Friday, September 5, 2014

ရဲအရာရှိများ တပ်မတော်အရာရှိများအား အခွန်ဆောင်ပြီး မူးယစ်ရောင်းစားနေသည့် ဖားကန့်မော်ဝမ်းမှ မူးယစ်ဒိုင်တစ်ယောက်အားဖမ်းမိ

(Kachin Waves)

ဖားကန့်မြို့နယ် မော်ဝမ်းရပ်ကွက် ဒေသခံဆေးဝါးတိုက်ဖျက်ရေးကော်မတီမှ မူးယစ်ဆေးဝါး ဒိုင်ချုပ်တစ်ခုဖြစ်သော မာမီအောင်ကို ဖမ်းမိထားပြီဖြစ်ကြောင်းသတင်းရရှိသည်။ ထိုသူအနှင့် လောလောဆဲ အချိန်တွင် ငွေကျပ်သိန်း ၅၀ နှင့် ရာမ များလည်း ဖမ်းမိထားပြီဖြစ်ကြောင်းလည်းသိရသည်။

မိုင်းနားစစ်ဘေးဒုက္ခသည် စခန်းတွင် အိမ်သာမလုံလောက်သဖြင့် ဒုက္ခသည်များအခက်ကြုံ

(Kachin waves)

ကချင်ပြည် နယ် ဝိုင်းမော်မြို့ နယ်ရှိ လူဦးရေ (၂၃၀၀)ကျော် နေထိုင် သည့် မိုင်းနား ကချင်နှစ်ခြင်း ခရစ်ယာန် ဒုက္ခသည် စခန်း(KBC) တွင် အိမ်သာ အလုံး (၆၀)သာရှိ၍ လုံလောက်မှုမရှိဖြစ်နေကြောင်း သတင်းရရှိသည်။
“တစ်ခါတစ်လေ ဗိုက်နာရင်ဆို အရမ်းဒုက္ခရောက်တယ်။

ဒုက္ခရောက်တယ်ဆိုတာကတော့ တစ်ယောက်ကိစ္စ္စမပြီး ခင်မှာ
တစ်ယောက်ပြန်တက်ချင်လာတာပေါ့။ အဲဒီတော့ လုတက်ရတဲ့အထိဖြစ်လာတာပေါ့။” ဟုဒုက္ခသည် ဒေါ်နန်နော့ထုဘူကပြောသည်။

KNU တပ်ပေါင်းစုကို ပြန်လာမလား

(ဧရာဝတီ)

တပ်ပေါင်းစု လို့ ခေါ်တဲ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖြစ်က ယာယီ ရပ်ဆိုင်း ခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ကို UNFC ခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး နယ်ပယ် အသီးသီးက ခေါင်းဆောင် တွေက ပြန်လည် ပေါင်းစည်းစေလို ကြပါတယ်။
UNFC အဖွဲ့နဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု အရှိန် ရလာချိန်မှာပဲ အဖွဲ့အတွင်းက အင်အားကြီး အဖွဲ့ဝင် တဖွဲ့ဖြစ်တဲ့ KNU က အခုလို ထွက်ခွာသွားတာကြောင့် တိုင်းရင်းသား စည်းလုံး ညီညွှတ်မှုကို ပြိုကွဲစေတဲ့ အနေအထားတွေ ဖြစ်လာမှာကို ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး အသိုင်းအဝိုင်းက စိုးရိမ်နေကြပါတယ်။

ခရစ်ယာန်ဘာသာရေး ဆရာများအား ဗမာစစ်တပ်မှခေါ်ယူသတိပေး

(Jinghpawkasa)

မိုးညင်းမြို့နယ်၊ အင်းတော် ကြီးဒေသ၊ နမ်းမွန်းကျေး ရွာ ခရစ်ယာန် ဓမ္မဆရာများ အား KIA တပ်စခန်းများသို့ မသွားကြ ရန် ခေါ်ယူ ခြိမ်းခြောက် သတိပေး ကြောင်း သိရသည်။

Thursday, September 4, 2014

မန္တလေး- မြစ်ကြီးနားလမ်းပိုင်း အဆင့်မြှင့်ရန် တရုတ် EXIM ဘဏ်က ငွေချေးမည်

(DVB)

မြန်မာပြည်အလယ်ပိုင်း မန္တလေးနဲ့ မြောက်ပိုင်း ကချင်ပြည် နယ် မြစ်ကြီးနားမြို့ ကို ဆက်သွယ်ထားတဲ့ အဓိက ရထားလမ်းပိုင်းကို တရုတ်နိုင်ငံ EXIM ဘဏ်ဆီက ချေးငွေ ရယူပြီး အဆင့်မြှင့် တင်သွားမယ်လို့ နေပြည်တော်ရုံး မြန်မာ့မီးရထားဌာန တာဝန်ရှိသူ တဦးက အတည်ပြုပြောဆိုပါတယ်။

ဖားကန့်တွင် ကျောက်တူးလုပ်ငန်း မစနိုင်သေး

(DVB)

စက်တင် ဘာ ၁ ရက်နေ့ကစ ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်း တူးဖော်ရေး လုပ် ငန်းတွေ လုပ်ကိုင်ခွင့် ရပြီ ဖြစ်ပေမယ့် စစ်ပွဲ အခြေအနေ၊ ရာသီဥတု အခြေအနေတွေ အရ လုပ်ငန်းတွေ စတင်နိုင်ခြင်း မရှိသေး ဘူးလို့ ကျောက်စိမ်းရတနာမြေ ကုမ္ပဏီမှ ဦးလင်းသော်နိုင်က ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ အခြေအနေအရ ဖားကန့်ကို သွားလာရ ခက်ခဲနေတာ၊ အစိုးရတပ်နဲ့ ကေအိုင်အေ
တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်မဖြစ် မသေချာတာ စတဲ့ အချက်တွေကြောင့် လုပ်ငန်း မစတင်နိုင်သေးပဲ အခြေအနေ စောင့်ကြည့်နေရတာလို့ ဆိုပါတယ်။ 


UNFC ပထမဆုံး အကြိမ်ညီလာခံ ၏ ထုတ်ပြန်ကြေငြာချက်

UNFC အစည်းအဝေးမှ အဖွဲ့ဝင်များ ရာထူးသစ် ပြန်လည်ခန့်အပ်

(ကချင်သတင်းဌာန)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ အဖြစ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကို ထပ်မံ တင်မြောက်လိုက်ပြီး ဒုဥက္ကဌ(၂) နေရာကို ကရင်အမျိုးသားအစည်းအရုံး KNU ရွေးချယ် တင်မြောက်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော  ပထမဆုံးအကြိမ် UNFC ၏ ညီလာခံကို ခုနှစ်ရက်ကြာကျင်းပပြီးနောက် စက်တင်ဘာလ ၂ ရက်နေ့တွင် ၁၂ ဦးပါ ကော်မတီအသစ်ကို လျို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်တင်မြောက်လိုက်ခြင်း ဖြစ်သည်။

UNFC အဖွဲ့ဝင်သစ်များလက်ခံကာ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုသို့ ဦးတည်ရန် ဆွေးနွေးခဲ့

(ကချင်သတင်းဌာန)

မြန်မာနိုင်ငံ အမျိုးသား မဟာမိတ် တပ်မတော် MNDAA ကိုးကန့်အဖွဲ့ကို ညီညွတ်သော  တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ တရားဝင် အဖွဲ့ဝင်အဖြစ် သဘောတူ ဆုံးဖြတ်ချက်များအပါအဝင် အချက် ၆ ချက်ကို ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်ဟု UNFC ခေါင်းဆောင်များက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသော  ပထမဆုံးအကြိမ် UNFC ၏ ညီလာခံကို သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာ ၂ ရက်နေ့ထိ ခုနှစ်ရက်ကြာကျင်းပပြီးနောက် ယနေ့ စက်ဘင်ဘာလ ၃ ရက်နေ့တွင်သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။

ကချင်ဒီမိုကရက်တစ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲ ၃ နေရာယှဉ်ပြိုင်မည်

(ကချင်သတင်းဌာန)

မြစ်ကြီးနား — ကချင် ဒီမိုကရက်တစ် ပါတီ (KDP) သည် ၂၀၁၄ ခုနှစ် လာမည့် အောက် တိုဘာလ ကြားဖြတ်ရွေးကောက်ပွဲ တွင် နေရာ ၃ နေရာတွင် ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်းသိရှိရသည်။

KDP ပါတီမှ ပြည်နယ်လွှတ်တော်ဖြင့် ဝိုင်းမော်မြို့နယ်၊ ပြည့်သူ့လွှတ်တော်ဖြင့် ဗန်းမော်၊ မိုးကောင်းနှင့် ဖားကန်ဒေသများတွင် ယှဉ်ပြိုင်သွားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကချင်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဦးဂွမ်ဂရောင် အောင်ခမ်း KNG ကချင်သတင်းဌာန သို့ ပြောသည်။

Wednesday, September 3, 2014

မနောပွဲတော် ကျင်းပရန် ကချင်တိုင်းရင်သားများအကြား ကွဲလွဲမှုဖြစ်နေ

(Mizzima)

သုံးနှစ်ကြာ ရပ်ဆိုင်းထားခဲ့သော ကချင်မနောပွဲတော်ကို ကျင်းပရန် ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်နေသော်လည်း ရိုးရာအစဉ်အလာအရ ကချင်လူမျိုးများ စာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်သာ ပြုလုပ်ရန် ကချင်တိုင်းရင်းသားများက လိုလားသည်ဟု ဇိုင်ဝါးမျိုးနွယ်စု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလနူးက မဇ္ဈိမကို ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့သည် ၂၀၁၅ခုနှစ်တွင် ၆၇ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတော်ကို ကျင်းပရန်  ၂၀၁၁ခုနှစ်က ဖွဲ့စည်းခဲ့သော မနောပွဲတော် ဖြစ်မြောက်ရေး ကော်မတီကို  သြဂုတ်လ၈ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးတွင် တာဝန်ပေးခဲ့၍ ကချင် တိုင်းရင်းသား မျိုးနွယ်စုဝင် ၆ခုနှင့် သဘောထားကွဲပြားမှု ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကို မဖျက်ဆီးကြပါနဲ့

(Mizzima)

အခုရက်ပိုင်း ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိတ်မကောင်း စရာ သတင်း တစ်ပုဒ် ထွက်ပေါ် လာပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ UNFC  ညီလာခံထဲမှာ အကွဲအပြဲ သဘောမတူညီမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းပါ။ ညီလာခံ ပြန်စတဲ့ သြဂုတ် ၃၁ ရက်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ညီလာခံ ဆက်မတက်ဘဲ ထွက်ခွာသွားခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပေမယ့် KNU အဖွဲ့ ခေါင်းဆောင်တွေဘက်က တစ်စုံတစ်ရာတုံ့ပြန် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ ဒီဖြစ်ရပ်ဟာ အစိုးရနဲ့လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို ထိခိုက်နိုင်မလားဆွေးနွေးပါမယ်။

UNFC ဥက္ကဋ္ဌသစ်အဖြစ်လက်ရှိ ဥက္ကဋ္ဌဟောင်းအား ပြန်လည်ရွေးချယ်တင်မြှောက်

(သျှမ်းသံတော်ဆင့်)

တိုင်းရင်း သားတော်လှန်ရေး တပ်ဖွဲ့များနှင့် ဖွဲ့စည်း ထားသည့် ညီညွှတ်သော တိုင်းရင်း သားလူမျိုး များ ဖက်ဒရယ်ကောင် စီ UNFC ၏ ဥက္ကဋ္ဌသစ် အဖြစ်  လက်ရှိဥက္ကဋ္ဌ တာဝန် ထမ်းဆောင်နေသော  အဲန်ဘန်းလ အား ညီလာခံ မှ ပြန်လည်ရွေးချယ် တင်မြှောက် လိုက်ကြောင်း သိရှိရပါ သည်။

KNU ပြန်ပါဝင်ရေး ကြိုးစားဖို့ UNFC ညီလာခံ ဆုံးဖြတ်

(RFA)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပပြီး ဆုံး သွားတဲ့ ညီညွတ်သော တိုင်းရင်း သား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ပထမအကြိမ် ညီလာခံ ကနေ တိုင်းရင်းသား အားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ စက်တင်ဘာ ၂ ရက်နေ့က ဆုံးဖြတ်ခဲ့ကြပြီး UNFC အဖွဲ့ကိုဦးဆောင်မယ့် ဗဟိုအလုပ်အမှုဆောင် ကော်မတီသစ်ကိုလည်း ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။

Tuesday, September 2, 2014

တိုင်းရင်းသားတွေ မကွဲကြပါနဲ့

(Irrawaddy)

အခုလပိုင်း ရက်ပိုင်း ပြည် တွင်း နိုင်ငံရေး ပါတီတွေ ကိုကြည့်ရင် လာမယ့် ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကြီးမှာ ပါဝင်ဖို့အရေး စိတ်အားထက် သန်နေကြတာ တွေ့ရပါတယ်။ MPC လို့ခေါ် တဲ့ ငြိမ်းချမ်းရေးစင်တာ အလွတ် သဘော ဆွေးနွေး ပွဲတွေမှာ နိုင်ငံရေးပါတီတွေရဲ့ လာမယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုင်ရာ စိတ်ကူးယဉ်မှု ပုံစံတွေ တခုပြီး တခု ထုတ်လာတာတွေ လည်း တွေ့ရပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲကြီးကို ၃ ပွင့်ဆိုင်၊ ၅ ပွင့်ဆိုင်၊ ၉ ပွင့်ဆိုင် စသဖြင့် စိတ်ကူးယဉ်နေကြသလို ပါဝင်မယ့် အရည်အတွက်ကိုတောင် ၁၅၀၀၊ ၁၀၀၀၊ ၅၀၀ စသဖြင့် အကြီးအကျယ် မှန်းဆ ပြောဆို၊ စာတမ်းတွေ ထုတ်နေကြတာ တွေ့ရပါတယ်။ ဒီ ပြောဆိုမှုတွေဟာ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်တွေ အပစ်ရပ် စာချုပ် မူကြမ်းရေးဆွဲ ညှိနှိုင်းနေတာ အောင်မြင်မှု ရလုနီးချိန်မှာ ထွက်ပေါ်လာတာပါ။ လက်ရှိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ သဘောတူညီထားကြတာဟာ တတိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ်တစ်ခု ရေးဆွဲကြမယ်၊ ပြီးရင် လက်မှတ်ရေးထိုးမယ်၊ လက်မှတ်ရေးထိုးပြီးတာနဲ့ သတ်မှတ်ရက် တခုအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ မူဘောင်ဆွေးနွေးပွဲတွေ လုပ်မယ်၊ အဲဒီ ဆွေးနွေးပွဲက ရတဲ့ သဘောတူညီချက်တွေကို အခြေခံပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကြီး ကျင်းပသွားမယ် ဆိုတဲ့ အစီအစဉ်ပါ။

ကချင်အသင်းတော်များ ကချင်ဒေသများ မူးယစ်ဆေးဝါး ကင်းစင်ရေး လုပ်

(ကချင်သတင်းဌာန)

မူးယစ်ဆေးဝါး ကင်းစင်နယ်မြေ အဖြစ် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) Jaw Masat နှစ်ခြင်း အသင်းတော်မှ ဆိုင်းဘုတ်များ စိုက်ထူကာ သြဂုတ်လ ၂၂ ရက်နေ့မှစ၍ မူးယစ်ဆေးဝါး သုံးစွဲသူ များနှင့် ဖြန့်ဝေသူများ အိမ်သို့ သတိပေး ဆုတောင်းခြင်း များပြုလုပ်ပေးနေ သည်။

Jaw Masat နှစ်ခြင်းအသင်းတော်တွင် Maw Tawng (မော်တောင်း)ကျေးရွာ၊ Gaw Nan (ဂေါ့နန်)ကျေးရွာနှင့် ရိုမန်ကက်သလစ်အသင်းတော်များလည်း ပါဝင်ကာ ကျေးရွာတိုင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကော်မတီခွဲများ ဖွဲ့စည်းထားပြီး မူးယစ်ဆေးဝါးသုံးစွဲသူများကို လက်တွေ့ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။

UNFC မှ ကေအင်န်ယူ နုတ်ထွက်ခြင်း တိုင်းရင်းသားညီညွတ်မှုပြိုကွဲနိုင်ဟု ခေါင်းဆောင်များ သတိပေး

(Mizzima)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အဖြစ်မှ ကရင်အမျိုးသားအစည်းအရုံး  ယာယီနုတ်ထွက်သွားသည့်အပေါ် တိုင်းရင်းသားအစုအဖွဲ့များ စိတ်ဝမ်းကွဲနိုင်ခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲနိုင်ခြင်းတို့ ဖြစ်လာနိုင်ပြီး ကောင်းမွန်သည့် လက္ခဏာတစ်ရပ်မဟုတ်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်တို့က သုံးသပ်လိုက်သည်။

UNFC ညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပလျက်ရှိရာ စက်တင်ဘာ ၁ ရက်တွင် UNFC အဖွဲ့ဝင်အဖြစ်မှ ယာယီနုတ်ထွက်ကြောင်း KNU ဥက္ကဋ္ဌဖြစ်သူ မူတူးစေဖိုး၏ လက်မှတ်ဖြင့် အကြောင်းကြားစာ ပေးပို့လိုက်သည့်အပေါ် နိုင်ငံရေးလေ့လာသူများနှင့် ပြည်တွင်း တိုင်းရင်းသားခေါင်းဆောင်များက သတိပေးသုံးသပ်လိုက်ခြင်း ဖြစ်သည်။

တောင်သူများ၏လယ်မြေများအား လုပ်ငန်းရှင်တစ်ဦးမှ သိမ်းဆည်းမှုကြောင့် တောင်သူများမကျေနပ်

(Kachin Waves)

မြစ်ကြီးနားမြို့ နန်ကျင်ကျေးရွာနေ ဒေါ်ရွယ်ဂျီး နှင့် အပေါင်းအပါ (၇) ဦးတို့၏ လယ်မြေလွတ်များအား ဒေါ်ဝိုင်းလုံမှ သိမ်းဆည်းလိုက်သောကြောင့် ၄င်းတို့မှလယ်ယာမြေလုပ်ပိုင်ခွင့် မရတော့သဖြင့် မကျေမနပ်ဖြစ် နေကြောင်း သတင်းရရှိသည်။

ထိုလယ်မြေလွတ်များမှာယခင် ၁၉၈၀ခုနစ် အထိမြေခွန်ပြေစာရထားပြီးဒေါ်ရွယ်ဂျီးအပါအဝင် (၉) ဦးပိုင်ဆိုင်ထား ခြင်း နှင့် ကြံစိုက်ခင်း လုပ်ကိုင်ခဲ့ကြကြောင်းလည်း ဒေါ်ရွယ်ဂျီးမှဆို သည်။

UNFC နဲ့ KNU အကွဲအပြဲ တိုင်းရင်းသားတွေကို အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲစေမလား

(ဧရာဝတီ)

ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ ကျင်းပနေ တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီ လာခံမှာ ကရင် အမျိုးသား အစည်းအရုံး(KNU) က ရုတ်တရက် ထွက်ခွာသွားပြီး စက်တင်ဘာလ ၁ ရက်နေ့မှာတော့ UNFC အဖွဲ့ဝင် အဖြစ် ပါဝင်မှု ရပ်ဆိုင်းကြောင်း KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ကြေညာချက်တစောင် ထုတ်ပြန်လိုက်တာမို့ သမ္မတ ဦးသိန်းစိန် အစိုးရနဲ့ လုပ်ဆောင်နေတဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေကြားမှာ အစိတ်စိတ် အမြွှာမြွှာ ထပ်ကွဲ စေမယ့် အခြေအနေတွေ ဦးတည်လာနေပါတယ်။

Monday, September 1, 2014

UNFC ညီလာခံက KNU ထွက်ခွာမှု ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်

(RFA)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မနေ့က ကျင်းပခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ညီလာခံကနေ  KNU ကရင်အမျိုးသားအစည်းအရုံး ထွက်သွားခဲ့တာနဲ့ ပတ်သက်ပြီး၊ ဝေဖန်ချက်မျိုးစုံ ထွက်ပေါ်နေပါတယ်။

ဒီကိစ္စဟာ နောက်ကွယ်က သွေးထိုးမူတွေကြောင့်ဖြစ် တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တစ်ဦးက RFA ကို ပြောပါတယ်။ အစည်းအဝေးကျင်းပနေချိန်အတွင်း KNU ကိုယ်စားလှယ်အဖွဲ့ကို ဆက်သွယ်ညွှန်ကြားနေ တာတွေ ရှိတယ်လို့ဆိုပါတယ်။

UNFC နှင့် ပူးပေါင်းမှု ယာယီ ရပ်ဆိုင်းရန် KNU တရားဝင် အကြောင်းကြား

(Mizzima)

ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) နှင့် ပူးပေါင်းမှုကို ယာယီဆိုင်းငံ့ပြီး UNFC အဖွဲ့ဝင်အဖြစ် KNUမှ ကိုယ်စားလှယ်
ပေးပို့ခြင်းကိုလည်း ခေတ္တဆိုင်းငံ့ထားရန် တရားဝင် အကြောင်းကြာစာကို စက်တင်ဘာ ၁ရက်က ပို့လိုက်ပြီဟု KNU အထွေထွေ အတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက မဇ္ဈိမကို ပြောသည်။


UNFC အဖွဲ့ဝင်အဖြစ်ပါဝင်မှုမှ KNU ရပ်ဆိုင်းကြောင်း

(ဧရာဝတီ)

ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ ၀င်အဖြစ်မှ ရပ်ဆိုင်းကြောင်း ယနေ့နံနက်က ကြေညာ လိုက်ပြီဖြစ်သည်၊ ဥက္ကဌ စောမူတူးစေဖိုး လက်မှတ် ထိုးထုတ်ပြန်သည့် ကြေ ညာ ချက်တွင် UNFC အနေဖြင့် လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှု မပြုလုပ်ပါက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပူးပေါင်း ဆောင်ရွက်မှုကို ထိခိုက် စေနိုင်သည်ဟု KNUက ယူဆသည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပိုမိုအင်အားတောင့်တင်းစွာဖြင့် မှန်ကန်သည့် အခြေခံပေါ်တွင် ပူးပေါင်းလုပ်ဆောင်မည့် အကြုံပြုချက်များပါသည့် စာတမ်းတစောင်ကို ပထမအကြိမ်ကျင်းပသည့် UNFC အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း၊ ယင်းကိစ္စကို အကြေ အလည် ဆွေးနွေးနိုင်ခြင်း မရှိသည့် အတွက် KNU အနေဖြင့် ညီလာခံကို ဆက်လက်မတက်ရောက်တော့ခြင်းဖြစ်ကြောင်း ၊ထို့အတွက် ရှေ့ညီလာခံအတွက် KNUမှ ကိုယ်စားလှယ်များ စေလွှတ်ခြင်း ပြုလုပ်မည် မဟုတ်တော့ဟုလည်းပါရှိသည်။

ပထမအကြိမ် UNFCအစည်းအဝေး သဘောတူညီချက်မရသဖြင့် KNU ခေါင်းဆောင်တချို့ ညီလာခံမှ ထွက်ခွာ

(ဧရာဝတီ)

ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည့် တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC)၏ ပထမဆုံးအကြိမ် အစည်း အဝေးတွင် ကရင်အမျိုးသားများအစည်းအရုံး(KNU) က တင်ပြသည် UNFC ဖွဲစည်းမှုဆိုင်ရာ အဆိုပြုချက်နှင့် ပတ်သက်၍ သဘောတူညီ ချက်မရသဖြင့်၊ ဗိုလ်ချုပ် ကြီး မူတူး စေးဖိုး ဦးဆောင်သည့် (KNU) အဖွဲ့ဝင်များ ညီလာခံမှ ထွက်ခွာသွားခဲ့ ကြောင်း၊UNFC အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်၊ သို့သော် KNU အနေဖြင့် UNFC ၏ အဖွဲ့ဝင်အဖြစ် ယနေ့ထိ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

UNFC နှင့် KNU မူဝါဒနှင့် အမြင်ကွဲပြားနေသော်လည်း နုတ်ထွက်ရန် မဆုံးဖြတ်သေးဟု KNU ဆို

(Mizzima)


ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ် ကောင်စီ (UNFC)၏ လက်ရှိ စုဖွဲ့မှုနှင့် မူဝါဒများသည် ကရင်အမျိုသားအစည်း အရုံး KUN အဖွဲ့၏ သဘောထားနှင့်မကိုက်ညီသည့် အခြေအနေ အချို့ ရှိသော်လည်း UNFC ၏ အဖွဲ့ဝင် အဖြစ်မှနုတ်ထွက်ရန်ကိုမူ မဆုံးဖြတ်ရသေးဟု UNFC ညီလာခံ တက်ရောက်နေသည့် KNU အဖွဲ့၏အထွေထွေ အတွင်းရေးမှူးပဒိုကွယ်ထူးဝင်းက ပြောသည်။
“UNFC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်တယ် ဆိုတဲ့ အဲဒီ့အဆင့်ထိတော့မရောက်သေးပါဘူး၊ အဲလိုတော့ မဆုံးဖြတ်ပါဘူး၊လက် ရှိ နိုင်ငံရေးအခင်းအကျင်းနဲ့ ၊ စုဖွဲ့မှုကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်၊ပူးပေါင်း လုပ်ဆောင်တဲ့ နေရာမှာ Top-Down (ဗဟို ဦးစီးမှု စနစ်) ပုံစံမဟုတ်ဘဲနဲ့ Parallel (မျဉ်းပြိုင် အဆင့်တူ ပါဝင်မှု) ပုံစံနဲ့ အဲလိုလုပ်သွားဖို့တော့ အမြင်ရှိတယ်” ဟု ပဒိုကွယ်ထူး ဝင်းက မဇ္ဈိမကိုပြောသည်။

UNFC နှင့် ပြည်တွင်းအင်အားစုများ ငြိမ်းချမ်းရေးအတွက် ပူးပေါင်းမည်

(Mizzima)

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)နှင့် ပြည်တွင်း ဒီမိုကရေစီအင်အားစုအဖွဲ့အစည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြန်အလှန်ဆက်စပ်မှု ရှိ/မရှိ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးမှုအပြီး သြဂုတ် ၃၀ ရက်တွင် ကြေညာချက်ထုတ် ပြန်လိုက်သည်။

ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ပေါ်ပေါက်ရေးနှင့် ဒီမိုကရက်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် မိမိတို့ အင်အားစုများအကြား အပြန်အလှန်ဆက်စပ်မှု ရှိ၊ မရှိ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။