသားများ စိုးရိမ် ထိတ်လန့် ကာ အခက်တွေ့ နေကြကြောင်း သိရသည်။

UNFC မှ KNU နုတ်ထွက်ရတဲ့ ပြသနာ

(VOA)
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ထိုင်း-မြန်မာနယ်စပ်မှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံနဲ့ အနီးကပ် တော်လှန်ရေး၊ နိုင်ငံရေး လှုပ်ရှားမှုတွေ လုပ်ကိုင်ခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ကို ဗွီအိုအေမြန်မာသတင်း ဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

Monday, September 8, 2014

ရှမ်းမြောက် KIA တပ်မဟာ(၄) တွင် တိုက်ပွဲဖြစ်

(Lachid Kachin) (Myutsawkasa)

ရှမ်းပြည်မြောက်ပိုင်းKIA တပ်မဟာ(၄) လက်အောက်ခံ
KIA, တပ်ရင်း (၉) နယ်မြေ ဖြစ်သောဟူးဖြတ်ကျေးရွာ
အနီးသို့ (၂၀၁၄၊စက်တင်ဘာ(၆)ရက် ယမာန်နေ့  နေ့ 
လည်ပိုင်း တွင် KIA တပ် ဖွဲ့ များနှင့်  မြန်မာအစိုးရတပ်
(ခမရ-၃၂၃) တပ် တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း
သတင်းရရှိပါသည် ။

KIA နဲ့ အစိုးရတပ် ထိပ်တိုက်ရင်ဆိုင်မှု ရှောင်ရှားရေး ဆွေးနွေး

(VOA)

အစိုးရနဲ့ ကချင် လွတ်လပ်ရေး အဖွဲ့ KIO တို့ရဲ့ ပဋိပက္ခဖြေရှင်းရေး အဖွဲ့ ကိုယ်စား လှယ်တွေ ဒီ ကနေ့ မြစ်ကြီး နားမြို့မှာ တွေ့ဆုံဆွေးနွေး ရာမှာ တပ်ပိုင်း ဆိုင်ရာ ကိစ္စ၊ မူးယစ်ဆေးဝါး ကိစ္စ၊ မကြာမီက ပြန်လည်ဖွင့်လှစ်လိုက်တဲ့ ဖားကန့်ကျောက်စိမ်းတွင်း ကိစ္စနဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကျောက်မျက်လုပ်ငန်းရှင် အချို့ကို KIA ခေါ်တွေ့

(7 days news)

ကေအိုင်အေက ဖားကန့်ဒေသ ရှိ ကျောက်မျက် တူးဖော် ရေးကုမ္ပဏီအချို့ ကို ခေါ် ယူတွေ့ ဆုံခဲ့ကြောင်း သတင်းရရှိ သည်။

ဖားကန့်ကျောက် စိမ်းလုပ် ကွက်များပြန် လည်ခွင့်ပြုခဲ့ခြင်း နှင့် စပ်လျဉ်း၍ ၎င်းတို့နှင့် ရင်းနှီး သည့် ဆက်ဆံရေး ရှိသော ကုမ္ပ ဏီအချို့ကို ကေအိုင်အေတပ် မဟာ (၂) လက်အောက်တပ်ရင်း(၆) က ခေါ်ယူတွေ့ဆုံပြီး ကုမ္ပဏီများ၏ သဘောထားအမြင်များ ကို မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ကေအိုင် အိုထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကပြောသည်။

ကားမိုင်းမြို့အတွင်း မူးယစ်ဆေးဝါးတားဆီးရေးပညာပေးဆိုင်းဘုတ်တင်လှုပ်ရှားမှု

(Jinghpawkasa)

ကားမိုင်းမြို့ တွင် ဘိန်းမဲ၊ ဘိန်းဖြူ နှင့်ဆေးပြား (ရာမ) ရောင်းဝယ်မှု များပြားသောကြောင့် လူငယ်များ၊ အိမ်ထောင်သည်အမျိုးသားများ မူးယစ်ဆေးဝါး ၏ ကျေးကျွန်ဖြစ်နေ၍ အိမ်ထောင်ရေးပြဿနာ၊ လူမှုစီးပွားရေးပြဿနာ၊ကိုယ် ကျင့်တရားပိုင်းဆိုင်ရာပြသနာ၊ ကျန်းမာရေး ပြသနာ၊ ပညာရေးပြသနာ အမျိုးမျိုးကြုံတွေ့နေရပါသည်။ သို့ဖြစ်ပါေ၍ ကားမိုင်းမြို့အတွင်းရှိ ကျေးရွာအုပ်စုများဖြစ်ကြသောေ ဂ်ါရီကျေးရွာအုပ်စု၊ ကောင်ရာကျေးရွာအုပ်စု၊ နန့်စီးအင်းကျေးရွာအုပ်စု၊ ကထန်ယန်ကျေးရွာအုပ်စု၊ နန့်ယားကျေးရွာအုပ်စု၊ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရော်ကျေးရွာအုပ်စုရှိ ရွာပေါင်း (၁၀) ကျော် ဖြစ်သော ဂေါ်ရီကျေးရွာမှ နန့်တိန့်ကျေးရွာအထိ၊ ဖားကန့်လမ်းတစ်လျှောက် ခရစ်ယာန်အသင်းတော်ဘုရားကျောင်းဝင်၌ မူးယစ်ဆေးဝါးတားဆီးရေးပညာပေးဆိုင်းဘုတ် (Drug Awarness poster Campaign) Vinyl (၆၀) ကို စိုက်ထူထားကြပါသည်။ ကျေးရွာတိုင်း၊ ရပ်ကွက်တိုင်းတွင်လည်း မူးယစ်ဆေးဝါး တားဆီးရေးကော်မတီများ အခိုင်အမာဖွင့်လှစ်ခြင်းကို ၂လည်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရနှင့် KIO နှစ်ဖက် ပဋိပက္ခညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီးနောက် တိုက်ပွဲ လျှော့နည်း လာ ဟု ဆို

(ကချင်သတင်းဌာန)

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် အစိုးရ တို့ နှစ်ဖက် သဘောတူညီဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့တို့ ဖွဲ့စည်းပြီးနောက် နှစ်ဖက် တိုက်ပွဲ လျှော့ကျရေးဆွေးနွေးခဲ့ကြပြီး တိုက်ပွဲဖြစ်ပွားမှု  ၉၅ ရာခိုင်နှုန်း လျှော့နည်းခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

၎င်းတို့၏ တစ်လတကြိမ် ကျင်းပသော ပုံမှန်စည်းဝေးကို ကေအိုင်အို နည်းပညာအထောက် အကူပြုအဖွဲ့ (Technical Team) ရုံးခန်းတွင် ယမန်နေ့ စက်တင်ဘာလ ၅ ရက် မွန်လွဲပိုင်း ၃ နာရီမှာ ၅ နာရီကျော်ထိ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးခြင်းတွေ့ဆုံဆွေးနွေးမှုတွင် စစ်ပွဲလျှော့ချရေး အပါအဝင် မူးယစ်ဆေးဝါး ပပျောက်ရေးများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။